ခံစစ်မှူး စိတ်ဝင်စားခြင်း၊ ထရန့်နဲ့ စကားပြောနေဆဲ၊ ချန်ပီယံလိဂ်ပွဲအတွက် ဂျာမနီကို ခရီးထွက်သွားတဲ့ ၂၀ ဦး စာရင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

ထရန့်နဲ့ စာချုပ်သစ်ကိစ္စ လုပ်ဆောင်ဖို့ အခွင့်အရေး နည်းနေပြီဆိုတဲ့ သတင်းတွေကို လီဗာပူးဘက်က ငြင်းဆန်ပါတယ်။ နှစ်ဘက်အဖွဲ့ကြားမှာ စကားပြောမှု လုပ်နေဆဲဖြစ်ပါတယ်။

ခီယေဆာဟာ ရာသီကြို လေ့ကျင့်ရေးမှာ မပူးပေါင်းခဲ့ရတာမို့ သူ့အတွက် ခက်ခဲတဲ့ အခြေအနေဖြစ်တယ်လို့ ဆလော့က ဆိုပါတယ်။ အီတလီတိုက်စစ်သမားဟာ ပွဲနေ့ ကြံ့ခိုင်မှုမျိုးရသေးဟန် မရှိပါဘူး။

အသင်းဟောင်း လိုက်ဇစ်ကို ပြန်ရမှာ၊ သူငယ်ချင်းဟောင်းတွေကို ပြန်တွေ့ရမှာအတွက် ပျော်ရွှင်တယ်လို့ ဆိုဘိုစလိုင်က ဆိုပါတယ်။

လီဗာပူးနဲ့ပွဲမှာ ဆာကာ မပါနိုင်လောက်သေးဘူးလို့ အာတီတာက ပြောပါတယ်။ ညာတောင်ပံသမားဟာ လေ့ကျင့်ရေး မဝင်နိုင်သေးဘူးလို့ သူက ထပ်လောင်း အသိပေးပါတယ်။

တနင်္ဂနွေနေ့ လီဗာပူးနဲ့ပွဲကျရင် သိပ်ကောင်းနေတဲ့ အာဆင်နယ်ကို မြင်ရပါမယ်လို့ အာတီတာက ကတိပေးနေပါတယ်။

ဂျိုတာ ဘယ်လောက်ကြာကြာ နားရမယ်ဆိုတာကို အခုထိ မသိရသေးပါဘူး။ ခရီးထွက်ရာမှာ မပါနိုင်ခဲ့တည်းက လိုက်ဇစ်ပွဲ လွဲချော်ဖို့ သေချာသွားခဲ့ပါပြီ။

နောက်ရာသီကစလို့ လီဗာပူးအသင်းဟာ Adidas နဲ့ လက်တွဲသွားမှာဖြစ်ကာ တစ်နှစ်ကို ပေါင် သန်း ၆၀ ကျော် ရရှိဖွယ်ရှိပါတယ်။

ဂျာမနီကို ထွက်သွားတဲ့ လူစာရင်း

  • ဂိုးသမား – ကလယ်ဟာ၊ ဂျာရိုစ့်၊ ဒေးဗစ်။
  • ခံစစ် – ဂိုးမက်စ်၊ ဗန်ဒိုက်၊ ကိုနတေး၊ ကိုစတက်၊ ရော်ဘတ်ဆန်၊ ထရန့်၊ ကွမ်းဆက်။
  • ကွင်းလယ် – အန်ဒို၊ ဆိုဘို၊ ဂရာဗင်ဘက်ချ်၊ မာကာ၊ ဂျုံး၊ မော်တန်၊ နိုင်ယွန်နီ။
  • တိုက်စစ်- ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို၊ ဆာလာ။

အင်္ဂလန်ထိပ်သီးတွေဖြစ်တဲ့ လီဗာပူး၊ ချယ်ဆီးအသင်းတွေမှာ ရင်းနှီးမြုပ်နှံဖို့ ဆော်ဒီဘက်က မျက်စိကျနေကြောင်း သတင်းအချို့ ထွက်ပေါ်နေပါတယ်။

ချယ်ဆီးဘက်က ခံစစ်မှူး Josh Acheampong ကို စာချုပ်သစ်ချုပ်ဖို့ ကြိုးစားနေပြီး သဘောတူညီမှု မရသေးတာကြောင့် လူငယ်ပွဲကော စီနီယာအသင်းကနေပါ ကစားသမားကို ဖယ်ထုတ်ထားပါတယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးကလည်း စိတ်ဝင်စားနေပါတယ်။

လီဗာပူးအသင်းဟာ လိုက်ဇစ်အသင်းမှ ပြင်သစ်သား ခံစစ်မှူး Lukeba ကို ခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အပြိုင် စိတ်ဝင်စားမှု ပြသနေပါတယ်။