ရိုဘို ပြန်လာတော့မည်၊ သီယေဂိုကို ခေါ်ယူမယ့် ဘရာဇီးကလပ်၊ ရမ်ဆေး ပြန်ရောက်လာခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ရော်ဘတ်ဆန်ဟာ ဒူဘိုင်းမှာ လေ့ကျင့်မှု အဆင်ပြေခဲ့ပြီး လာမယ့် အပတ်အတွင်း လီဗာပူးအသင်းနဲ့အတူ ပြန်ပူးပေါင်းတော့မှာဖြစ်ကြောင်း အင်စတာဂရမ်ကနေ အသိပေးသွားပါတယ်။

လီဗာပူးအသင်းဟာ အသက် ၁၈ နှစ်အရွယ် ပြင်သစ်ကြယ်ပွင့် ခံစစ်မှူး Leny Yoro ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့နဲ့အပြိုင် သတင်းထွက်လာပါတယ်။

လီဗာပူးဘက်က ရာသီကုန်ရင် သက်တမ်းတိုးမှာ မဟုတ်တဲ့ သီယေဂိုကို ဘရာဇီးကလပ် ဖလာမင်ဂို အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အာဆင်နယ် ကွင်းလယ်လူ ဒီကလန်ရိုက်စ်က ဂျရတ် ဒါမှမဟုတ် လမ်းပတ် တစ်ဦးဦးနဲ့ တွဲကစားခွင့်ရမယ်ဆိုရင် ဂျရတ်ကိုပဲ ရွေးချယ်မှာပါလို့ ထုတ်ပြောပါတယ်။

ဂျပန်အသင်း အုပ်စုအဆင့်က ပြုတ်သွားရင် ပျော်မိမှာပါဆိုတဲ့ ကလော့ပ်ရဲ့ ပြောဆိုမှုဟာ ဟာသသဘောဖြစ်ပြီး ဒါက သူ့ကို ဘယ်လောက်ထိ တန်ဖိုးထားလဲ ပေါ်လွင်တာမို့ သိပ် ဂုဏ်ယူတယ်လို့ အန်ဒိုက ထုတ်ပြောပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းထံ အငှားချထားတဲ့ ညာအစွန်လူ ကယ်ဗင် ရမ်ဆေးကို အသင်းထံ ပြန်လည် ခေါ်ယူလိုက်ပါတယ်။

စပါးအသင်းမှာ ဒဏ်ရာရ ကစားသမားတွေ မရှိခဲ့ရင် လီဗာပူးရဲ့ အထက်က ရပ်တည်နိုင်လောက်ပြီလို့ ဂယ်ရီနဗီးရဲ့ သုံးသပ်ချက်ဟာ လူမှုကွန်ယက်မှာ ပွဲဖြစ်နေပါတယ်။ အတော်များများကတော့ ဝေဖန်တတ်တိုင်း အလုပ်မဖြစ်ဘူးဆိုတာ နဗီးက သက်သေပဲလို့ တုန့်ပြန်နေကြပါတယ်။

ဖီဖာအကောင်းဆုံး ကစားသမားဆုကို မက်ဆီရခဲ့ခြင်းမှာ ဗန်ဒိုက်၊ ရိုဘို၊ ဆာလာတို့ လက်ရွေးစင် အသင်းခေါင်းဆောင်တွေအဖြစ် အာဂျင်တီးနား အသင်းခေါင်းဆောင်ကို မဲပေးခဲ့ကြမှုကြောင့်လို့ ဖော်ပြခံနေရပါတယ်။