ဆာလာ၊ ထရန့်၊ ဆိုဘိုတို့ မပါဝင်နိုင်မယ့် ဘုန်းမောက်ပွဲမှာ ကလော့ပ် ထုတ်သုံးလာဖွယ်ရှိတဲ့ ပွဲထွက် လူစာရင်း

မနက်ဖြန် တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ရလဒ်တွေ ကောင်းမွန်သလို ပုံစံကောင်းပြနေတဲ့ ဘုန်းမောက်အသင်းနဲ့ ယှဉ်ပြိုင်ရပါမယ်။

ဒီပွဲဟာ လီဗာပူးအသင်း လူအင်အား အနည်းဆုံးဖြင့် ယှဉ်ပြိုင်ရမယ့် အဝေးကွင်းပွဲစဉ် ဖြစ်ပါတယ်။ ဒီပွဲအပြီး ဖလားပွဲတွေကို ကျော်ဖြတ်ပြီးရင် ထရန့်၊ ဆိုဘို၊ ရိုဘိုတို့ ပြန်သက်သာလာပြီး သီယေဂိုတောင် လေ့ကျင့်ရေး ဝင်နိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီပွဲကို အနိုင်ဖြင့် ကျော်ဖြတ်ပြဖို့ လိုပါတယ်။

Team news

ထရန့်နဲ့ ဆိုဘိုစလိုင်တို့ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဖူလ်ဟမ်နဲ့ ကာရာဘောင်း ဆီမီးဖိုင်နယ် ဒါမှမဟုတ် အဲ့နောက်ပိုင်းပွဲမှာ ပါဝင်နိုင်ပါတယ်။

အန်ဒီ ရော်ဘတ်ဆန်ဟာ ဒဏ်ရာကနေ ပြန်သက်သာလာဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။

Liverpool’s XI vs. Bournemouth

နည်းပြကလော့ပ်ဟာ ပြီးခဲ့တဲ့ ပွဲအချို့မှာ ဆာလာ မရှိတဲ့ ညာခြမ်း နေရာအတွက် စမ်းသပ်မှုတွေ ပြုလုပ်နေပေမယ့် အကောင်းဆုံးလို့ ယူဆလောက်တဲ့ တည်ငြိမ်မှုမျိုး ရှာမတွေ့သေးပါဘူး။ ဒီယက်စ်ကို ညာခြမ်းမှာ ပို့လိုက်တာက အကောင်းမြင်စရာ တိုးတက်မှုတွေ ရှိထားပါတယ်။

ဒီပွဲမှာ အယ်လီဆန်၊ ဗန်ဒိုက်၊ ကိုနတေးတို့ကို အထိုင်ထားပြီး ဘယ်ခြမ်းက ဂိုးမက်စ်၊ ညာခြမ်းက ဘရတ်ဒလေတို့ကို ထုတ်သုံးဖွယ် ရှိပါတယ်။ ကွင်းလယ်မှာတော့ မက်ကယ်လစ္စတာ၊ ဟာဗေးနဲ့ ဂျူံးတို့ကို တွဲထုတ်လာပါမယ်။ တိုက်စစ်အတွက်ကတော့ ဒါဝင်၊ ဂျိုတာ၊ ဒီယက်စ် အတွဲဖြစ်ပါတယ်။

ဒါဝင်ဟာ အဆုံးသတ် မကောင်းပေမယ့် သူ့ရဲ့ တရစပ် လှုပ်အားတွေနဲ့အတူ ပြိုင်ဘက် ခံစစ်ကို ဖရိုဖရဲဖြစ်စေပါတယ်။ ဒါဝင် ဂိုးမရရင်တောင် လန်းဆန်းတဲ့ ခြေထောက်ပိုင်ရှင်တွေထည့်ပြီး ပြိုင်ဘက်တွေ ပင်ပန်းနေမှုကို အခွင့်အရေးယူဖို့ ကလော့ပ်က စီမံလေ့ရှိပါတယ်။

အမြဲတမ်းတော့ ဒါဝင်ရဲ့ လွဲချော်မှုတွေကနေ လီဗာပူးတို့ ကံကောင်းခြင်းတွေ ရနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒါဝင် အနေနဲ့လည်း အဆုံးသတ်ပိုင်းတွေမှာ ကြိုးစားပေးဖို့ လိုအပ်ပါမယ်။

ဟာဗေးကို ညာခြမ်းကနေ သုံးလို့ ရပေမယ့် လူငယ်ကြယ်ပွင့်လေးဟာ တောင်ပံမှာ ရုန်းကန်ထားရတာကြောင့် ကွင်းလယ်ကပဲ ပွဲထွက်လာမယ် မျှော်လင့်ပါတယ်။