

အာနယ် ဆလော့က ဒီယက်ဇ်ကို အထောင်တိုက်စစ်မှူးအဖြစ် သုံးသွားခဲ့ကာ ကိုလံဘီယာသားဟာ လီဗာပူး ကစားသမားဘဝ ပထမဆုံးသော ဟက်ထရစ်ကို ရရှိသွားခဲ့ပါတယ်။
အီဘူးက နည်းစနစ် အပြောင်းအလဲကို ရူးလောက်စရာအဖြစ် ကင်ပွန်းတပ်ခဲ့တယ်။ အသင်းရဲ့ တိုက်စစ်သမားတွေ ခြေစွာနေခြင်းကို သဘောကျနေပြီး သူတို့ အခုလို ခြေစွမ်းတွေ ပြနေခြင်းဟာ အသင်းအတွက် ကောင်းသော ကိစ္စဖြစ်တာမို့ ဆက်လုပ်နိုင်ကြဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
” တကယ်ကြီး ရူးလောက်စရာနော် (ဒီယက်ဇ်ကို အထောင်ထားခြင်း) ။ ဒါပေမယ့် အသင်းအတွက် ကျနော်တို့အတွက်တော့ ကောင်းတာပါပဲ။ ကျနော်တို့ ပိုင်ဆိုင်ထားတဲ့ တိုက်စစ်သမား အားလုံးအတွက် အကောင်းဆုံးဖြစ်စေဖို့ ဆုတောင်ပေးပါတယ်။
သူတို့ သိပ်ကောင်းတဲ့ ရာသီအစကို ပိုင်ဆိုင်ထားတာလေ။ သူတို့ ဂိုးတွေ ဆက်သွင်းနိုင်ဖို့ အချင်းချင်း ဂိုးထောက်ပံ့မှု ဆက်လုပ်ပေးနိုင်ကြစေဖို့လည်း ကျနော် မျှော်လင့်ပါတယ်။ ” လို့ ကိုနတေးက ဆုတောင်းပေးတာ ဖြစ်ပါတယ်။
ပြင်သစ်သား ခံစစ်မှူးက အန်ဖီးကပေးတဲ့ ခွန်အားတွေကိုလည်း မမေ့ပါဘူး။ လျှပ်လျှပ်ထနေတဲ့ ပရိသတ်တွေရဲ့ အားပေးမှုဟာ အသင်းကို မောင်းနှင်နိုင်စွမ်း ရှိကြောင်းကို သူ့ရဲ့ အသံကျယ်ကျယ်ကြီးဖြင့် ရယ်မောပြီး အားပါးတရ ပြောပါသေးတယ်။
ဆက်ပြီးလည်း အီဘူးက ” လီဗာပူးအသင်းအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ ကျနော်တို့က သိပ်ကောင်းတဲ့ အသင်းကောင်းကို ရင်ဆိုင်ပြီး ပွဲကောင်းတစ်ပွဲ ကစားပြခဲ့တာပါ ” လို့လည်း မှတ်ချက်ပေးခဲ့သေးတာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အီဘူးကို သက်တမ်းတိုးနိုင်ဖို့ ကြိုးစားနေပြီး ဒီနှစ် မကုန်ခင်မှာတင် တရားဝင် ပြီးမြောက်ဖို့ အားထုတ်နေတာပဲ ဖြစ်ပါတယ်။