ဒီစကားပြောရတာ ရူးလောက်ပေမယ့် ဂိုးမက်စ်ကို ကျော်ပြီး ရိုဘို နေရာမရသင့်ဘူးလို့ ပရိသတ်တွေ မှတ်ချက်ပေးလာ

၂၀၂၄ မှာ ဂိုးမက်စ်ဟာ လီဗာပူးအသင်းရဲ့ ပွဲစဉ်တိုင်းမှာ ပါဝင်ထားသလို ပွဲချိန်ပြည့်လည်း ကစားခွင့်ရထားပါတယ်။ ဒဏ်ရာပြဿနာတွေကို ကျော်ဖြတ်ခဲ့ပြီဖြစ်တဲ့ ဂိုးမက်စ်ဟာ အကောင်းဆုံး ခြေစွမ်းတွေ ပြန်ရလာခဲ့ပါပြီ။

ရော်ဘတ်ဆန် ဒဏ်ရာရနေတာကြောင့်နဲ့ ခံစစ်ကြောင်းမှာ ဗန်ဒိုက်၊ ကိုနတေးတို့ကို အနားပေးလိုတာကြောင့် ပွဲကစားခွင့်တွေ ရလာခဲ့တဲ့ ဂိုးမက်စ်ဟာ အခုဆိုရင် ဖယ်ထုတ်မရတဲ့ အသင်းသား တစ်ဦးဖြစ်လာခဲ့ပါပြီ။

ကာရာဘောင်း ဖိုင်နယ်ထံ တက်ရောက်အပြီးမှာ နည်းပြကတော့ ဂိုးမက်စ်နဲ့ ပတ်သက်ပြီး ထင်မြင်ချက်ပေးဖို့ တောင်းဆိုခံရချိန်မှာ ‘အသက်ကယ်ဆေး’ လို့ ခိုင်းနှိုင်းသွားပါတယ်။

ဖူလ်ဟမ်ကို ရင်ဆိုင်ရတဲ့ပွဲအတွင်း ဂိုးမက်စ်က အဆုံးသတ်ပိုင်းထံ ပေးချက် ၆ ကြိမ်၊ ဘောလုံးဆယ်ယူမှု ၆ ကြိမ်၊ ဘလော့ကာမှု ၂ ကြိမ်တို့ကို ပြုလုပ်ခဲ့ပါတယ်။ သူအခုလို ခြေစွမ်းပြနေခြင်းကြောင့် ရော်ဘတ်ဆန်ဟာ ဘယ်ခြမ်း နေရာကို အလွယ်တကူ ပြန်ရယူခွင့် ရသင့်ရဲ့လားဆိုတာက ဆွေးနွေးစရာ ဖြစ်လာခဲ့ပါတယ်။

ဖူလ်ဟမ်ပွဲအပြီးမှာ လီဗာပူးပရိသတ်တွေကတော့ အောက်ပါအတိုင်း မှတ်ချက်တွေ ပေးလာခဲ့ကြပါတယ်။

” ဒီလိုပြောလို့ ရူးကြောင်ကြောင်နိုင်ပေမယ့် ဂိုးမက်စ် အကောင်းဆုံး ကစားနေတဲ့ ဘယ်ခြမ်းနေရာမှာ ရိုဘို နေရာပြန်ရသင့်ရဲ့လား။ ဂိုးမက်စ်က ခံစစ်ပိုင်း သိပ်ကောင်းသလို တိုက်စစ်လိုက်တာလည်း ကောင်းနေတယ်။ သူက ကွင်းလယ်ထဲပါ ဝင်ကစားနိုင်နေပါတယ်။ ”

” ဂိုးမက်စ်က ဘယ်ခြမ်း အစွန်မှာ သိပ်ကောင်းနေပါတယ်။ ရိုဘို ဒဏ်သာလာပေမယ့် ဂိုးမက်စ်ထံက နေရာကို ပြန်လုယူနိုင်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရမှာပါ။ ”

” ဂိုးမက်စ်လို ညာအစွန်လူကို ဘယ်ခြမ်းမှာ ကစားပြီး ကွင်းလယ်ထိ ဝင်ပြီး တာဝန်ယူနိုင်မယ် မတွေးထားမိဘူး။ အဝေးကွင်း သွားရောက် အားပေးတဲ့ ပရိသတ်တွေက သူ့နာမည်ကို အော်ဟစ် အားပေးရတဲ့ထိ ထိုက်တန်တဲ့ အသိအမှတ်ပြုမှုပါ ရနေခဲ့ပါတယ်။ ”

” ဂိုးမက်စ်က ဗဟိုခံစစ်ထက် အစွန်သမားနေရာမှာ ပိုကောင်းတယ်လို့ ဝန်ခံရပါမယ်။ ဘယ်ခြမ်းအတွက် ပြုပြင်ရေးမှာ ထွန်းတောက်လာမယ့်သူက သူ ဖြစ်လာမယ်လို့ တွေးတောင် မတွေးမိခဲ့ပါဘူး။ ” စဖြင့် မှတ်ချက်ပေးခဲ့ကြပါတယ်။

အခုဆိုရင် ဘယ်အစွန်မှာ ဂိုးမက်စ်ကို ဆက်သုံးဖို့ ထောက်ခံမလား ရိုဘိုကို နေရာပြန်ပေးဖို့ ထောက်ခံသင့်လား လီဗာပူးပရိသတ်တွေ ဝေခွဲမရနိုင်ဖြစ်နေကြပြီ ဖြစ်ပါတယ်။