လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားတွေရဲ့ အခြေအနေကို ဒီအပတ် ကြာသပတေးနေ့ည ကာရာဘောင်း ပွဲကြိုမှာ လက်ထောက်နည်းပြ ပပ်လင်ဒါးက သတင်းကောင်းတွေ ပေးလာခဲ့ပါတယ်။
Robertson
မနေ့ကပဲ အသင်းရဲ့ လေ့ကျင့်ရေးမှာ ရော်ဘတ်ဆန် ပြန်ပြီး ပါဝင်ခဲ့ပါတယ်။ အခုက သူ ဒဏ်ရာကြောင့် နားခဲ့ရတာ ၁၃ ပတ်ရှိပါပြီ အပြည့်အဝ ပြန်ပြီး လေ့ကျင့်ဖို့ အချိန်ကျပါပြီ။ ပြန်လည် ထူထောင်ရေး နောက်ဆုံးအဆင့်ကို အပြင်းအထန် ကြိုးစားခဲ့ပြီး အသင်းနဲ့ ပြန်ပြီး လေ့ကျင့်နေပြီဖြစ်ပါတယ်။
ဖူလ်ဟမ်ကွင်းထံ ထွက်ခွာမယ့် ခရီးစဉ်မှာ ရိုဘို ပါဝင်ပါမယ်။
Jones
ပွဲတွေအများကြီး ကစားရပြီး အသင်းမှာ အချိန်အကြာကြီး ရှိနေရင် ဒဏ်ရာ သေးသေးလေးတွေတော့ ရတတ်တာပါပဲ။ တံကောက်ကြော အရွတ်မှာ တင်းမာမှုရှိတာတွေလည်း ဖြစ်ထားပါတယ်။ ပြီးခဲ့တဲ့ ပွဲက ထိတွေ့ခဲ့မှုကနေတော့ သူ ဘာဒဏ်ရာမှ မရထားပါဘူး။
ဘုန်းမောက်ကို ၃-၀ လောက် အနိုင်ရနေတဲ့ ပွဲအတွင်းမှာ ကြိုတင် ကာကွယ်တဲ့ အနေနဲ့ သူ့ကို လူစားလဲခဲ့တာပါ။
Alexander-Arnold
ပြန်လည် ထူထောင်ရေးကိစ္စတွေကို ထရန့် အဆင်ပြေပြေ ကျော်ဖြတ်နေပါတယ်။ လာမယ့် အပတ်တွေအတွက် သူက ဘယ်လောက်ထိ အရေးကြီးတဲ့ ကစားသမားလဲ သိထားပါတယ်။ ဒီအပတ်အကုန်ကစလို့ ထရန့်က အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်တော့မှာပါ။ နော်ဝစ်ချ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်မှာ သူပြန်ပါဝင်လာနိုင်မယ် မျှော်လင့်ပါတယ်။
Szoboszlai
မနေ့တုန်းက ဒွန် အသင်းနဲ့အတူ လေ့ကျင့်ရေး ဆင်းခဲ့ပါတယ်။ ပွဲငယ်လေးရယ်၊ တစ်ချက်ထိတွေရယ်မှာ သူပါဝင် ကစားခဲ့ပါတယ်။ အခြေအနေ ကောင်းပါတယ်။ သူ အဆင်သင့်ဖြစ်နေပေမယ့် ဖူလ်ဟမ်ပွဲကတော့ စောပါသေးတယ်။ ဘာမှ အမှားအယွင်း မရှိရင် နော်ဝစ်ချ်ပွဲကျ အဆင်သင့်ဖြစ်နေပါလိမ့်မယ်။
Tsimikas
ကိုစတက်ရဲ့ ဒဏ်ရာ ခွဲစိတ်ထားတာ ၄ ပတ်လောက်ရှိပါပြီ။ သူ နောက်ထပ် ၂ ပတ်လောက် အနားယူရပါမယ်။ သူ့အရိုးတွေ သန်သန်မာမာ ပြန်ဖြစ်လာရင် အသင်းနဲ့အတူ လေ့ကျင့်ရေး ပြန်ဝင်ပါမယ်။