

ပုံစံသစ်ဖြင့် ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ပွဲစဉ် ရက်စွဲတွေ ထွက်ပေါ်လာနေပြီဖြစ်ပါတယ်။ လီဗာပူးအသင်း ထိပ်ဆုံး ယှဉ်ပြိုင်ရမှာက အေစီမီလန်နဲ့ အဝေးကွင်းပွဲစဉ်ပဲ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ နောက်လ စက်တင်ဘာမှာ ချန်ပီယံလိဂ်ပွဲကို စတင် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အပတ်တိုင်းရဲ့ အနိုင် အရှုံး သရေရလဒ်အပေါ် မူတည်ပြီး အမှတ်ပေးဇယားမှာ အဆင့် ရပ်တည်မှု ရှိမှာဖြစ်တာကြောင့် ပွဲတိုင်းမှာ ၃ မှတ်ယူဖို့နဲ့ ရဂိုး ပြတ်သားဖို့ အရေးကြီးပါမယ်။
Opta က အကဲဖြတ်ရာမှာတော့ လီဗာပူးအသင်းဟာ လက်ရှိ ချန်ပီယံလိဂ်ရဲ့ ဒုတိယ အကြပ်တည်းဆုံး ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပွဲစဉ် နေ့ရက်များ
ပွဲစဉ် ၁ – အေစီမီလန် (အဝေးကွင်း – စက်တင်ဘာလ ၁၇ ရက်)
ပွဲစဉ် ၂ – ဘိုလော့ညာ (အိမ်ကွင်း – အောက်တိုဘာလ ၂ ရက်)
ပွဲစဉ် ၃ – လိုက်ဇစ် (အဝေးကွင်း – အောက်တိုဘာလ ၂၃ ရက်)
ပွဲစဉ် ၄ – လေဗာကူဆင် (အိမ်ကွင်း – နိုဝင်ဘာလ ၅ ရက်)
ပွဲစဉ် ၅ – ရီးရဲလ်မက်ဒရစ် (အိမ်ကွင်း – နိုဝင်ဘာလ ၂၇ ရက်)
ပွဲစဉ် ၆ – ဂျီရိုနာ (အဝေးကွင်း – ဒီဇင်ဘာလ ၁၀ ရက်)
ပွဲစဉ် ၇ – လိုင်လီ (အိမ်ကွင်း – ဇန်နဝါရီ ၂၁ ရက်)
ပွဲစဉ် ၈ – ပီအက်စ်ဗီ (အဝေးကွင်း – ဇန်နဝါရီလ ၂၉ ရက်)