လီဗာပူးအသင်းဟာ ဒီကနေ့ညမှာတော့ ဖူလ်ဟမ်အသင်း အိမ်ကွင်းထံသွားပြီး ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ကို ယှဉ်ပြိုင်ရမှာပါ။ ပထမအကျော့တုန်းက ၂-၁ ဖြင့် အနိုင်ရထားတာဖြစ်ကာ ရလဒ် အရမ်း မပြတ်သားခဲ့ပါဘူး။
Team News
ကာတစ်ဂျုံးမှာ ဘာဒဏ်ရာမှ မရှိဘဲ ဖူလ်ဟမ်ပွဲအတွက် ပွဲထုတ်လို့ ရပါမယ်။
အန်ဒီရော်ဘတ်ဆန် အသင်းလူစာရင်းထဲ ပြန်ပါလာပါပြီ။
ဆိုဘိုစလိုင်နဲ့ ထရန့်တို့ ပါဝင်ဦးမှာ မဟုတ်ပါဘူး။
ကိုစတက် နောက်ထပ် ၂ ပတ်ဝန်းကျင် နားရပါမယ်။
အီဂျစ်ကနေ ပြန်လာမယ့် ဆာလာဟာ ၁ လဝန်းကျင် နားရမယ်လို့ သိရပါတယ်။
Liverpool’s XI vs. Fulham
ဒီနေ့ပွဲဟာ ဖိုင်နယ်ကို ရောက်ဖို့ နောက်ဆုံး ခြေတစ်လှမ်းဖြစ်နေတာမို့ ကလော့ပ်ဟာ လူစုံထုတ်သုံးလာဖို့ ရှိနေပါတယ်။ ဒီပွဲမှာ ကြံ့ခိုင်မှုပိုင်း အနည်းငယ် အသံထွက်ထားတဲ့ ကာတစ်ဂျုံးအစား ဂရာဗင်ဘက်ချ် ပါဝင်မယ်လို့ ခန့်မှန်းရပြီး ခံစစ်မှာ ကွမ်းဆက်ကို အသုံးပြုမလားကတော့ စောင့်ကြည့်ရမှာပါ။
ဂိုးသမားနေရာ ကလယ်ဟာကို ပွဲထုတ်လာမှာဖြစ်ပြီး အတောင့်တင်းဆုံး ခံစစ်ကြောင်းအဖြစ် ဘရတ်ဒလေ၊ ကိုနတေး၊ ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့ကို တွဲသုံးလာဖွယ် ရှိနေပါသေးတယ်။
နည်းပြကလော့ပ် အနေနဲ့ ဘရတ်ဒလေနဲ့ ကွမ်းဆက်လို အကယ်ဒမီထွက် နှစ်ဦးလုံးကိုတော့ ခံစစ်မှာ တပြိုင်နက်တည်း မသုံးဘဲ အက်ဖ်အေဖလားပွဲကျမှ ကွမ်းဆက်ကို သုံးမယ်လို့ ခန့်မှန်းရပါတယ်။
ကွင်းလယ်မှာ ဘယ်ခြမ်းကနေ ဂရာဗင်ဘက်ချ် ပါဝင်လာပြီး မာကာ အထိုင်နဲ့ ညာခြမ်းမှာ ဟာဗေးတို့ ကစားလာဖွယ် ရှိပါတယ်။ တိုက်စစ်ကတော့ ဒါဝင်၊ ဂျိုတာ၊ ဒီယက်စ်ပဲ ဖြစ်ပါလိမ့်မယ်။
ဒီပွဲကို ကျော်ဖြတ်နိုင်ရင် လီဗာပူးအသင်းဟာ ဝင်ဘာလေမှာ ချယ်ဆီးအသင်းနဲ့ ကာရာဘောင်းဖလား ဗိုလ်လုရမှာပဲ ဖြစ်ပါတယ်။