မန်စီးတီးကို အနိုင်ယူပြီး အမှတ်ပေးဖလားအား ၁၁ မှတ်ဖြတ်နိုင်ခဲ့တဲ့နောက် ရာသီစဆိုရင် အသင်း ဒီလိုစိန်ခေါ်လာမယ် ဘယ်သူကမှ မထင်ခဲ့ပါဘူးလို့ အာနယ် ဆလော့က ဆိုပါတယ်။ ရာသီစက ဘီဘီစီ သတင်းထောက် အယောက် ၂၀ ကျော်ထဲမှာ တစ်ဦးတစ်ယောက်ကမှ လီဗာပူးအသင်း ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြခြင်း မရှိပါဘူး။ မန်စီးတီးပွဲမှာ […]
လီဗာပူးအသင်းဟာ ဒုတိယနေရာက အာဆင်နယ်ကို အမှတ်ပေးဇယားမှာ ၈ မှတ်ဖြတ်ထားနိုင်ခဲ့ပြီဖြစ်ကာ ဒီကနေ့ည မန်စီးတီးပွဲမှာ ရလဒ်ကောင်း ယူနိုင်ခဲ့ရင် ချန်ပီယံဖြစ်ရေး သိသိသာသာ ရေပန်းစားလာပါလိမ့်မယ်။ လီဗာပူးအသင်းဟာ လက်ကျန် ၁၂ ပွဲမှာ ၁၀ ပွဲနိုင်မယ်ဆိုရင် အာဆင်နယ်ရဲ့ ရလဒ်တွေကို ကြည့်စရာမလိုဘဲ ချန်ပီယံဖြစ်ပါမယ်။ မန်စီးတီးပွဲမှာ ဂက်ပို […]
ဂွာဒီယိုလာကတော့ ဒီရာသီ လီဗာပူးအသင်းနဲ့ ယှဉ်ပြိုင်ပြီး ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်ခြင်း မရှိပေမယ့် ဒီအပတ်ပွဲမှာ ရမှတ်တွေယူမယ်လို့ ထုတ်ပြောလာပါတယ်။ ချန်ပီယံလိဂ်ကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ မန်စီးတီးဟာ နောက်ရာသီ ဥရောပ ထိပ်တန်းပြိုင်ပွဲမှာ ပါဝင်ခွင့်အတွက် အာရုံစိုက် ကြိုးစားလာတော့မှာပါ။ သူတို့အသင်းဟာ ဒီတလောမှာ စွမ်းဆောင်ရည်ပိုင်း တိုးတက်လာနေတယ်လို့ ဂွာဒီယိုလာက မြင်ပါတယ်။ […]
ဒီရာသီ လီဗာပူးအသင်းဟာ ယာဂင်ကလော့ပ်ရဲ့ လီဗာပူးထက် ပိုကောင်းတယ်လို့ သူ ဖြေမပေးနိုင်ဘူးလို့ ဂွာဒီယိုလာက ပြောပါတယ်။ ဒါဟာ မန်နေဂျာဟောင်းအပေါ် ထားရှိတဲ့ သူ့ရဲ့ လေးစားမှုကြောင့်ပဲ ဖြစ်ပါတယ်။ ဘယ်လိုအခြေအနေ ဖြစ်နေပါစေ စီးတီးဟာ စီးတီးပဲဖြစ်ပြီး သမိုင်းတစ်လျှောက် အကောင်းဆုံးဆိုတဲ့ နည်းပြနဲ့ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ […]
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၁ ပွဲ ပိုကစားပြီး အမှတ်ပေးလိဂ်ကို ၈ မှတ်ဖြတ်ထားကာ လက်ကျန်ပွဲကို အာဆင်နယ်တို့ အနိုင်ရမယ်ဆိုရင် ၅ မှတ်ကွာကို ရောက်ရှိလာပါမယ်။ ဒါ့အပြင် ဒီအပတ် အီသီဟတ်မှာ မန်စီးတီးကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေသေးတာကြောင့် ဖလားပြိုင်ဆိုင်မှုက ပိုမိုလမ်းပွင့်လာမယ်လို့ ယူဆသူတွေ […]
