ဆာလာကို လူစားလဲရခြင်း အကြောင်းရင်း၊ အယ်လီဆန် ပိုကြာကြာ နားရနိုင်ခြင်း၊ လိုက်ဇစ်နိုင်ပွဲအပြီး နောက်ဆက်တွဲများနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လိုက်ဇစ်ကို အဝေးကွင်းမှာ ၁-၀ ဖြင့် အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်ပွဲ ၃ ပွဲကစား ၃ ပွဲနိုင် ရမှတ် ၉ မှတ်ဖြင့် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေပါတယ်။

ဆာလာကို ခပ်စောစော လူစားလဲခဲ့တာ အာဆင်နယ်ပွဲကြောင့်ဖြစ်ကြောင်း ဆလော့က ပွင့်ပွင့်လင်းလင်း ထုတ်ပြောပါတယ်။

လိုက်ဇစ်ကို အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ကိုစတက်က ရရှိသွားပါတယ်။

သူရသင့်တဲ့ ပင်နယ်တီ အခွင့်အရေးကို ကွင်းလယ်ဒိုင်က မပေးလို့ ဒါဝင် နူးညက်စ် ဒေါသထွက်နေပေမယ့် အသင်းခေါင်းဆောင်က အဝါကတ်မထိရေး တားဆီးခဲ့လို့ စောဒက ဆက်မတက်ဖို့ ရွေးချယ်ခဲ့ပါတယ်။

ကာတစ်ဂျုံးအစား မာကာကို ပြန်ရွေးရတာဟာ အာဂျင်တီးနား ကွင်းလယ်လူ အဖျားမရှိတော့တာကြောင့် ဖြစ်တယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။

စီနီယာအသင်း ဒဏ်ရာ ပြဿနာတွေကြောင့် နိုင်ယွန်နီကို ခေါ်ယူထားရချိန် အဓိက ကွင်းလယ်လူ မပါနိုင်တဲ့ ယူ-၁၉ အသင်းဟာ လိုက်ဇစ် ယူ-၁၉ အသင်းကို ၃-၁ ဖြင့် ရှုံးနိမ့်သွားပါတယ်။

အယ်လီဆန်ရဲ့ ဒဏ်ရာဟာ ၂၀၂၅ မှ ပြန်ကစားနိုင်မယ်လို့ ကောလဟာလ တချို့ ထွက်ပေါ်နေပါတယ်။

ဒီအပတ် အမ်းမရိတ်ကပွဲမှာ တိုက်စစ်သမား ဆာကာဟာ အာဆင်နယ်အတွက် ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။

အမ်းမရိတ်မှာ အာဆင်နယ်ကို ရင်ဆိုင်ရတာက သိပ်ကို ခက်ခဲကြောင်းနဲ့ အာတီတာဟာ ထိပ်တန်းနည်းပြပါလို့ အာနယ် ဆလော့က ဝန်ခံပါတယ်။

တနင်္ဂနွေနေ့ အာဆင်နယ် vs လီဗာပူးပွဲစဉ်မှာ သူကတော့ အာနယ် ဆလော့ရဲ့ အသင်း အသာရမယ် မြင်မိတယ်လို့ ဖာဒီနန်က ခန့်မှန်းလိုက်ပါတယ်။

ပဲလေစ့် ခံစစ်မှူး ဂူဟီက ဒီနွေမှာ အသင်းပြောင်းခဲ့မယ်ဆိုရင် လိဂ်ရဲ့ ထိပ်ဆုံး ၄ သင်းထဲက တစ်သင်းထံ ပြောင်းရွှေ့လိုပြီး လီဗာပူးကို စိတ်ဝင်စားမှု ရှိတယ်လို့ အင်္ဂလန်သတင်းတွေက ဆိုပါတယ်။