ဒီအပတ်မှာ လီဗာပူးအသင်း လေ့ကျင့်ရေးတွေ ပြန်လည် စတင်တော့မှာပါ။ လက်တလော ဒဏ်ရာရနေတဲ့ ကစားသမားတွေရဲ့ နောက်ဆုံးရ အခြေအနေတွေကို ဖော်ပြသွားပါမယ်။
Dominik Szoboszlai
ဟန်ဂေရီ ကွင်းလယ်လူ ဆိုဘိုစလိုင်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် အသင်းကစားခဲ့တဲ့ နောက်ဆုံး ၂ ပွဲမှာ ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။ သူ ဘယ်အချိန် ပြန်လာမလဲဆိုတာကို ကလပ်ဘက်က သတင်းထုတ်ပြန်ပေးခြင်း မရှိပါဘူး။
ဆိုဘိုစလိုင်ဟာ အခုချိန်ထိ လီဗာပူးအသင်းနဲ့ လေ့ကျင့်ရေး အပြည့် ပြန်ဝင်နိုင်ခြင်း မရှိသေးပေမယ့် ဇန်နဝါရီလ ၂၁ ရက်နေ့မှာ ယှဉ်ပြိုင်ရမယ့် ဘုန်းမောက်ပွဲကြို လေ့ကျင့်ရေးမှာတော့ ပြန်ပါလာနိုင်မယ်လို့ ကလပ်နဲ့ နီးစပ်သူတွေရဲ့ ဖော်ပြချက်မှာ ပါရှိပါတယ်။
Trent Alexander-Arnold
ထရန့်ကတော့ ဒဏ်ရာကြောင့် အနားယူနေရချိန် ကြားရက်တုန်းက ဗီလန်မြို့ကိုသွားပြီး Dolce & Gabbana ဖက်ရှင်ရှိုးပွဲကို တက်ရောက်ထားတာမျိုး မြင်ထားရပါတယ်။ ဒူးဒဏ်ရာ ရနေတဲ့ ထရန့်ဟာ သတင်းပတ် အနည်းငယ် အနားယူရမှာဖြစ်ပြီး ဖေဖော်ဝါရီလ အလယ်နဲ့ အကုန်လောက်မှာ သက်သာလာနိုင်ပါတယ်။
Robertson & Tsimikas
ကိုစတက်နဲ့ ဆီမီကတ်စ်တို့ ဒဏ်ရာတွေကနေ ပြန်သက်သာလာနေပြီ သိပ်မကြာခင် လေ့ကျင့်ရေး ပြန်ဝင်နိုင်မှာ ဖြစ်ပါတယ်။ ရော်ဘတ်ဆန်က ဒူဘိုင်းမှာ တစ်ပတ်ကြာ လေ့ကျင့်ရေး သွားဝင်မှာဖြစ်ပြီး ဆရာဝန်က ခွင့်ပြုတာနဲ့ အသင်းနဲ့ ပြန်ပြီး ပူးပေါင်းမှာ ဖြစ်ပါတယ်။ ကိုစတက်ကလည်း ရိုဘိုနည်းတူ ဖေဖော်ဝါရီလ အစပိုင်းမှာ ပြန်ပူးပေါင်းဖို့ ရှိနေပါတယ်။
Thiago & Bajcetic
ဒီရာသီမှာ ဘောလုံးမကစားနိုင်သေးတဲ့ သီယေဂိုနဲ့ ဒဏ်ရာ ပြန်ရခဲ့တဲ့ ဘာ့ဂျ်ဆီတစ်တို့ ဒီလထဲမှာ အသင်းရဲ့ လေ့ကျင့်ရေးထဲ ပြန်ဝင်လာနိုင်မှာပါ။ တိုးတက်မှု အခြေအနေကို စောင့်ကြည့်မှာဖြစ်ပြီး ပွဲနေ့ ကြံ့ခိုင်မှုကိုတော့ ဖေဖော်ဝါရီလလောက်မှ ပြန်ရနိုင်မယ်လို့ သိရပါတယ်။
Matip & Ben Doak
မာတစ်ဟာ သူ့ရဲ့ ACL ဒဏ်ရာကြောင့် ရာသီကုန်ထိ အနားယူရပြီ ဖြစ်ပါတယ်။
လူငယ်တိုက်စစ်သမား ဗန်ဒုတ်ကလည်း ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေရကာ ၂၀၂၄ နွေလောက်မှ ပြန်ပါလာနိုင်ဖွယ် ရှိနေပါတယ်။