လီဗာပူးထက် ပိုကောင်းကောင်း ကစားနိုင်ခဲ့သလို အနိုင်ရသင့်တာ ဝက်စ်ဟမ်းပါ ဆိုတဲ့ နည်းပြ လိုပတ်တီဂူ

September 26, 2024 LFC2 0

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ကာရာဘောင်းဖလားပြိုင်ဘက် ဝက်စ်ဟမ်းအသင်းကို ၅ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ဒါပေမယ့် ဒီရလဒ်အပေါ် မကျေနပ်သူ တစ်ဦးတော့ ရှိနေပါတယ်။ သူကတော့ ဝက်စ်ဟမ်းနည်းပြ လိုပတ်တီဂူပါပဲ။ ပွဲအပြီး အင်တာဗျူးမှာ လိုပတ်တီဂူက ” ကျနော် […]

ကမ္ဘာပေါ်က ဘယ်အသင်းနဲ့မဆို ယှဉ်လို့ရတဲ့ လီဗာပူးရဲ့ အကောင်းဆုံး အားသာချက်ကို ထုတ်ဖော်

September 26, 2024 LFC2 0

ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ ၅-၁ ဖြင့် အနိုင်ရပြီး နောက်အဆင့်ကို တက်သွားတဲ့နောက် လီဗာပူးအသင်းရဲ့ တိုက်စစ်အင်အားဟာ ကမ္ဘာ့အကောင်းဆုံး အသင်းတွေနဲ့ ယှဉ်လို့ရတယ်လို့ ပရိသတ်တွေဘက်က ကြွေးကြော်လိုက်ပါတယ်။ လီဗာပူးတိုက်စစ်မှာ ဆာလာ၊ ဂျိုတာ၊ ဒီယက်ဇ်၊ ဒါဝင်၊ ဂက်ပို၊ ခီယေဆာတို့ ၆ ဦးထိ ရှိနေပြီး နေရာတိုင်းမှာ […]

ဘရိုက်တန်နဲ့ တွေ့ဆုံခြင်း၊ အကောင်းဆုံးဆုရ အသင်းသား ၂ ဦး၊ ခီယေဆာအတွက် ဆလော့ရဲ့ မှတ်ချက်နဲ့ နံနက်ခင်း လီဗာပူးသတင်းများ

September 26, 2024 LFC2 0

လီဗာပူးအသင်းဟာ ဝက်စ်ဟမ်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ ကာရာဘောင်းပွဲကို ဂျိုတာ ၂ ဂိုး၊ ဂက်ပို ၂ ဂိုး၊ ဆာလာ ၁ ဂိုးတို့ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဂျိုတာရဲ့ ခြေပဂိုးမှာ လီဗာပူးအသင်းက လူကျွံနေတယ်လို့ ဝက်စ်ဟမ်းနည်းပြ လိုပတ်တီဂူက ယုံကြည်နေပြီး ဂိုးမပေးရသင့်ဘူးလို့ ငြင်းချက်ထုတ်သွားပါတယ်။ အသင်းဟာ […]

ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့အပြင် လီဗာပူးအသင်း နောက်ထပ် ရင်ဆိုင်ရဦးမယ့် ပြဿနာ

September 25, 2024 LFC2 0

လီဗာပူးအသင်းဟာ ဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သက်တမ်းတိုးဖို့ အခုချိန်ထိ စကားမပြောသေးသလို ကစားသမားတွေနဲ့ စာချုပ်ကိစ္စတွေ မီဒီယာထက်မှာ ပျံ့နှံ့လာမှာကိုလည်း အလိုမရှိပါဘူး။ အသင်းဟာ နောက်ကွယ်မှာတော့ ဒီကစားသမား ၃ ဦးကို ဘယ်လို စာချုပ်ပေးမလဲ ဆိုတဲ့ ကိစ္စကို အကဲဖြတ်နေကြတယ်လို့ နားလည်ထားရပြီး ထရန့်ကလွဲရင် ကျန် […]

ခီယေဆာ ပွဲထွက်က ပါဝင်လာပြီး အပြောင်းအလဲ ၁၀ ခု လုပ်သွားမယ့် ဝက်စ်ဟမ်းပွဲ ဖြစ်လာဖွယ် လူစာရင်း

September 25, 2024 LFC2 0

လီဗာပူးအသင်းဟာ ဒီညမှာတော့ ပရီးမီးယားလိဂ်ကလပ်ဖြစ်တဲ့ ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်ကို အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Team News အယ်လီဆန် ပါဦးမှာ မဟုတ်ဘဲ ကလယ်ဟာနဲ့ ဂျာရိုစ့်တို့ထဲက တစ်ဦး ပွဲထွက်ပါမယ်။ ခီယေဆာ ပွဲထွက်က ပါဝင်လာဖို့ ရှိနေပြီး မိနစ် ၉၀ အပြည့် […]

ဘရတ်ဒလေ အပါအဝင် အရန်လူတွေ နေရာရဖို့ ရှိခြင်း၊ ခံစစ်ချီးကျူးမှုကို ဆလော့ ပယ်ချခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

