လန်ပျံနေတဲ့ ခြေစွမ်းမလိုဘူး ဖိုင်နယ်တက်ဖို့ပဲ လိုတယ်လို့ ဖူလ်ဟမ်နဲ့ သရေပွဲအပြီး ကလော့ပ် တုန့်ပြန်

ဖူလ်ဟမ်ကို သရေကစားပြီး ဖိုင်နယ်ထံ တက်ရောက်သွားတဲ့နောက် နည်းပြကလော့ပ်က အသင်းရဲ့ ကြယ်ပွင့်ကစားသမားတွေကို ချီးကျူးခဲ့သလို ဒီပွဲဟာ နိုင်ဖို့ထက် ဗိုလ်လုပွဲရောက်ဖို့ပဲ လိုအပ်တာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ပထမအကျော့ကို ၂-၁ ဖြင့် အနိုင်ရထားတာမို့ ဒုတိယအကျော့ သရေကျပေမယ့် ဖိုင်နယ်တက်နိုင်ခဲ့တာပါ။ ဒီပွဲမှာ ဖူလ်ဟမ်က ဦးဆောင်ဂိုး ရခဲ့ရင်တော့ မိနစ် ၃၀ အချိန်ပို ကစားရမှာဖြစ်ပါတယ်။

အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြတ်သားတဲ့ ရလဒ်တွေ ပြသဖို့ထက် ဖိုင်နယ်တက်ဖို့ပဲ လိုအပ်တဲ့ပွဲစဉ်မှာ လိုအပ်တဲ့ ရလဒ်ကို ယူပြနိုင်ခဲ့ခြင်းအတွက် ကလော့ပ်က ကျေနပ်နေပါတယ်။

“ အတွေ့အကြုံတွေ အပြည့်ရခဲ့ပါတယ်။ ဖွင့်ကစားခဲ့ကြပြီး ဒုတိယပိုင်းမှာ ဖူလ်ဟမ်က ခပ်ကြမ်းကြမ်း စတင်မှု ပြုလုပ်ခဲ့တယ်။ သူတို့ ဂိုးသွင်းနိုင်ခဲ့တယ်။ သရေရလဒ်ကို ယူနိုင်ခဲ့တယ်။

ကောင်လေးတွေ ကစားခဲ့တာ သိပ်ကောင်းပါတယ်။ ကိစ္စတွေ အများကြီးအတွက် ကျနော် ပျော်ရွှင်မိပါတယ်။ ဒီပွဲမှာ အရေးအကြီးဆုံးကတော့ ဖိုင်နယ်ကို တက်ရောက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။

ဖိုင်နယ်ကိုရောက်ဖို့ ပါဝင်ကစားခဲ့ကြတဲ့ လူငယ်လေးတွေအတွက် မယုံနိုင်စရာ တာဝန်ကို ထမ်းဆောင်ခဲ့ရတာဖြစ်ပါတယ်။ အဝတ်လဲခန်းထဲမှာ သူတို့တွေ ပျော်ရွှင်နေကြတာကို မြင်ရတာက သိပ်ကို ကောင်းပါတယ်။

ဒီညဟာ သိပ်ကောင်းတဲ့ ဘောလုံးကို ကစားပြီး တောက်ပနေရမယ့် ညမျိုး မဟုတ်ပါဘူး။ ဖိုင်နယ်ထံ တက်ရောက်နိုင်ရမယ့် ညတစ်ညဖြစ်ခဲ့ပါတယ်။ ” လို့ ကလော့ပ်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလအတွင်း ဝင်ဘာလေမှာ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားပြီး ကာရာဘောင်းဖလား ဗိုလ်လုရမှာပဲ ဖြစ်ပါတယ်။