အင်္ဂါနေ့ လီဗာပူးအသင်း လေ့ကျင့်ရေးမှာ ဗန်ဒိုက် မပါခဲ့ပါဘူး။ ဒဏ်ရာ ပြဿနာတော့ မဟုတ်ဘူးလို့ သိရပါတယ်။
ခံစစ်မှူး ကိုနတေးဟာ အသင်းလိုက် လေ့ကျင့်ရေးမှာ မပါဘဲ တစ်ဦးတည်း ပြေးလွှားနေဆဲပါ။ ဂရာဗင်ဘက်ချ်လည်း လူစာရင်းထဲ ပြန်ပါနိုင်ခြင်း မရှိသေးပေမယ့် လေ့ကျင့်ရေးထံ တက်ရောက်ခဲ့ပါတယ်။
ထရန့် လေ့ကျင့်ရေး မပါနိုင်သေးပေမယ့် ဆာလာနဲ့ ဆိုဘိုစလိုင်တို့ကတော့ ပုံမှန်အတိုင်း အသင်းနဲ့အတူ လေ့ကျင့်နိုင်ခဲ့ပါတယ်။
An update from the Liverpool training ground ahead of their Europa League clash against Sparta Prague on Thursday 📍 pic.twitter.com/SysvqPDbXi
— Sky Sports Football (@SkyFootball) March 12, 2024
လီဗာပူးပိုင်ရှင်အဖွဲ့ဟာ multi-club တည်ထောင်ခြင်းနဲ့အတူ ဘောလုံးကမ္ဘာမှာ အသင်းအများစု ကျင့်သုံးနေတဲ့ ဘောလုံးအစုအဖွဲ့ကို တိုးချဲ့ဖို့ ခြေလှမ်းပြင်လာခဲ့ပါပြီ။
ဘိုင်ယန်မြူးနစ်အားကစားဒါရိုက်တာဟာ ဖလား ယှဉ်ပြိုင်နေတဲ့ ဒီကာလမှာ အလွန်ဆိုကို ခေါ်ယူဖို့ သူတို့ ကြိုးစားနေခြင်း မရှိပါဘူးလို့ ပြောလာပါတယ်။
ယူရိုပါလိဂ် ဖိုင်နယ်ပွဲ ကျင်းပမယ့် Dublin မြို့မှာ ဒေသခံ အများအပြားဟာ လီဗာပူးပရိသတ်တွေဖြစ်နေတာကြောင့် လက်မှတ်မရှိဘဲ အားပေးလိုတဲ့ ပရိသတ်တွေဟာ ပြဿနာတစ်ရပ် ဖြစ်လာမယ်လို့ ပြိုင်ပွဲကျင်းပရေး အဖွဲ့က ယူဆနေပါတယ်။
TNT Sports ဟာ အာဆင်နယ်အသင်း ပေါ်တိုကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်ကြောင်း photo graphic လုပ်ရာမှာ လန်ဒန်ကလပ်ရဲ့ ဥရောပအောင်မြင်မှု မရှိတာကြောင့် ဟန်ဒါဆန် ဖလားကိုင်မြှောက်တဲ့ ပုံကို ကပ်ပြီး ထည့်ခဲ့ရပါတယ်။
မန်စီးတီးနဲ့ အာဆင်နယ်တို့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ထံ တက်ရောက်နိုင်ခြင်းကို လီဗာပူးပရိသတ် အများစုက ပျော်ရွှင်နေကြပါတယ်။ ဒါမှ ပရီးမီးယားလိဂ် အပြိုင်လုနေတဲ့ အသင်းတိုင်း တူညီစွာ ပွဲကြပ်တွေ ရှိလာနေမှာပါ။
လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ အက်ဖ်အေဖလားပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် John Brooks က တာဝန်ယူပါမယ်။ ဒီရာသီ ၄ ကြိမ်မြောက်အဖြစ် အသင်းရဲ့ ပွဲစဉ်ကို တာဝန်ယူမှု ဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေဟာ ဝါတာရု အန်ဒိုအတွက် သီချင်းတစ်ပုဒ် သီဆိုပေးနေပါပြီ။
Can get behind this all day yeno 🇯🇵 pic.twitter.com/f5ZAYjNN0g
— robbo (@_jrobbo) March 12, 2024
မိုက်ကယ်အတ်ဝပ်ဟာ ဇွန်လ ၁ ရက်နေ့မှာ လီဗာပူးအသင်းထံ ရောက်လာပြီး FSG CEO ရာထူးကို စတင် တာဝန်ယူပါမယ်။ ရစ်ချက်ဟုချ်နဲ့ပါ သဘောတူညီမှု ရထားပြီလို့ သိရပေမယ့် အတည်ပြု ကြေညာခြင်း မရှိသေးပါဘူး။
လီဗာပူးအသင်းဟာ မာတစ်ကို အလွတ်ဖြင့် ထွက်ခွင့်ပေးကာ သူ့နေရာ အစားထိုးမှု လုပ်ရမှာဖြစ်တာကြောင့် ဖရန့်ဖတ်မှ ယူရို သန်း ၆၀ ပေးပြီး ခေါ်ရမယ့် Willian Pacho ကို အတော်လေး သဘောကျနေပါတယ်။