လီဗာပူးက သူ့အတွက် အကြီးကျယ်ဆုံး ပြိုင်ဘက်အဖြစ် ချီးကျူးပြီး အနိုင်ကစားမယ်လို့ ဂွာဒီယိုလာ ဆို

February 22, 2025 LFC2 0

ဂွာဒီယိုလာကတော့ ဒီရာသီ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခြင်း မရှိပေမယ့် ဒီအပတ်ပွဲမှာ ရမှတ်တွေယူမယ်လို့ ထုတ်ပြောလာပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ မန်စီးတီးဟာ နောက်ရာသီ ဥရောပ ထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ခွင့်အတွက် အာရုံစိုက် ကြိုးစားလာတော့မှာပါ။ သူတို့အသင်းဟာ ဒီတလောမှာ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာနေတယ်လို့ ဂွာဒီယိုလာက မြင်ပါတယ်။ […]

ဂွာဒီယိုလာနဲ့ ဆာလာတို့ရဲ့ အပြန်အလှန် လေးစားမှု၊ နွေအတွက် ပလန်ရှိတယ်ဆိုတဲ့ အာနယ် ဆလော့၊ ချန်ပီယံလိဂ်ပြိုင်ဘက်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

February 22, 2025 LFC2 0

ဒီရာသီ လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးထက် ပိုကောင်းတယ်လို့ သူ ဖြေမပေးနိုင်ဘူးလို့ ဂွာဒီယိုလာက ပြောပါတယ်။ ဒါဟာ မန်နေဂျာဟောင်းအပေါ် ထားရှိတဲ့ သူ့ရဲ့ လေးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေ ဖြစ်နေပါစေ စီးတီးဟာ စီးတီးပဲဖြစ်ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့ နည်းပြနဲ့ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ […]

ဒီတောင်ကို ကျော်နိုင်ရင် လီဗာပူး ပွဲပြန်ချောင်ပြီလို့ သတိပေးလိုက်တဲ့ ဒန်နီ မာဖီ

February 21, 2025 LFC2 0

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၁ ပွဲ ပိုကစားပြီး အမှတ်ပေးလိဂ်ကို ၈ မှတ်ဖြတ်ထားကာ လက်ကျန်ပွဲကို အာဆင်နယ်တို့ အနိုင်ရမယ်ဆိုရင် ၅ မှတ်ကွာကို ရောက်ရှိလာပါမယ်။ ဒါ့အပြင် ဒီအပတ် အီသီဟတ်မှာ မန်စီးတီးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာကြောင့် ဖလားပြိုင်ဆိုင်မှုက ပိုမိုလမ်းပွင့်လာမယ်လို့ ယူဆသူတွေ […]

ရာနှုန်းပြည့် မကောင်းသေးတဲ့ ထရန့်၊ မန်စီးတီးပွဲ လွဲဦးမယ့် ဂက်ပို၊ အာနယ် ဆလော့ ဖိုင်နယ်ပွဲ လွဲနိုင်ခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

February 21, 2025 LFC2 0

မကြာခင်မှာတော့ အာနယ် ဆလော့ရဲ့ ပွဲပယ်ကိစ္စကို ဆုံးဖြတ်ပေးလာတော့မှာ ဖြစ်ကာ နယ်သာလန်သားဟာ ကာရာဘောင်း ဖိုင်နယ်ကို လွဲချော်သွားနိုင်ချေ ရှိနေပါတယ်။ လဲနေရင် ပြန်ထမှာဖြစ်ပြီး လီဗာပူးမှာ ရှိနေတဲ့ နောက်ဆုံးရက်ထိ လုံးဝ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ဒါဝင်က ထုတ်ပြောလာပါတယ်။ နည်းပြအာနယ် ဆလော့ကတော့ ဖြစ်နိုင်သလောက် ဂျိုတာကို […]

ရလဒ်တွေ ထိခိုက်လာစေတဲ့ အသင်းရဲ့ အားနည်းချက်ကို အာနယ် ဆလော့ ထုတ်ဖော်

February 20, 2025 LFC2 0

လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၂ ဖြင့် သရေကျခဲ့ကာ ရမှတ် အပြည့်မယူနိုင်ခြင်းကြောင့် ဒုတိယနေရာက အာဆင်နယ်ကို ရမှတ်ဆယ်ဂဏန်း ဖြတ်ထားနိုင်မယ့် အခွင့်အရေးအား ဆုံးရှုံးခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်က ဂျိုတာနဲ့ ဒါဝင်တို့ ဂိုးမသွင်းနိုင်တဲ့ အခြေအနေအပြင် အသင်းရဲ့ တည်ကန်ဘောကနေ ဂိုးတွေ ယူနိုင်ခြင်းမရှိဘဲ ဂိုးတွေ […]

အက်စတွန်ဗီလာပွဲမှာ အပြိုင်ညံ့ခဲ့ကြသူ ၂ ဦး၊ မန်စီးတီးပွဲလွဲမယ့် ဘရတ်ဒလေ၊ တိုက်စစ်သမား ၂ ဦး ကစားကွက်ကို သုံးရခြင်း အကြောင်းရင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