မကြာခင်မှာတော့ အာနယ် ဆလော့ရဲ့ ပွဲပယ်ကိစ္စကို ဆုံးဖြတ်ပေးလာတော့မှာ ဖြစ်ကာ နယ်သာလန်သားဟာ ကာရာဘောင်း ဖိုင်နယ်ကို လွဲချော်သွားနိုင်ချေ ရှိနေပါတယ်။ လဲနေရင် ပြန်ထမှာဖြစ်ပြီး လီဗာပူးမှာ ရှိနေတဲ့ နောက်ဆုံးရက်ထိ လုံးဝ အရှုံးပေးသွားမှာ မဟုတ်ဘူးလို့ ဒါဝင်က ထုတ်ပြောလာပါတယ်။ နည်းပြအာနယ် ဆလော့ကတော့ ဖြစ်နိုင်သလောက် ဂျိုတာကို […]
လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၂ ဖြင့် သရေကျခဲ့ကာ ရမှတ် အပြည့်မယူနိုင်ခြင်းကြောင့် ဒုတိယနေရာက အာဆင်နယ်ကို ရမှတ်ဆယ်ဂဏန်း ဖြတ်ထားနိုင်မယ့် အခွင့်အရေးအား ဆုံးရှုံးခဲ့ပါတယ်။ ဒီပွဲမှာ တိုက်စစ်က ဂျိုတာနဲ့ ဒါဝင်တို့ ဂိုးမသွင်းနိုင်တဲ့ အခြေအနေအပြင် အသင်းရဲ့ တည်ကန်ဘောကနေ ဂိုးတွေ ယူနိုင်ခြင်းမရှိဘဲ ဂိုးတွေ […]
လီဗာပူးအသင်းဟာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ ၂-၂ သရေကျတာကြောင့် ဒုတိယနေရာက အာဆင်နယ်ထက် ၁ ပွဲပိုကစား ၈ မှတ်အသာဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ပါတယ်။ ဗီလာပွဲမှာ ထရန့်နဲ့ ဂျိုတာတို့ကို ၆၅ မိနစ်မှာတင် လူစားလဲခဲ့တာဟာ သူတို့နှစ်ဦးက ဒဏ်ရာကနေ ပြန်သက်သာလာစမို့ ပွဲချိန်ပြည့် သုံးမကောင်းသေးတာကြောင့်လို့ အာနည် […]
လီဗာပူးအသင်းဟာ ဒီနွေမှာ လူစာရင်းကို အကြီးစား ပြောင်းလဲမှု ပြုလုပ်သွားဖို့ရာ ရည်ရွယ်နေကြောင်း The Athletic သတင်းဌာနမှ နာမည်ကျော် မာဆေးဆိုဒ် သတင်းထောက် ဂျိမ်းပီယာဇ့်က ဖော်ပြလာပါတယ်။ ၂၀၂၃ မှာ ကွင်းလယ်ကြောင်းကို အသစ် ဖွဲ့စည်းခဲ့သလို တူညီတဲ့ အသွင်ပြောင်းမှုမျိုး တိုက်စစ်အတွက်ပါ လုပ်တော့မယ်ဆိုတဲ့ သတင်းတွေက […]
ကြာသပတေမနက် လီဗာပူးနဲ့ပွဲမှာ အက်စတွန်ဗီလာ ကစားသမားဘဝ ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းကနေ ရက်ဖိုဒ့် ပါဝင်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ် ၂ ပွဲ ၃ ပွဲလောက်မှာ လီဗာပူးအသင်းရဲ့ ခြေစွမ်းဟာ အသင်းလုပ်ပြနိုင်တဲ့ အနေအထားထက် လျော့ကျခဲ့ကြောင်း နည်းပြအာနယ် ဆလော့က ဝန်ခံပါတယ်။ ဆာလာက ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပေမယ့် ရက်ဖိုဒ့်နဲ့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!