လီဗာပူးအသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ စီးရီးအေကလပ် အတ္တလန်တာ အသင်းနဲ့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။
Opta စူပါကွန်ပျူတာရဲ့ တွက်ချက်မှုအရ လီဗာပူးအသင်းဟာ ဖလား အောင်မြင်နိုင်ချေ ရှိတဲ့ လေဗာကူဆင်နဲ့ အေစီမီလန်တို့ကို ကွာတားမှာကော ဆီမီးမှာပါ ရှောင်ရှားနိုင်ခြင်းဖြစ်တယ်လို့ သိရပါတယ်။
လီဗာပူးအသင်းဟာ အတ္တလန်တာကို ကျော်ပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ချေ ၇၃.၅% ထိ ရှိထားပါတယ်။ ဆီမီးဖိုင်နယ်ထံ တက်ရောက်နိုင်ခဲ့ရင် ဘင်ဖီကာ vs မာဆေးအတွဲက တက်လာတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ကာ ဖိုင်နယ်တက်နိုင်ချေက ၅၆.၅% ဖြစ်ပါတယ်။
လေဗာကူဆင် vs ဝက်စ်ဟမ်း အတွဲမှာ တက်လာမယ့် အသင်းဟာ အေစီမီလန် vs ရိုးမား အတွဲမှ တက်လာတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်မှာ ယှဉ်ပြိုင်ရမှာဖြစ်ကာ ပိုခက်ခဲတဲ့ ပွဲစဉ်ဇယား ဖြစ်ပါတယ်။
ဒီရာသီ ယူရိုပါလိဂ်ဖလား အောင်မြင်ဖို့ ရေပန်းအစားဆုံးက လီဗာပူးအသင်းဖြစ်ပြီး ၃၄.၅% ထိ ရှိပါတယ်။ ဒုတိယနေရာမှာ လေဗာကူဆင်က ဖလားအောင်မြင်နိုင်ချေ ၂၃.၅% ရှိထားကာ တတိယနေရာမှာ အေစီမီလန်က ၁၃.၉% ရှိထားပါတယ်။
သူတို့နောက်မှာ ဘင်ဖီကာ ၇.၈%၊ အတ္တလန်တာ ၆.၆%၊ ရိုးမား ၅.၇% တို့ဖြစ်ကြပါတယ်။
မှန်းဆချက်တွေမှာတော့ ကလော့ပ်ရဲ့ လီဗာပူးဟာ အလွန်ဆိုရဲ့ လေဗာကူဆင်နဲ့ ဖိုင်နယ်မှာ ထိပ်တိုက်တွေ့နိုင်ကြောင်း ဖော်ပြနေကြတာ ဖြစ်ပါတယ်။
Chances of winning Europa League
- လီဗာပူး – ၃၄.၅%
- လေဗာကူဆင် – ၂၃.၅%
- အေစီမီလန် – ၁၃.၉%
- ဘင်ဖီကာ – ၇.၈%
- အတ္တလန်တာ – ၆.၆%
- ရိုးမား – ၅.၇%