ဂိုးပြတ်နိုင်ပေမယ့် လိုအပ်ချက်ကို ထောက်ပြတဲ့ ဆလော့၊ အပြောင်းအရွှေ့ စတင်တော့မည်၊ ကလက်အတွက် ပေါင် ၁၂ သန်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

August 4, 2024 LFC2 0

လီဗာပူးအသင်းရဲ့ အမေရိကန် ရာသီကြို ခြေစမ်းပွဲဟာ ၃ ပွဲကစား ၃ ပွဲနိုင်ဖြင့် အပြီးသတ်ခဲ့ပါပြီ။ မကြာခင် လီဗာပူးမြို့ကို ပြန်ဖို့ရှိကာ ဆီးဗီးလာ၊ လာ့ပါမက်စ်တို့နဲ့ ခြေစမ်းပွဲ ဆက်ကစားပါမယ်။ ယူနိုက်တက်ကို ၃-၀ ဖြင့် အနိုင်ရပေမယ့် ပိုကောင်းကောင်း ထိန်းချုပ်နိုင်ဖို့ လိုခဲ့တယ်လို့ ဆလော့က သုံးသပ်ပါတယ်။ […]

လာမယ့်အပတ်မှာ ကလပ်အတွက် အရေးကြီးဆုံးဖြတ်ချက်ကို ဆလော့ထံက နားထောင်မယ့် လီဗာပူး

August 3, 2024 LFC2 0

လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် အရေးကြီးဆုံးဖြတ်ချက်တွေကို လာမယ့်အပတ်မှာ ပြုလုပ်သွားမှာပဲ ဖြစ်ပါတယ်။ ရာသီကြို ပြင်ဆင်မှုတွေအတွင်း အမေရိကန် ခြေစမ်းပွဲ နောက်ဆုံးပွဲအဖြစ် မနက်ဖြန် မနက်မှာ မန်ချက်စတာ ယူနိုက်တက်နဲ့ ယှဉ်ပြိုင်ကစားမှာပါ။ အဲ့ပွဲအပြီးမှာ အင်္ဂလန်ကို ပြန်လာမယ့် လီဗာပူးအသင်းဟာ ဗန်ဒိုက်၊ ထရန့်၊ ဂက်ပို အပြင် […]

ဆလော့ ကစားကွက်မှာ အံဝင်လွန်းတဲ့ အသင်းဖော် ၂ ဦးကို ထုတ်ဖော် ချီးကျူးခဲ့တဲ့ ကာတစ်ဂျုံး

August 3, 2024 LFC2 0

ကွင်းလယ်လူ ကာတစ်ဂျုံးက နည်းပြအာနယ် ဆလော့ရဲ့ နည်စနစ်မှာ သူတို့ ကွင်းလယ်လူတွေ တာဝန်ယူနေရတဲ့ နေရာတွေကို ထုတ်ပြောလာပါတယ်။ ဟာဗေးဟာ နံပါတ် ၁၀ သမား စစ်စစ်အဖြစ် ကစားခွင့်ရနေပြီး ကာတစ်ဂျုံးကတော့ ကွင်းလယ် နှစ်ဦးတန်းနေရာမှာ အန်ဒို၊ ဆိုဘိုတို့နဲ့အတူ တွဲဘက်လာနေတာပါ။ မာကာ ပြန်ရောက်လာပြီဖြစ်လို့ လီဗာပူး […]

မာကာ ပူးပေါင်းခြင်း၊ ဘော်ဘီကလပ်အတွက် ပေါင် ၆ သန်းကို ပယ်ချခြင်း၊ ဗန်ဒန်ဘတ်ကို စတုတ္ထဦးစားပေး ထားဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

August 3, 2024 LFC2 0

ကွင်းလယ်လူ မာကာဟာ လီဗာပူးအသင်းရဲ့ ရာသီကြိုကို ပြန်ပူးပေါင်းခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာတော့ ပါဝင်ဦးမှာ မဟုတ်ပါဘူး။ နယူးကာဆယ်အသင်းဟာ တိုက်စစ်သမား ဂေါ်ဒန်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားတော့မှာဖြစ်သလို လီဗာပူးအသင်းထံက ကမ်းလှမ်းမှု ခပ်မြန်မြန်ရောက်လာမယ် ယူဆနေပါတယ်။ လီဗာပူးအသင်း မကြာခင် လူသစ်ခေါ်ယူမှု လုပ်တော့မယ်လို့ ကလပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဖော်ထုတ်လာပါတယ်။ […]

ဂူဟီကို နယူးကာဆယ် ချိတ်ဆက်မှု လီဗာပူးနဲ့ ဆက်နွယ်လာမလား စောင့်ကြည့်ရဖွယ်ရှိ

August 2, 2024 LFC2 0

နယူးကာဆယ်အသင်းဟာ ဗဟိုခံစစ်မှူးသစ်ရဖို့ စတင် အားထုတ်လာကာ ပဲလေစ့် ခံစစ်မှူး ဂူဟီကို စတင် ချိတ်ဆက်နေပါပြီဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ပဲလေစ့် ခံစစ်သမားကို လီဗာပူးဘက်ကလည်း သဘောကျပေမယ့် ယူရိုမတိုင်ခင် စုံစမ်းမေးမြန်းခဲ့တာကလွဲလို့ တရားဝင် ချိတ်ဆက်မှု မလုပ်ခဲ့ပါဘူး။ နယူးကာဆယ်ဘက်က ဂူဟီကိုရဖို့ ပေါင် သန်း […]

