အလွန်ဆိုကို ပြိုင်ဘက်အဖြစ် ပြန်မြင်ရမယ့် ဒီည ချန်ပီယံလိဂ်ပွဲ ဖြစ်လာဖွယ် လူစာရင်း

လီဗာပူးအသင်းဟာ ဒီကနေ့ညမှာတော့ ချန်ပီယံလိဂ် ပြိုင်ဘက် ၈ သင်းထဲက အတောင့်တင်းဆုံး ပြိုင်ဘက် ၂ သင်းထဲက ၁ သင်းဖြစ်တဲ့ လေဗာကူဆင်ကို အိမ်ကွင်း အန်ဖီးမှာ ဧည့်ခံသွားရဖို့ ရှိနေပါတယ်။

Team News

  • တနင်္လာနေ့ အက်ဆာက လေ့ကျင့်ရေးမှာ လီဗာပူးအသင်းသား ၂၃ ဦး အတူတကွ လေ့ကျင့်ခဲ့ကြပါတယ်။
  • ဘရိုက်တန်ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ကိုနတေး အဓိက အသင်းသားတွေနဲ့အတူ လေ့ကျင့်ရေး ဝင်ပါတယ်။
  • အယ်လီဆန်၊ ဟာဗေး၊ ခီယေဆာနဲ့ ဂျိုတာတို့ လေ့ကျင့်ရေးမှာ မပါနိုင်ပါဘူး။

Liverpool’s XI vs. Leverkusen

ဂိုးသမားနေရာ ကလယ်ဟာပဲ ဆက်လက် တာဝန်ယူမယ့် ဒီပွဲမှာတော့ အပြောင်းအလဲ ဖြစ်လာခဲ့ရင် ၂ နေရာရှိနိုင်ပါတယ်။ တစ်နေရာက ဘယ်အစွန်ပိုင်းဖြစ်ပြီး ရော်ဘတ်ဆန် ပြန်ပြီး ပွဲထွက်လာဖို့ ရှိနေကာ ဗဟိုခံစစ်မှာ ကိုနတေး ကစားသမား ဂိုးမက်စ် ဒါမှမဟုတ် ကွမ်းဆက် ကစားမလား မသေချာသေးပါဘူး။ ထရန့်နဲ့ ဗန်ဒိုက်တို့တော့ ပါလာဖို့ ရှိပါတယ်။

ကွင်းလယ်မှာ မာကာ၊ ဂရာဗင်ဘက်ချ်ကို အထိုင်ထားပြီး ရှေ့ တစ်နေရာမှာ ကာတစ်ဂျုံး ကစားခွင့်ရလာနိုင်တယ်။ ဒီတလောမှာ ဆိုဘိုက အဓိက ပွဲကစားခွင့်ရလာပေမယ့် ကာတစ်ဂျုံးရဲ့ သက်ရောက်မှုက ပိုမို ကြီးမားလာတာ မြင်နိုင်ပါတယ်။

တိုက်စစ်မှာတော့ ပွဲဆက်နေတဲ့ ဂက်ပိုကို အနားပေးပြီး ဒီယက်ဇ်၊ ဒါဝင်၊ ဆာလာ တိုက်စစ်အတွဲ ဖြစ်လာမယ် မျှော်လင့်ရပါတယ်။

ကစားသမားဟောင်း အလွန်ဆိုက ပြိုင်ဘက်အသင်း နည်းပြအဖြစ် ပြန်လာခြင်းဖြစ်လို့ အန်ဖီးကွင်းက အကောင်းဆုံး ကြိုဆိုမှာဖြစ်ပေမယ့် ဇယားထိပ်ပိုင်းမှာ ဆက်နေနိုင်ရေး လီဗာပူးနဲ့ ဂျာမာန် ထိပ်သီးကလပ်တို့ရဲ့ ပွဲဟာ ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေပါတယ်။