ဖူလ်ဟမ်ကို ကျော်ရင် ချယ်ဆီးနဲ့ ဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဖို့ရှိခြင်း၊ မှတ်တမ်းရုပ်ရှင် ရိုက်ဖို့ ပြင်ဆင်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလာကို လီဗာပူးထံ ပြန်လွှတ်ပေးရမှာ သဘောမကျပေမယ့် ဒါက အကောင်းဆုံး ရွေးချယ်စရာပါလို့ အီဂျစ်အသင်းရဲ့ ဆရာဝန်က ထုတ်ပြောလာပါတယ်။

ချယ်ဆီးအသင်းဟာ မယ်ဒယ်ဘရော့ကို ဒုတိယအကျော့မှာ ၆-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ကာရာဘောင်း ဖိုင်နယ်ထံ တက်ရောက်သွားပါပြီ။

ဒီကနေ့ည ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် လီဗာပူးအသင်းဟာ ဒီရာသီ ပထမဆုံးသော ဖိုင်နယ်ပွဲကို ချယ်ဆီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ထရန့်၊ ဆိုဘိုတို့ဟာ နော်ဝစ်ချ်နဲ့ အက်ဖ်အေဖလား ပွဲစဉ်ကျရင် အသင်းနဲ့အတူ ပြန်လည် ပါဝင်လာဖို့ ရှိနေပါတယ်။

လီဗာပူးအသင်းဟာ Amazon ရဲ့ “All or Nothing” ကဲ့သို့သော ဘောလုံးပွဲနောက်ကွယ်က ဖြစ်ရပ်တွေကို မှတ်တမ်းရုပ်ရှင် စီးရီးအဖြစ် ရိုက်ကူးမှုတွေ ပြုလုပ်ဖို့ ဗီဒီယာအဖွဲ့တွေ ရှာဖွေနေပါတယ်။

၂၀၁၈ တုန်းက Amazon ကပဲ လီဗာပူးအသင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကလော့ပ်က ပယ်ချစေခဲ့တာပါ။

ဘီဘီစီမှ ဂါရတ်ကွက်ခ်ကတော့ ခံစစ်မှူး ကိုနတေးဟာ လီဗာပူးရဲ့ အနာဂတ် အသင်းခေါင်းဆောင် ဖြစ်လာနိုင်တဲ့ထိ အလားအလာရှိသူဖြစ်တယ်လို့ မှတ်ချက်ပေးပါတယ်။

ပေါ်တူဂီမှာ ကင်းထောက်တွေဖြင့် ခြေရှုပ်နေတဲ့ လီဗာပူးအသင်းဟာ ပေါ်တို ကွင်းလယ်လူ Alan Varela ကို အတော်လေး သဘောကျနေတယ်လို့ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ် ကွင်းလယ်လူမှာ စာချုပ်ပါကြေး ယူရို သန်း ၇၀ ပေးရင် ခေါ်ယူခွင့် ပါဝင်ပါတယ်။

မီလ်နာကတော့ အန်ဖီးကွင်းရဲ့ အင်အားကြီးမှုကို သာဓက တစ်ခု ပြောပြရာမှာ။ ဆွာရက်စ်လို ကလပ်ရဲ့ ဟီးရိုးဟောင်းကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ရချိန်မှာ ပွဲအစ ပွဲအဆုံး ဩဘာ တစ်ချက်မှ မပေးဘဲ ဘူး လုပ်ပြီး ဖိအားပေးခဲ့တာက လီဗာပူးပရိသတ်တွေဟာ အသင်းနောက်မှာ ဘယ်လောက်ထိ ပြင်းပြစွာ ရပ်တည်ပေးလဲ မြင်သာပါတယ်လို့ ဆိုပါတယ်။