NEWS: လီဗာပူးပရိသတ်တွေ ၁၀ ရက်အတွင်း သတင်းကောင်းကြားရမယ်လို့ သတင်းထောက် ဆို

August 2, 2024 LFC2 0

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ရာသီကြို ပြင်ဆင်မှု အရှိန်ရလာနေသလို ဒီလထဲမှာပဲ ပရီးမီးယားလိဂ် ဘောလုံးရာသီသစ် စတင်တော့မှာပါ။ ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေကြောင့် မာကာ၊ ဗန်ဒိုက်၊ ထရန့် အပါအဝင် အဓိက ကစားသမားတွေ အသင်းနဲ့ ပူးပေါင်းမှု နောက်ကျချိန်မှာ အငှားက ပြန်လာတဲ့ ကြယ်ပွင့်တွေနဲ့ အကယ်ဒမီမှ […]

နည်းပြလောကက အပြီးအနားယူတာ မဟုတ်ဘဲ ပြန်လာဖို့ အချိန်ယူဦးမယ့် ယာဂင်ကလော့ပ်

August 2, 2024 LFC2 0

ဒီရက်ထဲမှာ ကလော့ပ် နည်းပြလောကကနေ အပြီးတိုင် အနားယူသွားပြီလို့ ဖော်ပြချက်တွေရှိနေပေမယ့် ရာနှုန်းပြည့် မှန်ကန်ခြင်း မဟုတ်ဘဲ သူ့ရဲ့ အင်တာဗျူး အပေါ်ပိုင်းလောက်ကို သတင်းဖော်ပြနေကြခြင်းဖြစ်ပါတယ်။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို အပြည့်အဝ အနားယူမယ့် နည်းပြကလော့ပ်ဟာ ၂၀၂၅ နွေမတိုင်ခင် နည်းပြလောကထဲ ပြန်မဝင်လာဘူးလို့ အတိအလင်း ထုတ်ဖော်ထားပါတယ်။ နောက်ဆုံးလုပ်ခဲ့တဲ့ […]

ကွမ်းဆက်ကို ရောင်းမှာ မဟုတ်ခြင်း၊ ကာဗာရို ဆက်နေဖွယ်ရှိခြင်း၊ ကလော့ပ် အနားယူဦးမည် မဟုတ်ခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

August 2, 2024 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာ ကွမ်းဆက်အတွက် မည်သည့် ချိတ်ဆက်မှုမှ လက်ခံ စကားပြောမှာ မဟုတ်ပါဘူး။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားကို လက်ရှိကော အနာဂတ်အတွက်ပါ ရည်ရွယ်ပါတယ်။ ဘယ်အစွန်လူ အိုဝင်ဘက်ကို ဒီနွေမှာ အငှားထပ်ချဖို့ထက် အပြီးသတ် ရောင်းထုတ်လိုက်ဖို့ကို လီဗာပူးဘက်က စဉ်းစားထားပါတယ်။ လာမယ့် ယူနိုက်တက်နဲ့ […]

ဂိုးမက်စ်အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်ပေးလိုက်တဲ့ လီဗာပူး

August 1, 2024 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာ လူသစ် ခေါ်ယူမှု တစ်ခုမှ မလုပ်သေးသလို ကစားသမား ရောင်းချမှုကြီးလည်း မလုပ်သေးဘဲ ဩဂုတ်လထဲမှာတော့ အပြောင်းအလဲ လုပ်လာတော့မှာဖြစ်ကြောင်း The Athletic က ဖော်ပြပါတယ်။ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်ဟာ နောက်ကွယ်မှာ စကားပြောမှုတွေ ဆက်တိုက် လုပ်ဆောင်နေကြောင်းကို နည်းပြအာနယ် ဆလော့က အသိပေးထားပြီး […]

အမေရိကန်မှာမို့ အမေရိကန်လို့ ကျင့်ပြသွားတဲ့ အာနယ် ဆလော့ရဲ့ အကွက်သစ်

August 1, 2024 LFC2 0

နည်းပြသစ်လက်ထက် အိုင်ဒီယာအသစ်တွေနဲ့ ရှေ့ဆက်နေတဲ့ လီဗာပူးအသင်း အမေရိကန်ရာသီကြိုမှာ လူပြခဲ့တဲ့ အကွက်ဟာ အတော်လေး လူပြောများခဲ့ပါတယ်။ အာဆင်နယ်ကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲအတွင်း ကိုစတက် ကန်တင်ပေးမယ့် ညာခြမ်းထောင့်ကန်ဘော တစ်ကြိမ်မှာ လီဗာပူးအသင်းဟာ အာဆင်နယ် ကစားသမားတွေနဲ့အတူ ဧရိယာထဲမှာ နေရာမယူဘဲ စည်းထောင့်မှာ အတန်းလိုက်ရပ်နေကာ ဘောလုံးရောက်ခါနီးမှ […]