ချက်ချန်ပီယံနဲ့ပွဲမှာ လီဗာပူးပရိသတ်တွေရဲ့ အထင်ကြီးမှုကို သိမ်းကြုံးယူသွားတဲ့ အသင်းသား (၃) ဦး

မနက်ကပွဲမှာ လီဗာပူးအသင်းဟာ ချက်ပြည်တွင်း ချန်ပီယံဖြစ်တဲ့ စပါတာ ပရာဟာ အသင်းကို ရင်ဆိုင်ကစားရာမှာ ဒါဝင် နူးညက်စ်ရဲ့ သွင်းဂိုးကောင်းတွေနဲ့အတူ ၅-၁ ဖြင့် အနိုင်ရခဲ့ပါတယ်။

ကစားသမား အများအပြား ခြေစွမ်းပြခဲ့တဲ့ ဒီပွဲမှာ ပွဲထွက်ကနေ ပါဝင်ခဲ့တဲ့ ဟာဗေး၊ လူစားဝင်လာတဲ့ ဆိုဘိုစလိုင်တို့လည်း စွမ်းဆောင်ရည်ကောင်းခဲ့သေးပေမယ့် ပရိသတ်​တွေ ဘဝင်ခိုက်ခဲ့တဲ့ အသင်းသား ၃ ဦး ရှိနေပါတယ်။

ကလယ်ဟာ

လီဗာပူးအတွက် မလွယ်ကူတဲ့ပွဲ ဖြစ်သွားစေနိုင်တဲ့ အခိုက်အတန့်တွေ အများကြီးဟာ ကလယ်ဟာကြောင့် ခပ်လွယ်လွယ် ကာကွယ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ပွဲချိန်တွင်းမှာ စပါတာဘက်က တန်ပြန်ဖောက်ချက်တွေဟာ ကောင်းမွန်ခဲ့ပြီး ကလယ်ဟာရဲ့ အေးဆေး တည်ငြိမ်လှတဲ့ ကာကွယ်မှုတွေကြောင့် ၁ ဂိုးပဲ ပေးခဲ့ရတာပါ။

ကလယ်ဟာ ဟာ အနီးကပ် ပိတ်ချက်တွေကို ကာကွယ်ရာမှာ ထက်မြက်လှပြီး ပွဲအပေါ် အာရုံစူးစိုက်မှု အပြည့်ရှိပါတယ်။ အဝေးဘော ၂ ကြိမ်လောက်ဟာ မထင်မှတ်ထားတဲ့ ပုံစံတွေနဲ့ အကန်ခံရပေမယ့် သူက မျက်ချေမပြတ် ကာကွယ်ပေးခဲ့ပါတယ်။

နာကျင်လောက်တဲ့ ကာကွယ်မှုတွေလည်း ၂ ကြိမ်လောက် လုပ်ခဲ့သေးပြီး ဒီပွဲမှာ ကလယ်ဟာ နည်းနည်းလေး အာရုံစိုက်မှု လျော့ခဲ့ရင် ၅-၄ လောက်ဖြစ်သွားနိုင်ပါတယ်။

မက်ကယ်လစ္စတာ

လီဗာပူးကွင်းလယ်ရဲ့ ပင်မသွေးကြော ဖြစ်လာနေတဲ့ မာကာဟာ ကိုယ်တိုင် ၁ ဂိုးသွင်းပြီး ဖန်တီးမှု ၁ ​ကြိမ် လုပ်ခဲ့ပါတယ်။ အဲ့တာတွေ မပါဘဲကို ဒီပွဲအတွင်း မာကာရဲ့ ဘောလုံး ရှိချိန်ကော မရှိချိန်မှာပါ ပါဝင်မှုဟာ အတော်လေး အထင်ကြီးစရာ ကောင်းပါတယ်။

မာကာဟာ ကလော့ပ်ရဲ့ နည်းစနစ်မှာတင် အသုံးဝင်မယ့်သူ မဟုတ်ပါဘူး။ နောက်ရာသီ ဘယ်သူပဲ နည်းပြဖြစ်လာလာ အာဂျင်တီးနား ကွင်းလယ်ဟာ လူစာရင်းမှာ ပထမဆုံး ချရေးခံရမယ့် နာမည်ပိုင်ရှင် ဖြစ်နေဦးမယ့်သူပါ။

ဒါဝင် နူးညက်စ်

ပွဲထွက်မှာ ပြန်ပါလာတဲ့ ဒါဝင်ဟာ ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းအတွက် သွင်းဂိုး ၁၀၀၀ နဲ့ သွင်းဂိုး ၁၀၀၁ တို့ကို သွင်းယူခဲ့ပါတယ်။ “သုံးမရတဲ့ ကာရိုးလက်သစ်” ဆိုတဲ့ လှောင်ပြောင်ခံ တိုက်စစ်မှူးလေးဟာ ဒီရာသီ ကိုယ်တိုင် ၁၆ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၁၁ ကြိမ် လုပ်ထားနိုင်ပါပြီ။

ခပ်ကဲကဲ ဒါဝင်နူးညက်စ်နဲ့ လီဗာပူးပရိသတ်တွေရဲ့ သည်းသည်းလှုပ်မှုကတော့ တကယ့်ကို လိုက်ဖက်တဲ့ ပေါင်းစပ်မှုပါပဲ။ အနိမ့်ပါးဆုံး အချိန်မှာတောင် ဒါဝင်ကို အားပေးမပြတ်တဲ့ လီဗာပူးပရိသတ်တွေကြောင့် ဥရုဂွေးတိုက်စစ်မှူးဟာ ယုံကြည်ချက်တွေ ရှိလာပြီး ဂိုးတွေ ပုံမှန်ယူနိုင်စွမ်း ရှိလာနေပါပြီ။

ဂိုးသွင်းအပြီး လီဗာပူးလိုဂိုကို မြတ်မြတ်နိုးနိုး နမ်းရှိုက်ခဲ့တဲ့ ဒါဝင်ရဲ့ အနမ်းဟာ ချစ်ခြင်းတွေ ပါဝင်နေတာကို အသင်းပရိသတ်တိုင်း ခံစားမိကြပါတယ်။