ဒါဝင်ရဲ့ သွင်းဂိုးကို သဘောမကျကြောင်း ဝန်ခံခဲ့ကာ သူ့ထင်တာ မှားခဲ့ပါတယ်ဆိုတဲ့ ဆလော့

September 22, 2024 LFC2 0

အန်ဖီးမှာ ဘုန်းမောက်ကို ၃-၀ ဖြင့် အနိုင်ရတဲ့ပွဲအတွင်း ဒါဝင် ဂိုးသွင်းမယ့် အနေအထားကို မြင်ခဲ့စဉ်မှာ သူ သဘောမကျခဲ့ကြောင်း နည်းပြ အာနယ် ဆလော့က ဝန်ခံလိုက်ပါတယ်။ နံပါတ် ၉ တိုက်စစ်သမားထံက ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို မြင်ခဲ့ရပြီး နည်းပြသစ် လက်ထက် ပွဲထွက်က ပါဝင်ခွင့်ရတဲ့ […]

ကျစ်လစ်လာတဲ့ ခံစစ်၊ မထပ်သေးတဲ့ ကွင်းလယ်၊ ပထမဆုံး ပွဲထွက်မှာ စိတ်မပျက်စေခဲ့တဲ့ ဒါဝင်နဲ့ ဘုန်းမောက် နိုင်ပွဲအပြီး စကားပြောစရာများ

September 22, 2024 LFC2 0

အန်ဖီးကွင်းမှာ ဘုန်းမောက်ကို အနိုင်ယူခြင်းနဲ့အတူ ဖောရက်စ်ပွဲဟာ ခြေချော်ခဲ့တာ သပ်သပ်ဖြစ်ကြောင်း သက်သေပြခဲ့ပါတယ်။ ဒါဝင်၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေဖြင့် ဂိုးပြတ်အနိုင်ရခဲ့တဲ့ မနေ့ကပွဲအတွက် စကားပြောစရာ အချို့ကို LFCThaDin ဖတ်ရှုသူတွေနဲ့ ကောက်နုတ်ကြည့်မှာဖြစ်ပါတယ်။ ဆလော့ လက်ထက် ခြေစွမ်း တစ်ဆင့်မြင့်လာသူများ ဒီပွဲမှာ သွင်းဂိုး ၂ ဂိုး […]

ဟာလန်းနောက် ရောက်လာတဲ့ ဒီယက်ဇ်၊ ခီယေဆာရဲ့ ပွဲဦးထွက်၊ အကောင်းဆုံးဆုရတဲ့ မာမာဒီရှီဗီလီနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

September 22, 2024 LFC2 0

ဒါဝင် မကန်သွင်းခင်မှာ သူဘာလို့ ဒီအနေအထားကနေ ကန်တာလဲ မသိဘူးလို့ သဘောမကျခဲ့ပေမယ့် ဂိုးဝင်သွားချိန်မှာတော့ ဒါဝင်က သူ ကစားသမားဘဝကထက် ပိုကောင်းတဲ့သူဆိုတာ လက်ခံလိုက်တယ်လို့ ဆလော့က ရယ်ရယ်မောမော ပြောပါတယ်။ အသင်းခေါင်းဆောင် ဗန်ဒိုက်နဲ့ ဘယ်အစွန်လူ ရော်ဘတ်ဆန်တို့က ဘုန်းမောက်ပွဲအပြီးမှာ ဒါဝင် နူးညက်စ် ဂိုးရသွားတာကို ကျေနပ်နေကြပြီး […]

ဒါဝင်၊ ဒီယက်ဇ်တို့ရဲ့ သွင်းဂိုးတွေအပြင် ခံစစ်မာကျောမှုကို ပြသနိုင်ခဲ့ကာ ဇယားထိပ်မှာ ယာယီ ရှိနေမယ့် လီဗာပူး

September 21, 2024 LFC2 0

အေစီမီလန်ပွဲမှာ အစောပိုင်း ဂိုးပေးခဲ့ရတဲ့ လီဗာပူးအသင်းဟာ ဘုန်းမောက်ကို ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း ခပ်စောစော ဂိုးပေးခံရတာဟာ သတိပြုစရာ အချက်ဖြစ်ပါတယ်။ အာနယ် ဆလော့ရဲ့ လီဗာပူးဟာ ပွဲတန်ပို တင်နိုင်ဖို့ အရှိန်လိုအပ်တာမျိုး ဖြစ်နိုင်ပြီး ဒီတစ်ကြိမ်မှာတော့ ဘုန်းမောက်ဘက်က လူကျွံနေတာကြောင့် ကံကောင်းခဲ့ပါတယ်။ အယ်လီဆန် မပါချိန် ကလယ်ဟာ […]

မဖြစ်မနေ နိုင်ဖို့လိုအပ်မယ့် ဘုန်းမောက်ပွဲမှာ ဆလော့ ပွဲထုတ်မယ့် လူစာရင်းအား ခန့်မှန်းကြည့်ခြင်း

September 21, 2024 LFC2 0

လီဗာပူးအသင်းဟာ အိမ်ကွင်း ၂ ပွဲဆက်အဖြစ် ဒီကနေ့ညမှာ ဘုန်းမောက်ကို အန်ဖီးကွင်းအတွင်း ဧည့်ခံ ယှဉ်ပြိုင်ရပါမယ်။ ပြီးခဲ့တဲ့ အပတ်က မထင်မှတ်ဘဲ ဖောရက်စ်ကို ရှုံးနိမ့်တာကြောင့် အသင်းဟာ အဆင့် ၄ နေရာ ဆင်းပေးလိုက်ရသလို ဇယားထိပ်က မန်စီးတီးနဲ့ ၃ မှတ်ပြတ်သွားပါတယ်။ ဒီအပတ်မှာ မန်စီးတီးနဲ့ […]

