ကတိ တစ်ခုနဲ့အတူ အာဖရိက ဖလားပြိုင်ပွဲကနေ ဆာလာကို ပြန်လည် ခေါ်ယူသွားတော့မယ့် လီဗာပူး

မိုဆာလာဟာ အီဂျစ်နဲ့ ဂါနာတို့ ၂-၂ သရေကျတဲ့ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရရှိခဲ့ပြီး လက်ရွေးစင်ပွဲစဉ် ၂ ပွဲကို လွဲချော်သွားမှာပါ။

လီဗာပူးဘက်ကတော့ ကစားသမားရဲ့ အခြေအနေ အကောင်းဆုံးဖြစ်ဖို့ ရည်ရွယ်ချက်နဲ့အတူ လက်ရွေးစင်အသင်းကနေ အသင်းထံ ပြန်လည် ခေါ်ယူသွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ဆာလာဟာ လီဗာပူးကို ပြန်လာပြီး ဆေးစစ်မှုတွေနဲ့ ပြန်လည် အားဖြည့်ရေး ပရိုဂရမ်တွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

ဆာလာရဲ့ ဒဏ်ရာ မစိုးရိမ်ရဖို့ မျှော်လင့်နေကြပေမယ့် တံကောက်ကြော အခြေအနေဟာ ခပ်ပါးပါးလေးပါလို့ လက်ခံပေးကြဖို့ ခက်ခဲနေပါတယ်။ အသင်းဘက်ကတော့ ဆာလာရဲ့ အခြေအနေကို မစွန့်စားလိုတာကြောင့် ချက်ခြင်းပဲ အက်ဆာကို ပြန်လာခိုင်းခဲ့ပါပြီ။

နည်းပြကလော့ပ်က ရှင်းပြရာမှာ “ ကျနော်တို့ ပလန်လုပ်ထားပါတယ်။ ၁၀၀% အဲ့လိုလုပ်ဖို့လည်း ဆုံးဖြတ်ခဲ့ပါပြီ။ သူဆက်ပြီး မကစားနိုင်ရင် ဘယ်လောက်ကြာကြာ အနားယူရမယ် မသိပေမယ့် ပြန်လည် ကုသမှုကို ကျနော်တို့နဲ့ပဲ လုပ်ရပါလိမ့်မယ်။ ကျနော်တို့ အသင်းက လူတွေနဲ့ပါ။

ဆာလာနဲ့လည်း တိုက်ရိုက် စကားပြောထားပါတယ်။ ကျနော်တို့ ဆရာဝန်နဲ့ ဆာလာ ချိတ်ဆက်မှု လုပ်ထားတယ်။ ဆရာဝန်က ကျနော်တို့ကို သတင်းထူးတွေ ပြောပြပါတယ်။ လီဗာပူးကို ဆာလာ ပြန်လာမှာပါ ” လို့ ဖြစ်ပါတယ်။

နည်းပြကလော့ပ်ကတော့ အသင်းမှာ ဆာလာရဲ့ အခြေအနေကို စောင့်ကြည့်နေတဲ့ ကာလအတွင်း အီဂျစ်အသင်းက အာဖရိကဖလားပြိုင်ပွဲ ဖိုင်နယ်ကို တက်ရောက်နိုင်ရင် ပြန်လွတ်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။

နည်းပြကပဲ “ ကျနော် ဆရာဝန် မဟုတ်တော့ သေချာ မပြောနိုင်ဘူး။ အကယ်လို့ အီဂျစ်အသင်း ဖိုင်နယ်ကို တက်နိုင်ပြီး ဖိုင်နယ် မတိုင်ခင် ဆာလာ ကြံ့ခိုင်နေရင်တော့ သူ ပြိုင်ပွဲအတွက် ပြန်သွားပါလိမ့်မယ် ” လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။