

အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆန်ဟာ ကင်ဆာကြောင့် ၁ နှစ်လောက်ပဲ နေရတော့မှာဖြစ်လို့ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ လီဗာပူးအသင်းကို နည်းပြခွင့်အား ဖြည့်စည်းပေးဖို့ရာ မတ်လမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူး ဂန္တဝင်နဲ့ အေဂျက် ဂန္တဝင်ပွဲမှာ သူ့ကိုယ် ကိုင်ခွင့်ပေးဖို့ ပရိသတ်တွေက တောင်းဆိုနေပါတယ်။
မန်စီးတီးအသင်းဟာ သူတို့ရဲ့ လက်ကျန်ပွဲစဉ်အဖြစ် နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၃ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးနဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာကို ပြန်တက်လာပါတယ်။
ဝက်စ်ဟမ်းတိုက်စစ်မှူး အန်တိုနီယိုကတော့ လူမှုကွန်ယက်ပေါ်မှာ သူနဲ့ လီဗာပူးပရိသတ်တွေကြား အချေအတင်ဖြစ်ထားမှုတွေကြောင့် ဒီရာသီ ပရီးမီးယားလိဂ်ကို အာဆင်နယ်နဲ့ မန်စီးတီး နှစ်သင်းထဲက တစ်သင်းပဲ ရစေချင်တယ်လို့ ထုတ်ပြောသွားပါတယ်။
လီဗာပူးပရိသတ်တွေဟာ ဆိုဘိုစလိုင်အတွက် သီချင်းတစ်ပုဒ်ကို သီဆိုပေးလာကြပြီ ဖြစ်ပါတယ်။ Amy Macdonald ရဲ့ ‘This Is the Life’ သီချင်း သံစဉ်ကို စာသားပြန်ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။
🎶 🇭🇺 New song for Dominik Szoboszlai pic.twitter.com/5W97X9INyP
— This Is Anfield (@thisisanfield) January 12, 2024
ယူ-၁၈ ပြိုင်ပွဲတစ်ခုအတွင်း လီဗာပူး လူငယ်လေးတွေရဲ့ သွင်းဂိုးဟာ ဘာစီလိုနာ အကောင်းဆုံးခေတ်တုန်းက ကစားဟန်ကို ပြန်မြင်ရသလိုပါပဲလို့ ချီးကျူးခံနေရပါတယ်။
The team move. The finish. 😮💨 pic.twitter.com/CEPEguZSd6
— Liverpool FC (@LFC) January 13, 2024
ဒူးဒဏ်ရာရထားတဲ့ ထရန့်ကို မီလန်မှာလုပ်တဲ့ ဖက်ရှင်ရှိုးတစ်ခုမှာ အဆင်ပြေပြေနဲ့ပဲ မြင်ခဲ့ရပါတယ်။ အခြားသော လီဗာပူးကစားသမားတွေကလည်း နားရက်တွေ ရထားကြကာ မာကာကိုယ်တော့ ဒူဘိုင်းမှာ မြင်ထားရပါတယ်။
လီဗာပူးနဲ့ ဘရိုက်တန်တို့ဟာ အသက် ၂၀ အရွယ် ခံစစ်မှူး Kevin Mantilla ကို အပြိုင်လိုက်နေကြပြီး ပြီးခဲ့တဲ့ ၄ လလုံး ကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာ မှတ်တမ်းတွေကို တောင်းယူထားကြပါတယ်။
၂၀၂၂ တုန်းက လီဗာပူးအသင်းဟာ ဒီဘရိုင်းပါဝင်တဲ့ မန်စီးတီးကို ယှဉ်ပြိုင်ကစားပြီး ပိုသာတဲ့ ဘောလုံးပိုင်ဆိုင်မှု ကစားဟန်ကို ပြသနိုင်ခြင်းဟာ သီယေဂိုကြောင်း ဖြစ်ကြောင်း ထောက်ပြမှု ထွက်ပေးနေပါတယ်။ ဒါကြောင့် ဒုတိယရာသီဝက် သီယေဂို ပြန်သက်သာလာဖို့ဟာ အသင်းရဲ့ ကွင်းလယ်အတွက် အရေးကြီးပါတယ်။