ဘုန်းမောက်နဲ့ ပရီးမီးယားလိဂ်ပွဲ၊ ဖူလ်ဟမ်နဲ့ ကာရာဘောင်ပွဲတွေ မတိုင်ခင်မှာ ဆိုဘိုစလိုင် အသင်းလေ့ကျင့်ရေးထံ ပြန်လည် ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့်လို့ ကွင်းလယ်လူရဲ့ အခြေအနေ ရာနှုန်းပြည့် မသက်သာရင် အလျင်စလို ပွဲထုတ်သွားမှာ မဟုတ်ပါဘူး။
ဆာလာဟာ လီဗာပူးကို စွန့်ခွာတာမျိုး ဖြစ်လာဖို့က ခက်ခဲကြောင်းနဲ့ အီဂျစ်တိုက်စစ်မှူးဟာ အမြင့်ဆုံး အဆင့်တွေမှာ ဘောလုံး ဆက်ကစားလိုနေတယ်လို့ ဗြိတိန် နာမည်ကျော် သတင်းထောက် David Ornstein က ဆိုပါတယ်။
လီဗာပူး တိုက်စစ်မှူးဟောင်း ဆိုလန်ကီကို ခေါ်ယူနိုင်ဖို့ နယူးကာဆယ်အသင်းက စုံစမ်းနေပေမယ့် ဘုန်းမောက် တောင်းဆိုတဲ့ ပေါင် သန်း ၆၀ ဝန်းကျင်ကို မပေးနိုင်ဘူးလို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ဆိုလန်ကီရဲ့ အပြောင်းအရွှေ့ အကျိုးအမြတ်ကနေ ၂၀% ခံစားခွင့်ရှိထားပါတယ်။
လီဗာပူးအသင်းရဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဉ်ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ယှဉ်ပြိုင်ကစားရပါမယ်။
ဆော်ဒီကလပ် Al Ettifaq အသင်းဟာ အသင်းနဲ့ စာချုပ်ကုန်တော့မယ့် မာတစ် အပြင် ဂိုးမက်စ်ကိုပါ ဒီနွေမှာ လက်မှတ်ထိုး ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ လီဗာပူးရဲ့ အိမ်ကွင်းဂျာစီဟာ ပရိသတ်တွေကြား ရေပန်းစားမှု မြင့်မားနေပါတယ်။ ဂျာစီမှာတော့ အနီရောင်အပြင် ကလပ်ရဲ့ သမိုင်းကြောင်းမှာ ဒွန်တွဲနေတဲ့ ရွှေဝါရောင်ပါ ထည့်သွင်းထားပါတယ်။
Nike have absolutely smashed the Liverpool 24/25 kit out of the park.
This is the kit of reigning Premier League champions 😍pic.twitter.com/3r86xck4Di
— Watch LFC (@Watch_LFC) January 10, 2024
လီဗာပူးအသင်းဟာ ဆာလာ၊ ထရန့်နဲ့ ဗန်ဒိုက်တို့ရဲ့ စာချုပ်ကိစ္စတွေကို ဒီနှစ်ထဲ စတင် စကားပြောတော့မယ်လို့ The Athletic က ဖော်ပြပါတယ်။
ယူရို ၂၀၂၄ မှာ အင်္ဂလန်အသင်းအတွက် ကာတစ်ဂျုံးကို ရွေးချယ်သင့်ကြောင်း ထောက်ခံမှုတွေ စတင် တိုးပွှားလာနေပါပြီ။
လိဂ်ဝမ်းကလပ် ဝီဂန်အသင်းဟာ လီဗာပူး ဘယ်အစွန်လူ လုခ်ချမ်ဘာကို ရာသီဝက် အငှားခေါ်ယူလိုနေပါတယ်။