လီဗာပူးအသင်းဟာ ဟာဗေးအတွက် ပေါင် သန်း ၄၀ တန် ကမ်းလှမ်းမှုရဖို့ မျှော်လင့်နေသလို ယူ-၂၁ ပြိုင်ပွဲမှာ ကွင်းလယ်လူရဲ့ တောက်ပမှုအရ အဆိုပါကြေးဟာ တက်လာဖို့ပဲ ရှိနေပါတယ်။ ဒီယက်ဇ်နဲ့ သူ့ရဲ့ ကိုယ်စားလှယ်တို့ဟာ စာချုပ်သစ်ရလိုပေမယ့် လီဗာပူးဘက်က အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားကို စာချုပ်အကုန်ထိပဲ […]
လီဗာပူးအသင်းက အီဆက်ကို ခေါ်ယူဖို့ ကြိုးစားနိုင်ချေဟာ ဖြစ်နိုင်ချေရှိတဲ့ ကိစ္စလား ဒါမှမဟုတ် ရည်မှန်းချက် တအားများကြီးမားနေတာလား ဆိုတာဟာ မေးခွန်းထုတ်စရာ ကိစ္စတခု ဖြစ်နေပါတယ်။ ဒီနွေစျေးကွက်မှာ ကြီးမားတဲ့ ငွေကြေးတွေ အသုံးပြုထားတဲ့နောက် လီဗာပူးဟာ နောက်ထပ် အသုံးစရိတ် ကျန်တော့ဖွယ် မရှိဘူးလို့ အသင်းပရိသတ်တွေက ရှုမြင်ပါတယ်။ အသင်းပိုင်ရှင်တွေဖြစ်တဲ့ […]
ဂူဟီ၊ အီဆက်၊ အန်ကီတီကီတို့အတွက် ပြောင်းရွှေ့ကြေး ဘယ်လောက် ကျသင့်မလဲ၊ ကစားသမားတွေကကော လီဗာပူးထံ ပြောင်းလိုစိတ်ရှိသလား အခြေအနေကို လီဗာပူးဘက်က စုံစမ်းနေပါတယ်။ လီဗာပူးအသင်းဟာ မန်စီးတီးကနေ ထွက်ခွာလာတဲ့ ဒီဘရိုင်းကို ခေါ်ယူရေး စကားအနည်းငယ် ပြောခဲ့သေးပေမယ့် ဗစ်ကို ရနိုင်မယ့် အခြေအနေကြောင့် နံပါတ် ၁၀ သမား […]
လီဗာပူးအသင်းဟာ ခံစစ်မှူး နက်ဖီးလစ်ကို ချန်ပီယံရှစ်ကလပ် ဝက်စ်ဘရွန်းအသင်းထံ ပေါင် ၃ သန်းထိ ရောက်နိုင်မယ့် ပမာဏဖြင့် အသင်းပြောင်းခွင့်ပေးလိုက်ပါပြီ။ ခံစစ်မှူး ကွမ်းဆက်အတွက် လီဗာပူးနဲ့ လေဗာကူဆင်ကြား ဆက်လက် ညိနှိုင်းနေပြီး အင်္ဂလန်ခံစစ်မှူးကို အလိုရှိရင် ပြန်လည်ခေါ်ယူခွင့်မှာ ပြောင်းရွှေ့ကြေး ဘယ်လောက်ဆိုတာနဲ့ ဘယ်နှစ်နှစ်အတွင်း ခေါ်ယူခွင့်တွေအတွက် အသေးစိတ် […]
ပြီးခဲ့တဲ့နွေမှာ အားကစားဒါရိုက်တာသစ် ရစ်ချက်ဟုချ်ဟာ နည်းပြသစ်အတွက် ခီယေဆာ တစ်ဦးတည်း ခေါ်ယူပေးနိုင်ခြင်းကြောင့် ပရိသတ်တွေထံက ဝေဖန်မှုတွေရခဲ့ပါတယ်။ ဒါပေမယ့် နယ်ပယ်တူ လုပ်ဖော်ကိုင်ဖက်တွေကြားမှာကော ဗြိတိန်ဘောလုံးအသိုင်းအဝိုင်းမှာပါ လီဗာပူးကို သူရောက်ပြီး ၃ လဝန်းကျင်လောက်မှာတင် ရစ်ချက်ဟုခ်ဟာ သူ့ရဲ့တာဝန်ကို အကောင်းဆုံး ဆက်ခံနေသူအဖြစ် အထင်ကြီးခံခဲ့ရပါတယ်။ ရစ်ချက်ဟုချ်ဟာ ပြင်ပက အသံကြောင့်နဲ့ […]
