

လီဗာပူးအသင်းဟာ ကလော့ပ်ရဲ့ နောက်ဆုံးလတွေကို မှတ်တမ်းရုပ်ရှင် ရိုက်ကူးပြီး ပရိသတ်တွေကို ချပြသွားတော့မှာ ဖြစ်ပါတယ်။
မကြာသေးခင်ကပဲ လီဗာပူးအသင်းဟာ ရုပ်သံကုမ္ပဏီတစ်ခု ရှာဖွေနေကြောင်း သတင်းကြားထားရပါတယ်။ Amazon ရဲ့ “All or Nothing” ကဲ့သို့သော ဘောလုံးပွဲနောက်ကွယ်က ဖြစ်ရပ်တွေကို မှတ်တမ်းရုပ်ရှင် စီးရီးအဖြစ် ရိုက်ကူးမှုတွေ ပြုလုပ်မှာဖြစ်ပါတယ်။
၂၀၁၈ တုန်းက Amazon ကပဲ လီဗာပူးအသင်းကို မှတ်တမ်းရုပ်ရှင် ရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကလော့ပ်က ပယ်ချစေခဲ့တာပါ။ အဆိုပါကိစ္စကို အတည်ပြုလာနိုင်ပြီဖြစ်ကာ ပြင်ပ ရုပ်သံဌာနနဲ့ ရိုက်ကူးမှာလား LFC TV က ရိုက်ကူးမှာလားတော့ မသိရသေးပါဘူး။
အန်ဖီးကွင်းနဲ့ လေ့ကျင့်ရေးကွင်းတွေမှာ နောက်ကွယ်ကဖြစ်ရပ်တွေကို ကင်မရာတွေနဲ့ မှတ်တမ်းတင်ထားမှာ ဖြစ်ပါတယ်။ ကလော့ပ် လုံးဝ မကြိုက်တဲ့ အဝတ်လဲခန်းထဲ ဗီဒီယို ရိုက်ကူးမှုလည်း ပါဝင်လာနိုင်ပါတယ်။
လီဗာပူးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကတော့ အရင်တုန်းက ပြင်းပြင်းထန်ထန် ငြင်းဆန်ခဲ့ပေမယ့် ဒီတစ်ကြိမ် မှတ်တမ်းရုပ်ရှင်ကိစ္စ ပြန်လည် စတင်ခြင်းကတော့ ရာသီု့န်ရင် ကလပ်နဲ့ လမ်းခွဲတော့မယ့် ကလော့ပ် ကိုယ်တိုင် ခွင့်ပြုပေးထားတယ်လို့ သိရပါတယ်။
နည်းပြကလော့ပ်ကို နှုတ်ဆက်မှုဟာ ကောင်းမွန်တဲ့ အမှတ်တရတွေ ဖြစ်လာဖို့ မျှော်လင့်ရသလို အသင်းသားတွေကလည်း ဆုဖလားဖြင့် ဂုဏ်ပြုပေးဖို့ စိတ်အားထက်သန်နေကြပါတယ်။