September 25, 2024 LFC2 0

ဝက်စ်ဟမ်းနဲ့ ကာရာဘောင်းပွဲမှာ ခံစစ်က ဘရတ်ဒလေနဲ့ ကွမ်းဆက်၊ ကွင်းလယ်မှာ ဂျုံးနဲ့ အန်ဒိုတို့ ပွဲထွက်ကစားခွင့်ရမယ်လို့ သိရပါတယ်။ တိုက်စစ်သမား ခီယေဆာဟာ လီဗာပူးကစားသမားဘဝ ပထမဆုံး ပွဲထွက်ခွင့်ကို ဒီညပွဲမှာ ရသွားဖွယ် ရှိနေပါတယ်။ နည်းပြဆလော့ဟာ ကွင်းလယ်လူ နိုင်ယွန်နီနဲ့ မော်တန်တို့ကို ယူ-၂၁ ပွဲစဉ်ကနေ ဖယ်ထုတ်ထားခဲ့ကာ […]

ပြိုင်ဘက်တွေက ကိုနတေးကိုဆို အချဉ် ထင်နေကြတာများလားလို့ နည်းပြဆလော့ ပြောပြီ

September 24, 2024 LFC2 0

စနေနေ့က ဘုန်းမောက်ကို ၃-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ ခံစစ်မှူး အီဘူးက ထူးချွန်ခြေစွမ်း ပြသခဲ့ပြီး ဒီယက်ဇ်ရဲ့ အဖွင့်ဂိုးနဲ့ ဒါဝင်ရဲ့ သွင်းဂိုးတွေအတွက် ခံစစ်ကနေ ဘောလုံးထုတ်ပေးခဲ့ပါတယ်။ နည်းပြဆလော့ကတော့ ပြိုင်ဘက် ကစားသမားတွေက အီဘူးကို လူမကပ်ဘဲ ဗန်ဒိုက်လောက် လူကပ်နေကြတာကြောင့် အသင်းက လွတ်လပ်စွာ ကစားခွင့်ရနေတယ်လို့ […]

အိုဝင်ဘက် ကိစ္စ စစ်ဆေးမယ့် အက်ဖ်အေ၊ အင်္ဂလန်ရဲ့ တတိယအကောင်းဆုံးအသင်း၊ ကလော့ပ်အတွက် လမ်းဖွင့်ပေးတဲ့ လက်ရွေးစင်နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

September 24, 2024 LFC2 0

ဂရာဗင်ဘက်ချ်လို ကစားသမားကောင်းနဲ့ တွဲကစားရချိန်မှာ ကိစ္စတွေက ပိုပြီး လွယ်ကူသွားပါတယ်လို့ ကွင်းလယ်လူ မက်ကယ်လစ္စတာက ဆိုပါတယ်။ WhoScored ရဲ့ ဒီအပတ် အကောင်းဆုံးအသင်းထဲမှာ ထရန့်၊ ကိုနတေး၊ ဆာလာ၊ ဒီယက်ဇ်၊ ဒါဝင်တို့ ၅ ဦးထိ ပါဝင်သွားပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ တတိယအကောင်းဆုံးအသင်း ဖြစ်တယ်လို့ […]

လီဗာပူးနဲ့ ဖလားလုရတာကို အာဆင်နယ်နဲ့ လုရတာထက် ပိုသဘောကျကြောင်း ထုတ်ပြောတဲ့ ဘာနာဒို

September 23, 2024 LFC2 0

မန်စီးတီး ကွင်းလယ်လူ ဘာနာဒိုက အီတီဟတ်မှာ အာဆင်နယ်ကို ၂-၂ သရေကျတဲ့ပွဲအပြီး လီဗာပူးနဲ့ ဖလားပြိုင်ရတဲ့ နေ့ရက်တွေကို သတိရနေဟန် ရှိပါတယ်။ ပရီးမီးယားလိဂ်ဖလားကို အဓိက စိန်ခေါ်တဲ့ အသင်းတွေဟာ ဒီနှစ်နှစ်အတွင်း အပြောင်းအလဲ ဖြစ်လာပြီး မန်စီးတီးရဲ့ အဓိက စိန်ခေါ်သူက လီဗာပူးအစား အာဆင်နယ် ဖြစ်လာခဲ့တာပါ။ […]

အဓိက ကစားသမား ၃ ဦးလုံး ဆက်နေဖွယ်ရှိလာခြင်း၊ ခီယေဆာ ပွဲထွက်က ပါဖွယ်ရှိခြင်း၊ လီဗာပူးကို လွမ်းနေတဲ့ ဆေးဗားနဲ့ နံနက်ခင်း လီဗာပူးသတင်းများ

September 23, 2024 LFC2 0

ပရီးမီးယားလိဂ် ပွဲစဉ် ၅ အပြီးမှာ လီဗာပူးအသင်းဟာ ရမှတ် ၁၂ မှတ်ဖြင့် ဇယားထိပ်က မန်စီးတီးနောက် ၁ မှတ်အကွာ ဒုတိယနေရာက ကပ်လိုက်နေပါတယ်။ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့က လီဗာပူးကနေ ထွက်လိုရိပ် မပြသဘဲ အသင်းမှာပဲ ဆက်နေလိုကြောင်း သဘောထားတွေရှိနေတာမို့ အကောင်းဖြစ်မယ့် နည်းလမ်းကို […]