ဘာပေလုပ်ခ ပေါင် ၁.၂၄ သန်း၊ လီဗာပူးကို နည်းပြချင်ခဲ့တာ ဝန်ခံတဲ့ အဲရစ်ဆင်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆင်က သူဟာ လီဗာပူးအသင်း အမာခံပရိသတ်ဖြစ်ကြောင်းနဲ့ လီဗာပူးကို နည်းပြခွင့်ရဖို့ အမြဲတမ်း မျှော်လင့်ခဲ့သူပါလို့ ဝန်ခံလိုက်ပါတယ်။

အင်္ဂလန်နည်းပြဟောင်းဟာ ကင်ဆာကြောင့် ၁ နှစ်လောက်ပဲ အသက်ရှင်တော့မယ်လို့ ကိုယ်တိုင် ထုတ်ဖော်ထားခဲ့တာ ဖြစ်ပါတယ်။

အမ်ဘာပေဟာ တစ်ပတ်လုပ်ခကို ပေါင် ၁.၂၄ သန်း ရလိုတာဖြစ်ပြီး အဲ့ပမာဏကို လီဗာပူးအသင်း ပေးချေနိုင်မှာ မဟုတ်ဘူးလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။

ဖေဖော်ဝါရီလ အကုန်မှာ လီဗာပူးအသင်းဟာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဘဏ္ဍာရေး ရှင်းတမ်းကို ထုတ်ပြန်မှာဖြစ်ပြီး ကလပ်ရဲ့ အကျိုးအမြတ် စာရင်းကို သိခွင့်ရတော့မှာ ဖြစ်ပါတယ်။

မန်စီးတီးကွင်းလယ်လူကတော့ ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှုမှာ သူတို့ရဲ့ အဓိက ပြိုင်ဘက်အဖြစ် လီဗာပူးလိုပဲ မြင်ကြောင်းနဲ့ လီဗာပူးဟာ ပြီးခဲ့တဲ့ နှစ်တွေမှာ ဆုဖလား အောင်မြင်မှု အတွေ့အကြုံရှိ အသင်းဖြစ်တယ်လို့ ထုတ်ပြောပါတယ်။

ဟူးစီးတီးထံ ရောက်ရှိသွားပြီဖြစ်တဲ့ ကာဗာရိုဟာ ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်လိုစိတ် မရှိခဲ့ဘူးလို့ လိုက်ဇစ် အားကစားဒါရိုက်တာက ပြစ်တင်မှု ပြုလုပ်လိုက်ပါတယ်။

ဒီဇင်ဘာလအတွက် ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး သွင်းဂိုးရှင်ဆုကို မာကာက ရရှိပါတယ်။

ပြင်သစ်ကလပ် USL Dunkerque အသင်းမှာ အငှားထွက်နေတဲ့ ခံစစ်မှူး ကိုမတ်တီယိုဟာ လေ့ကျင့်ရေးတွေမှာ ဖယ်ထုတ်ခံထားရတာကြောင့် ရာသီဝက်မှာတင် လီဗာပူးအသင်းထံ ပြန်လာရနိုင်ပါတယ်။

အကယ်ဒမီ တိုက်စစ်မှူး ပေါလ် ဂလေဇယ်ဟာ လိဂ်တူးကလပ် Swindon Town အသင်းထံ အပြီးသတ် စာချုပ်ဖြင့် ပြောင်းရွှေ့သွားပြီ ဖြစ်ပါတယ်။