အာဖရိကဖလား ပြိုင်ပွဲမှာ အီဂျစ်အသင်းအတွက် ကစားပေးရင်း ဆာလာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာမို့ ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။
ဆာလာ ဒဏ်ရာ ဘယ်လောက် ပြင်းထန်လဲဆိုတာကို အခုချိန်ထိ မသိရသေးပါဘူး။ သူက ပွဲအပြီးမှာ မီဒီယာတွေ့ဆုံ ဖြေဆိုမှု မလုပ်ထားသလို အီဂျစ်ဘက်ကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
အီဂျစ်မန်နေဂျာကတော့ “ ဆာလာရဲ့ အခြေအနေ မပြင်းထန်ဖို့ မျှော်လင့်ပေမယ့် လက်တလော မသိရသေးပါဘူး။ ဒဏ်ရာအကြောင်း သိဖို့က စောနေပါတယ်။ မပြင်းထန်ဘူးလို့ ကျနော် ထင်ပါတယ်။ သူ သက်သာလာမလား စောင့်ကြည့်တာပေါ့ ” လို့ ဖြေဆိုသွားပါတယ်။
လီဗာပူးသတင်းဌာနအချို့ကတော့ ဆာလာရဲ့ ဒဏ်ရာဟာ ကံကောင်းရင် ရက်ပိုင်းနဲ့ ကံဆိုးရင် ၈ ပတ် အနားယူရမယ်လို့ ဆိုပါတယ်။ ဒဏ်ရာ အခြေအနေပေါ် မူတည်ပြီး ဆာလာဟာ အာဖရိကဖလားမှာ ဆက်လက် ပါဝင်နိုင်ခြင်း မရှိဘဲ လီဗာပူးကို ပြန်ရောက်လာနိုင်ပါတယ်။
ထရန့် ဒဏ်ရာရနေတာမို့ ဒီအပတ် ဘုန်းမောက်နဲ့ပွဲမှာ ကော်နာ ဘရတ်ဒလေ ပရီးမီးယားလိဂ် ပွဲထွက်ခွင့်ရရှိမယ်လို့ သိရပါတယ်။
ဆိုဘိုစလိုင်ဟာ ဒဏ်ရာကနေ အကောင်းဆုံး ပြန်သက်သာလာဖို့ အချိန်ယူဖွယ်ရှိကာ ဘုန်းမောက်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖွယ် မရှိပါဘူး။
နယူးကာဆယ် တိုက်စစ်မှူး အိုင်ဆက်ကတော့ ပရီးမီးယားလိဂ် အဝေးကွင်းတွေထဲမှာ ကစားရခက်ခဲတဲ့ ကွင်းအဖြစ် အန်ဖီးကို ရွေးချယ်ပါတယ်။
ချန်ပီယံရှစ်ကလပ် ဟူးစီးတီထံ အငှားထွက်နေတဲ့ ကာဗာရိုဟာ နည်းပြထံက ချီးကျူးမှုကို ရရှိနေကာ ပုံမှန်ပွဲကစားခွင့် ဆုပ်ကိုင်နိုင်မယ့် အနေအထားမျိုး ရှိနေပါတယ်။
မက်ကယ်လစ္စတာက သူ လီဗာပူးကို ရောက်လာတာ ၆ လပဲ ရှိသေးပေမယ့် လီဗာပူးတက်တူး တစ်ခု ထိုးထားခဲ့ပြီးပြီဖြစ်ကြောင်းနဲ့ အသင်းမှာ နှစ်ရှည်နေလို့ကြောင်း ထုတ်ပြောပါတယ်။
လီဗာပူးအသင်းဟာ နယ်သာလန်ကလပ် ဖီယင်နုအသင်းမှ ခံစစ်မှူး David Hancko ကို ချိတ်ဆက်မှု ပြုလုပ်ခဲ့တယ်လို့ ကစားသမားရဲ့ အေးဂျင့်က အတည်ပြုပါတယ်။