၂၀၁၉ မှာ ချန်ပီယံလိဂ်ဖလား၊ ၂၀၂၀ မှာ ပရီးမီးယားလိဂ်ဖလားတွေကို အောင်မြင်ခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးကစားသမားဘဝ နောက်ဆုံး စာချုပ်နှစ်ထဲ ရောက်နေပါပြီ။ သူ့ရဲ့ အနာဂတ်အကြောင်း မေးခွန်းထုတ်ခံနေရပေမယ့် ခံစစ်မှူးကတော့ လီဗာပူးမှာ ဆက်နေဖို့ကို ဆွေးနွေးမှု ပြုလုပ်နေဆဲဖြစ်ပါတယ်။ ဘလွန်းဒီအောဆုမှာ မက်ဆီရဲ့ အဓိက ပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ […]
အောက်တိုဘာလ အကောင်းဆုံး ပရီးမီးယားလိဂ် မန်နေဂျာဆုအတွက် ဆန်ကာတင် စာရင်းမှာ အာနယ် ဆလော့က ဂွာဒီယိုလာတို့နဲ့အတူ ပါဝင်နေပါတယ်။ သူ့ရဲ့ ပရီးမီးယားလိဂ် ကစားသမားဘဝ အခက်ခဲဆုံး ပြိုင်ဘက် ၂ သင်းက မန်စီးတီးနဲ့ အာဆင်နယ်ပါလို့ ဗန်ဒိုက်က ရွေးချယ်ပါတယ်။ လီဗာပူးအသင်း ပစ်မှတ်ဟောင်းဖြစ်တဲ့ ချူအာမီနီကို ဒီနွေမှာ […]
ရီးရဲလ်မက်ဒရစ်ဟာ သူတို့ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်လိုတာကြောင့် ကွင်းလယ်လူ ချူအာမီနီအတွက် ကမ်းလှမ်းမှုတွေကို စတင် လက်ခံသွားတော့မယ်လို့ စပိန်သတင်းတွေက ဆိုပါတယ်။ ယာဂင်ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ စျေးကွက် ၃ ခုတိုင်တိုင် ပြင်သစ်သား ကွင်းလယ်လူကို ချိတ်ဆက်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်ပြိုင်ဘက် လီဗာပူးထံ ကွင်းလယ်လူကို […]
FSG စီးအီးအို မိုက်ကယ်အတ်ဝပ်နဲ့ အားကစားဒါရိုက်တာ ရစ်ချက်ဟုချ်တို့ကတော့ လာမယ့် စျေးကွက်တွေမှာ မျက်ခုံးပင့်စရာ ရွေးချယ်မှု တစ်ခု ပြုလုပ်ဖွယ် ရှိနေပါတယ်။ ဒီနွေမှာ နည်းပြသစ် အာနယ် ဆလော့ကို ခေါ်ယူခဲ့ပေမယ့် အသင်းဟာ လူသစ်အဖြစ် စျေးကွက်ပိတ်ခါနီးမှာ ခီယေဆာ တစ်ဦးတည်းကို ကာလရှည် စီမံကိန်းဖြင့် ခေါ်ယူခဲ့တာပါ။ […]
ဂျိုတာနဲ့ ဟာဗေးတို့ဟာ နိုဝင်ဘာလ နိုင်ငံတကာ သီတင်းပတ် မတိုင်ခင်ထိ ဘောလုံးပြန်ကစားနိုင်ဖို့ မရှိကြောင်း နည်းပြဆလော့က အတည်ပြုပါတယ်။ ဘရိုက်တန်ပွဲကြို အသင်းရဲ့ လေ့ကျင့်ရေးမှာ ဘရတ်ဒလေ ပြန်ပါလာပါတယ်။ ကာရာဘောင်းပွဲမှာ ထရန့်အစား သူပွဲထွက်မယ်လို့ သိထားရပါတယ်။ နောက်ဆုံးလုပ်လိုက်တဲ့ အင်တာဗျူးမှာ ထရန့်ကပဲ အသက် ၆ နှစ်အရွယ်တည်းက […]
