

လီဗာပူးအသင်းက လိုက်ဇစ်ကို အဝေးကွင်းမှာ ၁-၀ ဖြင့် အနိုင်ရတဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့သူ တစ်ဦးကတော့ အထောင် တိုက်စစ်မှူးနေရာက ပွဲထွက်တဲ့ ဒါဝင်ပဲ ဖြစ်ပါတယ်။
ဆာလာရဲ့ ဂိုးဝင်လုနီးနီး ခေါင်းတိုက်ဘောကို အနီးကပ် ပြေးဝင်ပိတ်သွားခဲ့တဲ့ ဒါဝင်ကြောင့် လီဗာပူးအသင်း ဦးဆောင်ဂိုးရခဲ့ပါတယ်။ အသင်းဖော်တွေ ဝိုင်းပြီး ဂုဏ်ပြုချိန်မှာ ဒါဝင်ကတော့ မိုကိုပဲ လက်ညှိုးထိုးပြခဲ့ပြီး အီဂျစ်သားကြောင့် ရတာအဖြစ် နိမ့်ချစွာ ပြုမှုသွားပါတယ်။
ဒါဝင်ရဲ့ နောက်ထပ် ခေါင်းတိုက်ချက်က သိပ်ကောင်းခဲ့ပါသေးသလို ထောင့်ကန်ဘောတွေမှာ ဗန်ဒိုက် ခေါင်းတို်က်နိုင်ဖို့ ဧရိယာထဲမှာ ပါဝင်ကူညီခဲ့ပါသေးတယ်။ ဒါ့အပြင် ပထမပိုင်းမှာတင် ဒါဝင်ကြောင့် ပင်နယ်တီ ရမယ့် အခွင့်အရေးလည်း ရှိခဲ့ပါတယ်။
ဧရိယာထဲမှာ ဘောလုံးနဲ့အတူ ပြေးထွက်နေတဲ့ ဒါဝင်ကို ခံစစ်မှူးအော်ဗန်က တားဆီးရာမှာ ခြေကို ကန်ခဲ့မိပြီး ဒါဝင် ပစ်လဲသွားခဲ့တာပါ။ ကွင်းလယ်ဒိုင်က VAR ဒိုင် စစ်ဆေးမှုကို နားထောင်အပြီး ဒီဖြစ်ရပ်ကို ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။
How the hell is that not a penalty for a foul on Nunez? European refs as bad as their English counterparts. pic.twitter.com/W8kXVjBVNN
— David Steen (@davidsteen4) October 23, 2024
ဖြစ်ရပ်ကို ပြန်ပြတဲ့ ပြကွက်တွေ၊ အနှေးပြကွက်တွေ အရ ဒါဝင် သိသိသာသာ ခြေထိုးခံလိုက်ရတာဖြစ်ပေမယ့် ပင်နယ်တီ မရခဲ့တာဟာ ပွဲကို ခပ်စောစော ဖြတ်ထားလိုတဲ့ လီဗာပူးအတွက် နစ်နာလှပါတယ်။
စိတ်ဆိုးနေတဲ့ ဒါဝင်ဟာ အဆိုပါဖြစ်ရပ်ပြီးပြီးချင်း ပြိုင်ဘက် ခံစစ်မှူးကို ဝင်တိုက်ခံတာကြောင့် ကွင်းလယ်ဒိုင်က ခေါ်ယူသတိပေးခဲ့ရတယ်။ ပထမပိုင်း ၄၅ မိနစ်အပြီးမှာ ဒါဝင်က မာကာနဲ့အတူ ဒိုင်ထံသွားပြီ စောဒကတက်ခဲ့ပါတယ်။
How the fuck did Nunez not get that penalty!!?? 🤯🤯🤯 pic.twitter.com/64JaU0j2hl
— Jonny (@jonny_mag_tff) October 23, 2024
ကွင်းလယ်ဒိုင်ကို ဖိအားပေးရင် အဝါကတ် ပြသခံရနိုင်တာကြောင့် ဗန်ဒိုက်ကပဲ ဒါဝင်ကို အချိန်မီတားဆီးခဲ့ကာ အဝတ်လဲခန်းထဲ အတူ ခေါ်ဝင်သွားခဲ့ပါတယ်။
ဒီနေ့ပွဲဟာ အာနယ် ဆလော့ လက်ထက် ဒါဝင်ကို အကောင်းဆုံး စွမ်းဆောင်ရည်တွေနဲ့ မြင်ရတဲ့ပွဲဖြစ်ပြီး သွင်းဂိုးအပြင် ဘောလုံးဖြတ်ယူမှု၊ ဖိအားပေးမှု၊ နေရာလွတ် လိုက်လံ ပိတ်ဆို့မှု၊ ကိုယ်တိုင် အခွင့်အရေး ယူမှုတွေမှာပါ တိုးတက်လာနေတာကြောင့် အာဆင်နယ်ပွဲမှာ ရလဒ်ယူနိုင်ရေး ဒါဝင်ရဲ့ စွမ်းဆောင်ရည်က အရေးပါလာဦးမှာ ဖြစ်ပါတယ်။