လီဗာပူးအသင်းဟာ ဒီအပတ်မှာပဲ ခံစစ်မှူး ကွမ်းဆက်ကို လေဗာကူဆင်အသင်းထံ ရောင်းချရေး ပြောင်းရွှေ့ကြေး သဘောတူညီမှုရဖွယ် ရှိနေပါတယ်။ ဂျာမာန်သတင်းတွေမှာတော့ နှစ်သင်းဟာ ပေါင် ၃၅ သန်းဝန်းကျင်နဲ့ အဆင်ပြေမယ်လို့ ဆိုနေကြပြီး အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သားကို လီဗာပူးဘက်က အလိုရှိရင် ပြန်ခေါ်ယူခွင့် ထည့်သွင်းလိုတယ်လို့ ဆိုပါတယ်။ […]
လာမယ့်အပတ်မှာတော့ လီဗာပူးအသင်းဟာ ကစားသမားအထွက်ကော အဝင်အတွက်ပါ တိုးတက်တဲ့ အခြေအနေတွေ ရှိလာပါမယ်။ အထွက်အနေနဲ့ ဒါဝင်၊ ခီယေဆာ၊ ကွမ်းဆက်တို့အတွက် ကလပ်ချင်း စကားပြောမှုတွေ ထွက်ပေါ်လာမှာဖြစ်ကာ အဝင်ကတော့ ဆေးစစ်ဖို့ရာ ကာကက်ဇ် ရောက်လာမှာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဂျိုတာအတွက် မှန်ကန်တဲ့ ကမ်းလှမ်းမှုရရင် ဆွေးနွေးစကားပြောမှာဖြစ်ပြီး စျေးကွက်ထဲမှာတော့ နံပါတ် […]
လီဗာပူးအသင်းဟာ ကွင်းလယ်လူဗစ်ကို ကစားသမားသစ်အဖြစ် တရားဝင် မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ ဗစ်ကိုယ်တိုင်ကတော့ လီဗာပူးဟာ ကမ္ဘာ့ထိပ်တန်း ၃ သင်းထဲက ၁ သင်းဖြစ်ပြီး သူဟာ လုံခြုံစိတ်ချရတဲ့ အသင်းထံကို ကိုယ့်ဘာသာ အပ်နှံနိုင်ခဲ့ခြင်းလို့ ညွှန်းဆိုပါတယ်။ သူကတော့ အသင်းနဲ့အတူ အရာအားလုံး အောင်မြင်လိုတယ်လို့ ထုတ်ဖော်ပါတယ်။ ဖရန်းပေါင်ဟာ သူ့အတွက် […]
ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းဟာ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ယူထားနိုင်တဲ့ ခံစစ်မှူး ကွမ်းဆက်ကို လက်ရှိစျေးကွက်မှာပဲ လီဗာပူးအသင်းထံကနေ ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် အားကောင်းနေပါပြီ။ လေဗာကူဆင်ဘက်က တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့် ကွမ်းဆက်ကို ၎င်းတို့အတွက် ကလပ်စံချိန်တင်ကြေး ပေါင် ၃၄ သန်းဝန်းကျင်ဖြင့် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်။ ကွမ်းဆက်မရှိတော့ရင် […]
ရစ်ချက်ဟုချ်ဟာ ဘုန်းမောက်တာဝန်ရှိသူတွေဘက်က ပေါင် ၄၅ သန်း စျေးသတ်မှတ်ထားတဲ့ ကာကက်ဇ်အတွက် အကျိတ်အနယ် ဆွေးနွေးနေပြီး ပေါင် သန်း ၄၀ ဝန်းကျင်ဖြင့် သဘောတူညီမှုရဖို့ အပေါင်းလက္ခဏာ ဆောင်နေပါတယ်။ နာပိုလီအသင်းဟာ ဒါဝင် နူးညက်စ်အတွက် ပေါင် ၃၇ သန်းဝန်းကျင် တန်ကြေးရှိကမ်းလှမ်းမှု ပြုလုပ်လိုပြီး လီဗာပူးဘက်ကတော့ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!