အယ်လီဆန် လွဲမည်၊ အလှည့်ကျစနစ် စသုံးမယ်လို့ ဆလော့ အသိပေး၊ ဝက်ဇ်ကို သဘောကျကြောင်း ဂျာမာန်တွေ ပြောလာခြင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

September 21, 2024 LFC2 0

ဒီနေ့ည ယှဉ်ပြိုင်ကစားမယ့် လီဗာပူး vs ဘုန်းမောက်ပွဲမှာ အယ်လီဆန်အစား ကလယ်ဟာ ပွဲထွက်မှာဖြစ်ကာ အရန်ဂိုးသမားအဖြစ် ဂျာရိုစ့် ပါဝင်လာပါမယ်။ ပွဲကြို လေ့ကျင့်ရေးမှာ အယ်လီဆန်နဲ့ ဟာဗေး မပါနိုင်ပေမယ့် ကာတစ်ဂျုံး အပါအဝင် ကျန် စီနီယာကစားသမား အားလုံး ပါဝင်ထားနိုင်ပါတယ်။ ပွဲကြပ်ကာလတစ်ခုကို ဖြတ်သန်းရမှာဖြစ်တာကြောင့် နည်းပြဆလော့ဟာ […]

No Image

NEWS: ဘုန်းမောက်ပွဲကို အယ်လီဆန် လွဲချော်ဖွယ်ရှိ

September 20, 2024 LFC2 0

မနက်ဖြန် ယှဉ်ပြိုင်ကစားမယ့် ဘုန်းမောက်နဲ့ပွဲကို ဂိုးသမား အယ်လီဆန် လွဲချော်နိုင်ကြောင်း အာနယ် ဆလော့က ထုတ်ပြောလာပါတယ်။ ဒီရာသီ ပြိုင်ပွဲစုံ ၅ ပွဲလုံး ပါဝင်ခဲ့တဲ့ အယ်လီဆန်ဟာ ပေးဂိုး ၂ ဂိုးပဲ ရှိထားတာပါ။ ဒါပေမယ့် အေစီမီလန်ပွဲအပြီး သူ့ရဲ့ ကြံ့ခိုင်မှုက သံသယဝင်စရာ အခြေအနေမျိုး […]

အကောင်းဆုံးဆုရတဲ့ ဆာလာ၊ ဇူဘီမန်ဒီ နောင်တမရ၊ ချန်ပီယံလိဂ် ထိပ်ဆုံး ၈ သင်းထဲ ဆက်ရှိနေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

September 20, 2024 LFC2 0

ချန်ပီယံလိဂ် ပထမအပတ် ပွဲစဉ်အပြီး အေစီမီလန်ကို အဝေးကွင်းမှာ ၃-၁ ဖြင့် အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၈ သင်းထဲ ပါဝင်နေဆဲဖြစ်ပါတယ်။ ဖောရက်စ်ကို လီဗာပူး ရှုံးခဲ့တာက အံ့အားသင့်ဖွယ် ခြေချော်ခြင်းပဲဖြစ်ပြီး ဘုန်းမောက်ကိုတော့ အနိုင်ရလိမ့်မယ်လို့ သုံးသပ်နေကြပါတယ်။ ဂက်ပိုကို အခွင့်အရေးပေးခဲ့သလိုပဲ ဘုန်းမောက်ပွဲမှာ ဂျိုတာကို […]

နည်းစနစ်ပိုင်း သတိပေးခံရမှု ပိုများခြင်း၊ ဘုန်းမောက်ပွဲ ဒီယက်ဇ် ပြန်ပါလာဖို့ရှိခြင်း၊ ဖောရက်စ်ပွဲ စွမ်းဆောင်ရည်ကို တင်းနေဆဲ ဆလော့နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

September 19, 2024 LFC2 0

အာနယ် ဆလော့ဟာ တိုက်စစ်ပိုင်း ဘောလုံးကိုင်ကစားစဉ်ကော ဘောလုံးမရှိချိန် ခံစစ်ပြင်ရာမှာပါ ၄-၂-၄ ပုံစံကို အဓိက ကျင့်သုံးကြောင်း ထောက်ပြလာကြပါတယ်။ လီဗာပူးနည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Aaron Briggs ရဲ့ အတည်ပြုချက်အရ အသင်းဟာ တည်ကန်ဘော အထူးနည်းပြတစ်ဦး ရှာဖွေမှုကို ရပ်နားထားတယ်လို့ သိရပါတယ်။ အေစီမီလန်ကို ပုံစံကောင်းနဲ့ […]

ချန်ပီယံလိဂ်အမှတ်ပေးဇယား ထိပ်ဆုံး ၈ သင်းထဲ လီဗာပူးပါဖို့ ရမှတ် ဘယ်လောက်လိုမလဲ

September 18, 2024 LFC2 0

လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် အေစီမီလန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၁ ဖြင့် အနိုင်ရခဲ့ပြီဖြစ်ပါတယ်။ အသင်းကောင်းတစ်သင်းကို အဝေးကွင်းမှာ အနိုင်ရတာက ကျေနပ်စရာဖြစ်ပေမယ့် လိုက်ဇစ်၊ ဂျီရိုနာ၊ ပီအက်စ်ဗီတို့ကို အဝေးကွင်း သွားကစားရဦးမှာ ဖြစ်သလို ဘိုလော့ညာ၊ လေဗာကူဆင်၊ ရီးရဲလ်မက်ဒရစ်၊ လိုင်လီတို့ကို […]