ဒါဝင် ပါလာဖို့ရှိပြီး မှန်းဆရ လွယ်ကူခြင်း မရှိတော့တဲ့ ဘိုလော့ညာပွဲ ဖြစ်လာဖွယ် ပွဲထွက် လူစာရင်း

ဒီကနေညမှာတော့ လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပွဲအဖြစ် စီးရီးအေကလပ် ဘိုလော့ညာကို အိမ်ကွင်းမှာ ဧည့်ခံရပါမယ်။

ချန်ပီယံလိဂ် အမှတ်ပေးဇယားမှာ ၂ ပွဲကစား ၆ မှတ်အပြည့်ရထားတဲ့ အသင်း ၃ သင်းထိ ပေါ်ထားပြီမို့ ဒီကနေ့ပွဲမှာ လီဗာပူးအသင်းကလည်း အနိုင်ယူထားဖို့ လိုပါလိမ့်မယ်။

Team news

  • အင်္ဂါနေ့က အက်ဆာစင်တာမှာ လီဗာပူးအသင်း ကွင်းဖွင့်လေ့ကျင့်ရေး လုပ်ခဲ့ပါတယ်။
  • ဝုဗ်ပွဲကို အဖျားကြောင့် လွဲချော်ခဲ့တဲ့ ဒါဝင် ပြန်ပါလာပါတယ်။
  • ဝုဗ်ပွဲမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရတဲ့ ရိုဘိုလည်း ပါဝင်ခဲ့ပါတယ်။
  • ခီယေဆာနဲ့ ဂျိုတာ မပါနိုင်ခဲ့ဘဲ ဒဏ်ရာ စကန်ဖတ်မှုမှာ ဂျိုတာ အခြေအနေကောင်းမွန်ပါတယ်။
  • ဟာဗေး လွဲချော်နေဆဲပါ။

Liverpool’s XI vs. Bologna

နည်းပြဆလော့ဟာ ပရီးမီးယားလိဂ်မှာ ပင်တိုင် လူစာရင်းတစ်ခုကို တည်ဆောက်နေပေမယ့် အလှည့်ကျလုထုတ်မှုကိုလည်း တွဲလုပ်နေတာနဲ့အညီ ဘိုလော့ညာပွဲမှာ ဘယ်လို လူစာရင်း ရွေးချယ်သွားမလဲ ခန့်မှန်းရ ခက်ခဲလာပါတယ်။

ခံစစ်က အယ်လီဆန်၊ ထရန့်၊ ကိုနတေး၊ ဗန်ဒိုက်အပြင် ကွင်းလယ်မှာ မာကာ၊ ဂရာဗင်ဘက်၊ တိုက်စစ်မှာ ဆာလာတို့ကတော့ ပါဝင်လာမှာပါ။

စောင့်ကြည့်ရမှာက ရိုဘိုကို ထည့်သုံးမလား ကိုစတက်ကို ရွေးချယ်မလား ဖြစ်ပါတယ်။ ဒီရာသီ ဘယ်ခြမ်းမှာ သူတို့ နှစ်ဦးလုံး အရမ်းကြီး ကောင်းလှတယ် မဟုတ်ပေမယ့် အဆင်ပြေပြေ ကစားနိုင်နေပါတယ်။ ကိုစတက်ကို ထုတ်သုံးမယ်လို့ ယူဆရပါတယ်။

အဓိက မေးခွန်းက ကွင်းလယ်မှာ ဆိုဘိုစလိုင်ကို အနားပေးမလား ပါပဲ။ ကွင်းလယ် ၃ ယောက်တန်းကို တည်တည်ငြိမ်ငြိမ် ပွဲထုတ်နေခဲ့ရာ ဝုဗ်ပွဲမှာ ဆိုဘို ဆိုးဆိုးရွားရွား ခြေစွမ်းမျိုး ပြခဲ့ပြီး လူစားဝင်လာတဲ့ ကာတစ်ဂျုံးက သိပ်မဆိုးလှပါဘူး။ တိုက်စစ်မှာ ဂက်ပိုနဲ့ ဒါဝင်တို့ နေရာရမယ်လို့ ယူဆရပါတယ်။

ရာသီအစောပိုင်းပဲ ရှိသေးပေမယ့် လီဗာပူးရဲ့ ပွဲထွက်လူစာရင်းဟာ မှန်းဆရ မလွယ်ကူတော့ဘဲ ကွင်းတွင်း စွမ်းဆောင်ရည်က သိပ်မကွာလှတာဟာ အကောင်းမြင်စရာ ဖြစ်ပါတယ်။