အမှတ်ပေးဇယား ပုံစံလာမယ့် ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲသစ်ကို တရားဝင် မိတ်ဆက်

၂၀၂၄-၂၀၂၅ မှာ စတင်မယ့် ချန်ပီယံလိဂ် ပုံစံသစ်

လာမယ့်ရာသီကစလို့ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ အသင်း ၄ သင်း ထပ်တိုးလာပြီး ၃၆ သင်း ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

အကြီးမားဆုံး အပြောင်းအလဲကတော့ ယခင်က ချန်ပီယံလိဂ် အုပ်စုအဆင့်ကို ၄ သင်းပါ ၈ အုပ်စုခွဲပြီး ယှဉ်ပြိုင်ခဲ့ရာက ပုံစံသစ်မှာတော့ အမှတ်ပေးလိဂ်ပြိုင်ပွဲပုံစံကို ၃၆ သင်းလုံး ပါဝင် ယှဉ်ပြိုင်ရမှာပါ။

ကလပ်တိုင်းက မဲနိုက်မှုကနေ မတူညီတဲ့ ပြိုင်ဘက် ၈ သင်း ရရှိမှာဖြစ်ပြီး Pot 1, Pot 2, Pot 3, Pot 4 တွေကနေ ၂ သင်းစီ ပါဝင်သွားပါမယ်။ အဲ့ထဲမှာတော့ အိမ်ကွင်း ၄ ပွဲ၊ အဝေးကွင်း ၄ ပွဲ ကစားရပါမယ်။

ရမှတ်တွေ အားလုံးကိုတော့ ကလပ် ၃၆ သင်းလုံးပါတဲ့ အမှတ်ပေးဇယားနဲ့ အဆင့်ခွဲမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ပွဲတိုင်း သွင်းဂိုးတိုင်းဟာ အရေးကြီးလာပါလိမ့်မယ်။

အုပ်စုပွဲတွေအပြီး အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းဟာ ၁၆ သင်းအဆင့်ထံ အလိုအလျောက် တက်ရောက်ခွင့်ရမှာဖြစ်တယ်။

အမှတ်ပေးဇယား အဆင့် ၉ ကနေ အဆင့် ၂၄ အထိ ကလပ် ၁၆ သင်းကတော့ play-off ပြန်ကစားရမှာဖြစ်ပြီး အနိုင်ရအသင်း ၈ သင်းက ရှုံးထွက်ကို တက်ရောက်မှာဖြစ်တယ်။ ရှုံးနိမ့်တဲ့အသင်းက ယူရိုပါလိဂ် ဆင်းကစားရပါမယ်။

ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် ၂၅ ကနေ ၃၆ အတွင်း အသင်းတွေကတော့ ဥရောပပြိုင်ပွဲကနေ လုံးဝ ထွက်ခွာရပါမယ်။

နောက်ပိုင်းကတော့ ယခင်လိုပဲ ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲ အဆင့်တွေဖြစ်ပါတယ်။