ဟက်ထရစ်ရှင် လူချို၊ အန်ဖီးရဲ့ ရုန်းအားကို ချီးကျူးကြခြင်း၊ အလွန်ဆိုထံက နှစ်သက်ဖွယ် စကားများနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

အိမ်ကွင်းမှာ လေဗာကူဆင်ကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရတဲ့နောက် လီဗာပူးအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ် အမှတ်ပေးဇယားကို ၄ ပွဲကစား ၄ ပွဲနိုင် ၁၂ မှတ်ဖြင့် ထိပ်ဆုံးက ဦးဆောင်သွားပါပြီ။

ဟော်လန်မှာ သူ့နာမည်ကို ပရိသတ်တွေ အော်ဟစ်ပြီး အားပေးတာမျိုး သိပ်မမြင်ရပေမယ့် လီဗာပူးပရိသတ်တွေ လုပ်ပေးခြင်းကို ဆလော့က သဘောတွေကျနေပါတယ်။

ပရီးမီးယားလိဂ်သမိုင်းမှာ နည်းပြသစ်တစ်ဦးက ပြိုင်ပွဲစုံ ၁၆ ပွဲအတွင်း ၁၄ ပွဲထိ အနိုင်ယူတာမျိုး ဆလော့ မတိုင်ခင် တစ်ဦးမှ မရှိဖူးပါဘူး။

လီဗာပူးရဲ့ အခြေအနေကို ကြည့်ပြီး အလွန်ဆိုက အတော်လေး အဆင်ပြေမယ့် ဘောလုံးရာသီပါလို့ မှတ်ချက်ပေးပါတယ်။

ကစားကွင်းထဲကို အဝင်မှာ အလွန်ဆိုဟာ This is Anfield ဆောင်ပုဒ်ကို လက်ဖြင့် ထိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် ချန်ပီယံလိဂ် ချန်ပီယံဟောင်းဟာ သူ့ရဲ့ အောင်မြေကို မမေ့သေးပါဘူး။

ကာတစ်ဂျုံးကို နံပါတ် ၆ သမားအဖြစ် စသုံးခဲ့ပေမယ့် အဲ့နေရာဟာ ကွင်းလယ်လူရဲ့ အကောင်းဆုံး နေရာ မဟုတ်ကြောင်းနဲ့ ကစားသမားတွေအကြောင်း အခုချိန်ထိ သင်ယူနေရဆဲလို့ ဆလော့က ဝန်ခံပါတယ်။

လေဗာကူဆင်ကို ရင်ဆိုင်ရာမှာ ဒီယက်ဇ်ကို အထောင်ထားရခြင်းက ဂျာမာန်လိဂ်ရဲ့ အကောင်းဆုံး ခံစစ်မှူး တစ်ဦးဖြစ်တဲ့ Tah ကို ရင်ဆိုင်ဖို့ဖြစ်တယ်လို့ ဆလော့က ပြောပါတယ်။

ချန်ပီယံလိဂ်ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဟက်ထရစ်ရှင် ဒီယက်ဇ်က ရရှိပါတယ်။

ဒီရာသီမှာ ကာတစ်ဂျုံးဟာ ရင့်ကျက်လာနေပြီး ဒီနောက်ပိုင်းပွဲတွေအတွင်း သူ့ရဲ့ ကစားနိုင်စွမ်းဟာ သီယေဂိုကို အစားပြန်ရသလိုဖြစ်ကြောင်း အသင်းပရိသတ်တွေက ချီးကျူးနေပါတယ်။

လီဗာပူးပရိသတ်တွေ အားနဲ့မာန်နဲ့ တကယ်ကြီး ရုန်းထပြီဆိုရင် ပြိုင်ဘက်တွေ တောင့်မခံနိုင်တာ ဘရိုက်တန်နဲ့ လေဗာကူဆင်ပွဲတွေက သက်သေပဲဖြစ်ကြောင်း သတင်းထောက်တွေက ဆိုပါတယ်။

အန်ဖီးကွင်းက ပရိသတ်တွေဟာ ‘Arne’s Slot Machine’ ဆိုတဲ့ အလံတစ်ခုကို နည်းပြအတွက် ပြုလုပ်ပေးထားကြပြီ ဖြစ်ပါတယ်။