ကလော့ပ်က လူစုံတော့မယ်လို့ အသိပေးလာ၊ သီယေဂိုနဲ့ ဘာ့ဂျ်ဆီတစ် အကြောင်းလည်း ပါဝင်

နည်းပြကလော့ပ်ကတော့ ဖေဖော်ဝါရီလမှာ လီဗာပူးအသင်းဟာ လူစုံနည်းပါးဖြင့် ပြိုင်ပွဲတွေကို ယှဉ်ပြိုင်တော့မယ့်အကြောင်း ထုတ်ပြောလာပါတယ်။

ဒီတစ်ကြိမ် နည်းပြရဲ့ ပြောဆိုမှုမှာ လွန်ခဲ့တဲ့ မေလမှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရကတည်းက အသင်းလူစာရင်းမှာ မပါနိုင်ခဲ့တဲ့ သီယေဂိုအကြောင်း အကောင်းမြင်မှုလည်း ပါလာခဲ့ပါတယ်။ သီယေဂိုဟာ လီဗာပူးပွဲပေါင်း ၃၉ ပွဲထိကို လွဲချော်ထားသူပါ။

ကလော့ပ်က “ ကျနော်တို့ တကယ်ကိုပဲ အခြေအနေ ကောင်းနေပါပြီ။ ဒဏ်ရာတွေ ထပ်ဖြစ်စရာ မရှိတော့ပါဘူး။ များပြားတဲ့ပွဲတွေ ရောက်လာပါတော့မယ်။ တချိန်လုံး ကစားရတော့မှာမို့ ကစားသမား အားလုံး ပြန်လာနိုင်ဖို့ လိုနေပါပြီ။

သီယေဂိုနဲ့ စတီဖန်တို့ အနှေးနဲ့အမြန် ပြန်သက်သာလာဖို့ မျှော်လင့်ပါတယ်။ အဲ့တာက သိပ်ကောင်းပါလိမ့်မယ်။ ကိုစတက်ကလည်း ကြံ့ခိုင်မှုရဖို့ နီးစပ်နေပါပြီ။ သူ့အရိုး ပြန်ပြီး သန်မာလာဖို့ အချိန်ကို ကျနော်တို့ စောင့်နေတာပါ။

အခုချိန်မှာ ဘယ်သူက အသင်းနဲ့အတူ ပြန်ပြီး ပါဝင်ဖို့ လုံလောက်ပြီလဲ ဆိုတာကို ကျနော်တို့ အဖြေရှာရတော့မယ်။ အဲ့လိုပဲ ပြောလိုပါတယ်။ ” လို့ ပြောဆိုခဲ့ပါတယ်။

နည်းပြကလော့ပ်ကတော့ နော်ဝစ်ချ်ပွဲမှာ ရိုဘို၊ ဒွန်နဲ့ ထရန့်တို့ ပါဝင်နိုင်ဖို့ အခွင့်အရေး ရှိနေတယ်လို့ အတည်ပြုသွားခဲ့ပါတယ်။