လီဗာပူးအသင်းကနေ ရာသီကုန်ရင် ကလော့ပ် ထွက်ခွာတော့မှာဖြစ်ကာ ဒီဆုံးဖြတ်ချက်ကိုတော့ မနှစ်ကရာသီ သူ့ရဲ့ ဩဇာ ကျဆင်းမှုဖြစ်ခဲ့စဉ်မှာ စတင် ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
သောကြာနေ့တုန်းကပဲ နည်းပြကလော့ပ်က ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တယ်။ သူဟာ နည်းပြဘဝက ၁ နှစ် အနားယူဦးမှာဖြစ်ကာ ပြီးရင်တော့ မန်နေဂျာလောကထဲ ပြန်လည် ဝင်ရောက်လာပါလိမ့်မယ်။
ကလော့ပ် အခုလို ဆုံးဖြတ်ခဲ့ရတာဟာ မနှစ်ကရာသီ လီဗာပူးအသင်း ဆိုးဆိုးရွားရွား ကျဆင်းခဲ့မှုနဲ့ သက်ဆိုင်တယ်လို့ ဗြိတိန် နာမည်ကျော် The Times သတင်းဌာနကနေ သတင်းထောက် Jonathan Northcroft က ဖော်ပြလာပါတယ်။
ကလော့ပ်ဟာ လီဗာပူးအသင်း အဆင့် ၁၀ ထိ ကျဆင်းသွားသလို အခြေအနေ အရမ်းဆိုးရွားနေတဲ့ မနှစ်ကရာသီ ဘောလုံးရာသီဝက်မှာတင် သူ့ရဲ့ တာဝန်ကနေ နှုတ်ထွက်ပေးလိုခဲ့တာပါ။
လွန်ခဲ့တဲ့ ၁၂ လ ဝန်းကျင်တုန်းက လီဗာပူးပရိသတ်တွေကြားမှာ အသင်းနည်းပြ ရာထူးကနေ ကလော့ပ် နှုတ်ထွက်သင့်ပြီဆိုတဲ့ Klopp Out လှုပ်ရှားမှုလည်း ရှိခဲ့ပါသေးတယ်။
Jurgen Klopp confirms he’s has no plan to leave Liverpool: “If nobody tells me to go, I will not leave — so that means maybe there is a point where we have to change other stuff” 🔴 #LFC
Liverpool never considered to sack Klopp — they’re planning for present and future with him. pic.twitter.com/5BSfcL2Ndb
— Fabrizio Romano (@FabrizioRomano) January 16, 2023
Northcroft ကတော့ ကလော့ပ်ရဲ့ ဇနီးဖြစ်သူ Ulla က ခင်ပွန်းဖြစ်သူရဲ့ ဆုံးဖြတ်ချက်ကို တားဆီးပြီး ရာသီကုန်ထိ ဆက်နေဖို့နဲ့ လီဗာပူးကို ပြန်ပြီး စုဖွဲ့ပေးဖို့ တိုက်တွန်းခဲ့တာလို့ ဆိုပါတယ်။ အူလာက မာဆေးဆိုဒ်ကို ချစ်မြတ်နိုးပြီး ကောင်းသော လမ်းခွဲခြင်းကိုပဲ လုပ်စေလိုပါတယ်။
မနှစ်တုန်းက ကလော့ပ် ကိုယ်တိုင်ကလည်း သူ့ရဲ့ ပြီးခဲ့တဲ့ ရာသီ အောင်မြင်မှုတွေကြောင့် မဟုတ်ရင် ရာထူးကနေ ထုတ်ပယ်ခံနေရလောက်ပြီ ဆိုတဲ့ ဝန်ခံခြင်းမျိုး ပြုလုပ်ခဲ့ဖူးပါတယ်။
ဒီရာသီမှာ လီဗာပူး လူစာရင်းကို ပြန်လည် ပြင်ဆင်ပေးလာနိုင်ခြင်းနဲ့အတူ နိုဝင်ဘာမှာတော့ သူ နှုတ်ထွက်မယ့်အကြောင်း အသင်းတာဝန်ရှိသူတွေကို ကလော့ပ်က ကြိုတင် အသိပေးထားခဲ့ကာ ဒီလမှပဲ တရားဝင် ကြေညာခဲ့တာ ဖြစ်ပါတယ်။