February 20, 2025 LFC2 0

လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၂ သရေကျတာကြောင့် ဒုတိယနေရာက အာဆင်နယ်ထက် ၁ ပွဲပိုကစား ၈ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ပါတယ်။ ဗီလာပွဲမှာ ထရန့်နဲ့ ဂျိုတာတို့ကို ၆၅ မိနစ်မှာတင် လူစားလဲခဲ့တာဟာ သူတို့နှစ်ဦးက ဒဏ်ရာကနေ ပြန်သက်သာလာစမို့ ပွဲချိန်ပြည့် သုံးမကောင်းသေးတာကြောင့်လို့ အာနည် […]

NEWS: ရာသီကုန်ရင် အကြီးစား ပြောင်းလဲမှု ပြုလုပ်သွားမယ့် လီဗာပူးအသင်း

February 19, 2025 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေမှာ လူစာရင်းကို အကြီးစား ပြောင်းလဲမှု ပြုလုပ်သွားဖို့ရာ ရည်ရွယ်နေကြောင်း The Athletic သတင်းဌာနမှ နာမည်ကျော် မာဆေးဆိုဒ် သတင်းထောက် ဂျိမ်းပီယာဇ့်က ဖော်ပြလာပါတယ်။ ၂၀၂၃ မှာ ကွင်းလယ်ကြောင်းကို အသစ် ဖွဲ့စည်းခဲ့သလို တူညီတဲ့ အသွင်ပြောင်းမှုမျိုး တိုက်စစ်အတွက်ပါ လုပ်တော့မယ်ဆိုတဲ့ သတင်းတွေက […]

ဆာလာလောက် ရက်ဖိုဒ့် လုပ်နိုင်တယ်ဆိုတဲ့ အမ်မရီ၊ ချန်ပီယံလိဂ်မှာ လီဗာပူးနဲ့ တွေ့လိုတဲ့ ကော်တွိုက်စ်၊ ဒီယက်ဇ်ကိုလည်း ရောင်းချဖွယ်ရှိခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

February 19, 2025 LFC2 0

ကြာသပတေမနက် လီဗာပူးနဲ့ပွဲမှာ အက်စတွန်ဗီလာ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းကနေ ရက်ဖိုဒ့် ပါဝင်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲ ၃ ပွဲလောက်မှာ လီဗာပူးအသင်းရဲ့ ခြေစွမ်းဟာ အသင်းလုပ်ပြနိုင်တဲ့ အနေအထားထက် လျော့ကျခဲ့ကြောင်း နည်းပြအာနယ် ဆလော့က ဝန်ခံပါတယ်။ ဆာလာက ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပေမယ့် ရက်ဖိုဒ့်နဲ့ […]

လီဗာပူးနဲ့ မိုဆာလာကြား အသုံးချခံဖြစ်နေလို့ စိတ်ပျက်လာတဲ့ ဆော်ဒီပရိုလိဂ်

February 18, 2025 LFC2 0

လီဗာပူးအသင်းဟာ မိုဆာလာကို ရာသီကုန်မှာ စာချုပ်သစ်ပေးရေး အောင်မြင်သွားဖွယ် ရှိနေတယ်လို့ ဗြိတိန်သတင်းဌာနတွေက ဖော်ပြလာပါတယ်။ မိုဆာလာဘက်က စာချုပ်သစ်ကိစ္စ အဆင်မပြေတာကြောင့် ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ တရားဝင် ထုတ်ပြောထားတာပါ။ ဒီလတွေအတွင်းမှာလည်း အခြေအနေ တိုးတက်ကြောင်း သတင်းတွေ မကြားထားရပါဘူး။ ထူးထူးခြားခြားဆိုလို့ ဆာလာရဲ့ ကိုယ်စားလှယ်တွေဘက်က နည်းပြအာနယ် […]

ဆာလာ ဆက်နေမယ် အသံထွက်ခြင်း၊ နယူးကာဆယ်ကနေ ထွက်နိုင်တဲ့ အီဆက်၊ သန်း ၅၀ တန် ခံစစ်မှူးကို စိတ်ဝင်စားခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

February 18, 2025 LFC2 0

လီဗာပူးအသင်းဟာ လာမယ့်ရာသီအတွက် လက်မှတ်နှုန်းထားကို မပြောင်းလဲခဲ့ပါဘူး။ တစ်ရာသီစာ လက်မှတ်တွေကိုလည်း စျေးမပြောင်းဘဲ ဆက်ထားထားပေးမယ်လို့ သိရပါတယ်။ ဇွန်လမှာ အသက် ၃၃ နှစ်ပြည့်တော့မယ့် မိုဆာလာဟာ လီဗာပူးအသင်းမှာ ဆက်နေမယ်ဆိုတဲ့ အသံမျိုးတွေ ထွက်လာနေပြီး အင်္ဂလန်သတင်းဌာန ဒေးလီးမေလ်းကလည်း ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီ၊ ရီးရဲလ်မက်ဒရစ်တို့လို ထိပ်တန်းအသင်းတွေနဲ့ အပြောင်းအရွှေ့ […]