ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေ၊ ချန်ပီယံရှစ်မှာ ဂိုးစသွင်းတဲ့ ကာဗာရိုနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

မိုဆာလာဟာ အီဂျစ်အသင်းရဲ့ အာဖရိကဖလား အုပ်စုအဆင့် နောက်ဆုံးပွဲနဲ့ ရှုံးထွက်ကို တက်ရောက်နိုင်ခဲ့မယ်ဆိုရင် ၁၆ သင်းအဆင့် ပွဲစဉ်တွေကို လွဲချော်မယ်လို့ သိရပါတယ်။

ဂျပန်အသင်းက အီရတ်ကို ၂-၁ ဖြင့် ရှုံးနိမ့်တဲ့ပွဲမှာ အန်ဒိုက နောက်ကျ ခြေပဂိုး ရယူပေးခဲ့ပါတယ်။ ပွဲကို ရှုံးနိမ့်ပေမယ့် ဂျပန်တို့ ရှုံးထွက်တက်နိုင်ဖွယ် ရှိနေဆဲ ဖြစ်ပါတယ်။

ရော်ဘတ်ဆန်၊ ထရန့်နဲ့ ဆိုဘိုတို့ဟာ ဒီအပတ်ပွဲမှာ မပါနိုင်သေးပေမယ့် အခြေအနေ ကောင်းမွန်နေကြပြီ ဖြစ်ပါတယ်။

ကင်ဆာရောဂါ ခံစားနေရပြီး အချိန် တစ်နှစ်ပဲကျန်တော့မယ့် လီဗာပူးအမာခံပရိသတ်နဲ့ အင်္ဂလန်နည်းပြဟောင်း အဲရစ်ဆန်ကို အက်ဆာ လေ့ကျင့်ရေးကွင်းထံ အလည်လာဖို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က ဖိတ်ခေါ်ခဲ့ပါတယ်။

ကာဗာရိုဟာ ဟူးစီးတီးအသင်းအတွက် ပွဲထွက်ကစားပေးနိုင်ခဲ့သလို ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရရှိတဲ့ထိ ခြေစွာခဲ့ပါတယ်။ ကာဗာရိုရတဲ့ သွင်းဂိုးအတွက် ဂိုးထောက်ပံ့ပေးသူက တေလာ မော်တန် ဖြစ်ပါတယ်။

အယ်လီဆန်နဲ့ ဗန်ဒိုက်တို့ဟာ EASPORTSFC ရဲ့ တစ်နှစ်တာ အကောင်းဆုံးအသင်းထဲ ပါဝင်ခဲ့ကြပါတယ်။

လီဗာပူး၊ ရီးရဲလ်မက်ဒရစ်လို ထိပ်တန်းအသင်းတွေထံ ပြောင်းရွှေ့လိုတဲ့ အန်နာဆီယိုဟာ ဇန်နဝါရီစျေးကွက်အတွင်း နယူးကာဆယ်အသင်းထံက ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ဂျိမ်းမက်ကော်နယ်ဟာ လီဗာပူးအသင်းနဲ့ ကာလရှည် စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီ ဖြစ်ပါတယ်။

အေဂျက်ကို ရောက်သွားခဲ့တဲ့ ဟန်ဒါဆန်ကတော့ ဆော်ဒီပရိုလိဂ်ထံ ပြောင်းဖို့ ရွေးချယ်ခြင်းဟာ သူ့မှားခဲ့တယ်လို့ ယူဆကြရင်လည်း ယူဆနိုင်ပါတယ်လို့ တုန့်ပြန်ပါတယ်။