

အာဖရိကဖလား ပြိုင်ပွဲကနေ အီဂျစ်အသင်း ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ အက်ဆာမှာ ရှိနေတဲ့ ဆာလာဟာ အီဂျစ်ကို ပြန်စရာ မလိုတော့ဘဲ အသင်းမှာပဲ ဆက်နေကာ ကြံ့ခိုင်မှုပိုင်း အားထုတ်ရမှာဖြစ်ပါတယ်။
နော်ဝစ်ချ်ကို ၅-၂ ဖြင့် အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဘရတ်ဒလေက ရရှိသွားပါတယ်။
Two assists and another big performance from our Player of the Match, Conor Bradley 🙌 pic.twitter.com/SiF4qnjYri
— Liverpool FC (@LFC) January 28, 2024
နော်ဝစ်ချ်နည်းပြ ဒေးဗစ် ဝဂ်နာက သူ့အချစ်ဆုံး သူငယ်ချင်း ကလော့ပ်နဲ့ ယှဉ်ပြိုင်ရတဲ့အပေါ် ” သူ နိုင်ချင်တယ်၊ ကျနော်လည်း နိုင်ချင်တယ်။ ထုံးစံအတိုင်း ကျနော်ပဲ ရှုံးသွားတာပါပဲ ” လို့ ပွဲအပြီးမှာ မှတ်ချက်ပေးလိုက်ပါတယ်။
အဆိုပါပွဲမှာ လီဗာပူးအသင်းဟာ အကယ်ဒမီထွက် ကစားသမား ၅ ဦးအဖြစ် ကွမ်းဆက်၊ ဘရတ်ဒလေ၊ ကော်နာ၊ ဂျုံး၊ ထရန့် တို့ကို ထုတ်သုံးခဲ့ပါတယ်။
ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို အံ့ဩမိပေမယ့် နည်းပြရဲ့ စိတ်ဆန္ဒအပေါ် လေးစားမှုပေးရမှာပါလို့ ရိုဘိုက ဆိုပါတယ်။
လီဗာပူးအသင်းဟာ အက်ဖ်အေဖလား ပဉ္စမအဆင့် ပွဲစဉ်အဖြစ် ဝတ်ဖိုဒ့်နဲ့ ဆောက်သမ်တန် အတွဲက အနိုင်ရမယ့် အသင်းနဲ့ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။
မာကာကို ဒီပွဲမှာ အနားပေးထားတာဖြစ်ကာ ကြားရက် ပရီးမီးယားလိဂ်ပွဲအတွက် အဆင်သင့် ဖြစ်နေမယ်လို့ ကလော့ပ်က ထုတ်ပြောပါတယ်။
မနှစ်ကဘောလုံးရာသီ ရာသီဝက်မှာတင် ကလော့ပ်ဟာ လီဗာပူးက နှုတ်ထွက်ဖို့ စဉ်းစားခဲ့ပေမယ့် ဇနီးဖြစ်သူက အဲ့လို မလုပ်ဖို့ တိုက်တွန်းခဲ့တာလို့ Times သတင်းဌာနက ဖော်ထုတ်သွားပါတယ်။
ကလော့ပ်၊ ပပ်လင်ဒါး၊ ပီတာနဲ့ ဗစ်တာမာတိုစ့်တို့ ထွက်ခွာမှာဖြစ်ပေမယ့် လီဗာပူးအသင်း အကယ်ဒမီနဲ့ လူငယ်အသင်း နည်းပြတွေကတော့ အသင်းမှာပဲ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။