မန်စီးတီးရဲ့ အဓိက ဖလားစိန်ခေါ်ဘက်ဟာ လီဗာပူးပါလို့ စီးတီး ကွင်းလယ်လူ ရိုဒရီ ထုတ်ပြော

မန်စီးတီး ကွင်းလယ်လူ ရိုဒရီက ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို သူတို့အသင်းနဲ့ ယှဉ်ပြိုင်မယ့် အဓိက ပြိုင်ဘက်ဟာ လီဗာပူးအသင်းပါလို့ ထုတ်ပြောလာပါတယ်။

၂၀၂၄ ခုနှစ်မှာ လက်ရှိ ပရီးမီးယားလိဂ်ကို ဦးဆောင်နေတဲ့ လီဗာပူးနဲ့ ချန်ပီယံ ကာကွယ်လိုနေတဲ့ မန်စီးတီးကြား ရမှတ် ကွာဟချက်က ၂ မှတ်ပဲ ရှိထားတာ​ ဖြစ်ပါတယ်။ ဒါကြောင့် အတိတ်တုန်းကလို လီဗာပူးနဲ့ စီးတီးတို့ အပြိုင် ပြေးကြမယ့် လိဂ်ပြိုင်ပွဲ ဖြစ်လာဖွယ် ရှိပါတယ်။

ရိုဒရီက “ ကျနော်တို့ရဲ့ စစ်မှန်တဲ့ ပြိုင်ဘက်ဟာ လီဗာပူးပဲ ဖြစ်ပါတယ်။ သူတို့အသင်းက ပြီးခဲ့တဲ့ နှစ်တွေမှာ ဆုဖလားအောင်မြင်မှု အတွေ့အကြုံရှိအသင်း ဖြစ်ပါတယ်။

မနှစ်တုန်းက အာဆင်နယ်ကလည်း ဆုဖလား စိန်ခေါ်ပြခဲ့တယ်။ ဒီရာသီမှာတော့ မနှစ်က မရှိထားတဲ့ အတွေ့အကြုံမျိုး သူတို့မှာ ရှိနေပါပြီ။ ဗီလာကလည်း အခုမှ စတင် စိန်ခေါ်လာတာ ဆိုပေမယ့်လို့ ပြင်းထန်တဲ့ ရည်မှန်းချက်တွေ ရှိနေတဲ့ အသင်းဖြစ်ပါတယ်။

ပထမဆုံးအကြိမ် ယှဉ်ပြိုင်ရတာက မလွယ်လှပါဘူး။ ဒါပေမယ့် ဗီလာ ဘာလုပ်နိုင်မလဲ မသိနိုင်သေးပါဘူး။ စပါးကလည်း သိပ်ကောင်းကောင်း ကစားနေတယ်။

အသင်းတွေ အများကြီးရဲ့ ကောင်းကွက်တွေကို ကျနော် ထုတ်ပြောလို့ရပေမယ့် ပရီးမီးယားလိဂ်ကိုတော့ မန်စီးတီးပဲ အနိုင်ရမယ်လို့ ကျနော် ရွေးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။