ပရီးမီးယားလိဂ် ဒိုင်အဖွဲ့ရဲ့ အကြီးအကဲ ဟောင်းဝပ် ဝဘ်ကတော့ ဒီဇင်ဘာလတုန်းက လီဗာပူးနဲ့ အာဆင်နယ်ပွဲမှု အိုဒီဂတ်ရဲ့ လက်ထိမှုဟာ ရည်ရွယ်ချက်ပါခဲ့တာမို့ ပင်နယ်တီ ပေးရမှာဖြစ်ကြောင်းနဲ့ VAR က မှားယွင်းစွာ ဆုံးဖြတ်ခဲ့ပါတယ်လို့ ဝန်ခံပါတယ်။
လီဗာပူးအသင်းဟာ ချယ်ဆီး ခံစစ်မှူး လီဗီ ကိုးဝဲလ်ကို အသင်းရဲ့ ခံစစ် ပစ်မှတ်အဖြစ် စိတ်ဝင်စားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ ပဲလေစ့်အသင်းမှ အိုလီဆီနဲ့ လိဒ်စ်ယူနိုက်တက်မှ Summerville တို့နှစ်ဦးကို ကလပ်ရဲ့ စောင့်ကြည့် ကစားသမား စာရင်းထဲ ထည့်သွင်းထားပါတယ်။
ဟန်ဒါဆန်ဟာ ဆော်ဒီပရိုလိဂ်ကနေ ထွက်ခွာဖို့ အလေးအနက် စဉ်းစားနေပြီဖြစ်ကာ အင်္ဂလန်လိဂ်ကို ပြန်လာဖို့ ဆန္ဒပြင်းပြနေပါတယ်။
၂၀၂၄-၂၀၂၅ ဘောလုံးရာသီ လီဗာပူးအသင်းရဲ့ အဝေးကွင်း ဂျာစီ ဗီဒီယို တစ်ခု ထွက်ပေါ်နေပါတယ်။
Wow the Liverpool 24/25 Away kit is CLEAN. 🥶 pic.twitter.com/bgmA3veYDj
— – (@JoshLFC1909) January 16, 2024
မကြာခင် သီတင်းပတ်တွေအတွင်း မန်စီးတီးအသင်းရဲ့ ဘဏ္ဍာရေး ချိုးဖောက်မှု စွဲချက်တွေကို ဘယ်လို အရေးယူမလဲ ကိစ္စတွေကို တရားဝင် ကြေညာမှု ထုတ်ပြန်ဖို့ ပရီးမီးယားလိဂ်က ရည်ရွယ်လာပါတယ်။
အသက် ၁၈ နှစ်အရွယ် ဆွီဒင် လူငယ်တိုက်စစ်မှူး Momodou Sonko ကတော့ လီဗာပူးက အလိုရှိရင် သူ အန်ဖီးထံ ပြောင်းလာလိုတယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။
လီဗာပူးအသင်းဟာ ကစားသမား ခေါ်ယူရေးဆိုင်ရာ အဖွဲ့အတွက် ရင်းနှီးမြုပ်နှံမှုအဖြစ် ကင်းထောက်နဲ့ အေးဂျင့် အဆက်အသွယ်တွေမှာ ဆက်ဆံရေးကောင်း များစွာ တည်ဆောက်ထားတယ်လို့ သိရပါတယ်။
လူငယ် တိုက်စစ်မှူး ဗန်ဒုတ်ဟာ မကြာခင်မှာ ဒဏ်ရာက ပြန်သက်သာလာနိုင်ပါတယ်။ သူဟာ ဒူးဒဏ်ရာကြောင့် အနားယူနေရတာဖြစ်ပြီး ကာလရှည် ဒဏ်ရာလို့ သိထားရတာပါ။