တိုက်စစ်မှူး ဆာလာဟာ ဒဏ်ရာကြောင့် ၂၈ ရက် ဝန်းကျင် အနားယူရမယ်လို့ သိရပြီး ဖေဖော်ဝါရီလအတွင်းမှာ ချယ်ဆီး၊ အာဆင်နယ်ပွဲစဉ်တွေထိ လွဲချော်နိုင်ပါတယ်။
မိုဆာလာဟာ အီဂျစ်အသင်းကို ထားခဲ့ကာ အာဖရိကပြိုင်ပွဲကနေ ထွက်ခွာပြီး ခရီးမထွက်လိုပေမယ့် အကောင်းဆုံးဖြစ်ဖို့ လီဗာပူးနဲ့ တိုင်ပင်ခဲ့ကာ အင်္ဂလန်ထံ ပြန်လာပါမယ်။
မက်ကယ်လစ္စတာကို နံပါတ် ၆ နေရာမှာ သုံးတာဟာ ကလော့ပ် ရွေးချယ်တဲ့ အမှားယွင်းဆုံး နည်းစနစ်ပိုင်း နေရာချမှုလို့ ဝေဖန်သူတွေဟာ သူတို့ အမြင်တွေ မှားခဲ့ပါကြောင်း ပြန်တောင်းပန်ရမယ့်အချိန် နီးကပ်လာပြီလို့ လီဗာပူးသတင်းဌာနတွေက ဖော်ထုတ်လာကြပါပြီ။
"Thank you for mentioning that!" 😂
🎥 Klopp's brilliant reaction to a question about Alexis Mac Allister last night. pic.twitter.com/39myU95BAy
— This Is Anfield (@thisisanfield) January 22, 2024
ကာတစ်ဂျုံးကို အင်္ဂလန်အတွက် ရွေးချယ်ဖို့ နည်းပြဆောက်ဂိတ်ရဲ့ လျာထားစာရင်းထဲ ထည့်ထားကြောင့် သတင်းထွက်နေပါတယ်။
မနှစ်ကရာသီ လီဗာပူးအသင်း ကျဆင်းနေချိန် ကလော့ပ် ပြောခဲ့တဲ့ စကားတွေ ပြန်ထွက်ပေါ်လာနေပါတယ်။ ထိုစဉ်က များစွာ ဝေဖန်ခံခဲ့ရတဲ့ ကလော့ပ်ရဲ့ စကားတွေဟာ အခုချိန်မှာတော့ ခေါင်းဆောင်ကောင်းအဖြစ် ပြန်ပြီး သုံးသပ်ခံနေရပြီ ဖြစ်ပါတယ်။
လီဗာပူးအသင်းရဲ့ ဖလားမျှော်လင့်ချက်တွေဟာ ချယ်ဆီး၊ အာဆင်နယ်တို့ကို ရင်ဆိုင်ရမယ့် သီတင်းပတ်မှာတင် ပြီးဆုံးသွားနိုင်တယ်လို့ ဂန်းနားဟောင်းကြီး ပေါလ်မာဆန်က သုံးသပ်သွားပါတယ်။
ရိုဘို ပြန်သက်သာလာရင်တောင် ဘယ်ခြမ်းမှာ အကောင်းဆုံး ခြေစွမ်းရနေတဲ့ ဂိုးမက်စ်က်ို ကျော်ပြီး နေရာပေးသင့်ရဲ့လား ဆိုတဲ့ အပေါ် သုံးသပ်ကြမှုတွေ ရှိနေပါတယ်။
These adidas videos are on another level 🔥 pic.twitter.com/I4iz4xUINj
— FootballJOE (@FootballJOE) January 22, 2024
လီဗာပူးအသင်းဟာ ဒီရာသီမှာ အကယ်ဒမီထွက် ကြယ်ပွင့်တွေကို ဆက်တိုက် နေရာပေးနေပြီး ဒါဟာ လက်ရှိ ဘောလုံးရာသီအတွက်တင် မဟုတ်ဘဲ ရေရှည်အတွက် အကျိုးဖြစ်စေမယ့် အသုံးချမှုအဖြစ် ထောက်ခံခြင်းတွေ ရနေပါတယ်။
နွေစျေးကွက်အတွက် လီဗာပူး စောင့်ကြည့်နေတဲ့ ကစားသမား အများစုဟာ ၂၃ နှစ်အောက်တွေ ဖြစ်ကြပြီး ထိပ်တန်းအဆင့်ထံ ရောက်နိုင်မယ့် အလားအလာ ရှိသူတွေမျိုးတွေဖြစ်တယ်လို့ သိရပါတယ်။