နည်းပြအာနယ် ဆလော့ကတော့ တိုက်စစ်သမား ဂျိုတာနဲ့ ကွင်းလယ်လူ ဟာဗေးတို့ဟာ နိုဝင်ဘာလ နိုင်ငံတကာသီတင်းပတ်ထိ ဘောလုံးပြန်ကစားနိုင်ဦးမှာ မဟုတ်ကြောင်း အတည်ပြုပါတယ်။ ဂိုးသမားနေရာကစလို့ ခံစစ်၊ ကွင်းလယ်၊ တိုက်စစ်နေရာတွေမှာပါ ဒဏ်ရာ ပြဿနာတွေ ရင်ဆိုင်နေရတဲ့ လီဗာပူးအသင်းဟာ ကြံ့ခိုင်မှုပိုင်း စတင် သတိထားရမယ့် အခိုက်အတန့်ကို ရောက်လာနေပါပြီ။ အယ်လီဆန်ကလည်း […]
၅ နှစ်ကြာအပြီး ဒီရာသီအကုန်မှာ လီဗာပူးအသင်းဟာ Nike နဲ့ သက်တမ်းမတိုးတော့ဘဲ အသင်းသမိုင်းမှာ ပါတနာဖြစ်ခဲ့ဖူးတဲ့ ဂျာမာန်အမှတ်တံဆိပ် Adidas ဖြင့် ပြန်လက်တွဲမယ့် သတင်းတွေက ကျယ်ပြန့်နေပြီဖြစ်ပါတယ်။ Adidas ဘက်က လီဗာပူးကို တစ်နှစ် ပေါင် သန်း ၆၀ ပေးမယ်လို့ သတင်းထွက်နေပြီး ဒါဟာ […]
ထရန့်က လီဗာပူးအသင်းခေါင်းဆောင် ဖြစ်လိုတယ်ဆိုတဲ့ ခေါင်းစဉ်အစား ဆုဖလားတွေနဲ့ ဘလွန်းဒီအောဆုအကြောင်း ပြောပြောလာတာဟာ အသင်းပရိသတ်တွေ သဘောမကျတဲ့ လမ်းကြောင်းတစ်ခုရဲ့ အစဖြစ်နိုင်တယ်လို့ ကာရေဂါက မြင်ပါတယ်။ ၂၀၂၅ နွေမှာ စာချုပ်ကုန်တော့မယ့် ထရန့်ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ သွေးဆောင်ခြင်းကို ရနေသူဖြစ်သလို လီဗာပူးနဲ့လည်း စာချုပ်ကိစ္စ မပြီးပြတ်သေးပါဘူး။ ဒါပေမယ့် ဒီတလော […]
ဗလန်စီယာအသင်းထံ အငှားချထားတဲ့ လီဗာပူးဂိုးသမား မာမာဒီရှီဗီလီဟာ 2024 Yachine Trophy ဆုမှာ နံပါတ် ၇ နေရာ ချိတ်ခဲ့ပါတယ်။ လီဗာပူးမှာ ကလော့ပ်ရဲ့ခေတ်က အဆုံးသတ်မှာပါ ဆိုခဲ့သူကြီး အဲရစ်တန်ဟက် ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပါပြီ။ လီဗာပူးနည်းပြဖြစ်လာဖို့ ရေပန်းစားခဲ့ဖူးတဲ့ စပို့တင်းနည်းပြအမ်မိုရင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ ဆွေးနွေးမှု […]
တနင်္ဂနွေနေ့တုန်းက အမ်းမရိတ်ပွဲမှာ လီဗာပူးအသင်းဟာ အာဆင်နယ်ကို ၂ ကြိမ်တိုင် နောက်ကနေ လိုက်ကစားပြီး ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီအပတ် ပွဲတွေများပေမယ့် အင်တာနက် အခက်အခဲကြောင့် ပွဲပြီး စကားစမြည်းလေးတွေ သိပ်မလုပ်နိုင်ပါဘူး။ အာဆင်နယ်ပွဲအတွက်တော့ အကျဉ်းသဘော ဖော်ပြသွားပါမယ်။ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းဟာ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!