လီဗာပူး လူငယ်ကြယ်ပွင့် ဘော်ဘီကလက်ကို ပပ်လင်ဒါးရဲ့ အသင်းသစ် ဆဲလ်ဘတ်အသင်းက ခေါ်ယူလိုနေသလို အင်္ဂလန်ပြည်တွင်းကလပ်တွေကလည်း စိတ်ဝင်စားမှု ပြသနေပါတယ်။ မနှစ်ကရာသီ ပထမအသင်းမှာ ၁၂ ပွဲ ကစားခွင့်ရခဲ့ကာ ပွဲထွက်ကနေ ၃ ပွဲ ကစားခဲ့တဲ့ ဘော်ဘီကလက်ကို တစ်ရာသီ အငှားဖြင့် ခေါ်ယူလိုတဲ့ ကလပ်တွေ များပြားနေပါတယ်။ […]
လီဗာပူးအသင်းဟာ ဒီနွေမှာ ကစားသမား ခေါ်ယူမှုတွေ မစတင်သေးသလို ကစားသမား ရောင်းချမှုတွေလည်း မရှိသေးဘဲ လူစာရင်း စုဖွဲ့မှုအတွက် ကြိုတင် လုပ်ဆောင်ရမယ့် ပလန်တွေကိုပဲ စီစဉ်နေပါတယ်။ ရာသီသစ်အတွက် ပထမဆုံးသော အပြောင်းအရွှေ့ကတော့ ညာအစွန်လူ ကယ်ဗင်ရမ်ဆေးကို အငှားချခဲ့ခြင်းပဲဖြစ်တယ်။ ရမ်ဆေးဟာ လိဂ်ဝမ်းကလပ် ဝီဂန်အသင်းထံ တစ်ရာသီအငှားနဲ့ တရားဝင် […]
ကိုပါအမေရိကမှာ အယ်လီဆန်တို့ရဲ့ ဘရာဇီးက ကော်စတာရီကာကို ၀-၀ သရေကျခဲ့ပြီး လူးဝစ် ဒီယက်ဇ်ရဲ့ ကိုလံဘီယာကတော့ ပါရာဂွေးကို ၂-၁ ဖြင့် အနိုင်ရသွားပါတယ်။ ဂျိုတာဟာ ဒဏ်ရာကြောင့် ပေါ်တူဂီအသင်း လေ့ကျင့်ရေးကနေ ဖယ်ထုတ်ခံထားရပါတယ်။ ရာသီကြို အမေရိကန် ခရီးစဉ် မတိုင်ခင်မှာ လီဗာပူးအသင်းဟာ အက်ဆာမှာ နည်းပြသစ်နဲ့အတူ […]
ဒီနွေအပြောင်းအရွှေ့မှာ လီဗာပူး တိုက်စစ်သမား လူးဝစ် ဒီယက်ဇ်ကို ခေါ်ယူနိုင်ဖို့ စိတ်အားထက်သန်မှု အရှိဆုံးက ဘာစီလိုနာဖြစ်ကြောင်း စပိန်နဲ့ တောင်အမေရိက သတင်းထောက်တွေက ဖော်ပြနေပါတယ်။ LFCThaDin ဖတ်ရှုသူတွေ အနေနဲ့လည်း လီဗာပူးအသင်းဟာ ဒီယက်ဇ်အတွက် ကမ်းလှမ်းမှုတွေကို ပိတ်ပင်သွားမှာ မဟုတ်သလို ကစားသမားဘက်က အသင်းပြောင်းလိုရင်လည်း တားဆီးမှာ မဟုတ်ကြောင်း […]
စကော့တလန် ၀-၁ ဟန်ဂေရီ အုပ်စုတွင်း နောက်ဆုံးပွဲအပြီး ရိုဘိုတို့အသင်း ယူရိုကနေ ထွက်ခွာရပေမယ့် ဟန်ဂေရီကတော့ အုပ်စု တတိယအဖြစ် နောက်အဆင့်ကို တက်ရောက်နိုင်နေဆဲပါ။ အသင်းဖော် Varga ကို ဆေးကုပေးဖို့ ဆေးအဖွဲ့က နှောင့်နှေးနေတာမို့ ဆိုဘိုစလိုင်ဟာ အပြင်ထိထွက်ကာ ထမ်းစင်ကို ခပ်မြန်မြန် သွားဆွဲလာပေးတဲ့ ဖြစ်ရပ်ဟာ […]
နည်းပြအာနယ်ဟာ ဒီကာလတွေအတွင်း အက်ဆာမှာ အသင်းရဲ့ အစဉ်အလာတွေနဲ့ အသင်းအကြောင်းကို လေ့လာမှု ပြုလုပ်နေပါတယ်။ ဘာစီလိုနာဟာ ဘီဘာအိုမှ နီကိုး ဝီလီယမ်ကို သဘောကျပေမယ့် လူးဝစ် ဒီယက်ဇ်ကိုပဲ ဦးစားပေးအဖြစ် သတ်မှတ်ထားဆဲပါ။ ဒီယက်ဇ်ဘက်ကတော့ ဘာစီလိုနာဘက်က စတင်မှုကို စောင့်ဆိုင်းနေပါတယ်။ လီဗာပူးအသင်းဟာ နီကိုး ဝီလီယမ်နဲ့ နီးစပ်သူတွေထံ […]
ပရီးမီးယားလိဂ် ကစားသမားဟောင်း ဖာဘရီဂတ်စ်ကတော့ နယ်သာလန် တိုက်စစ်မှူး ဂက်ပိုကို သဘောကျနေပြီး အလုပ်လုပ်တဲ့ တိုက်စစ်သမားလို့ မှတ်ချက်ပေးလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရွေးစင်မှာတော့ သူ့ရဲ့ ပင်ကိုယ်နေရာဖြစ်တဲ့ ဘယ်တောင်ပံနေရာက ခြေစွမ်းပြနေသူပါ။ ပိုလန်ကို အနိုင်ရတဲ့ပွဲမှာ ၁ ဂိုးသွင်းခဲ့သလို ပြင်သစ်နဲ့ သရေကျတဲ့ပွဲမှာလည်း […]
လီဗာပူးအသင်းဟာ ဘက်တစ်၊ အာဆင်နယ်၊ ယူနိုက်တက်တို့နဲ့ ယှဉ်ပြိုင်ကစားရမယ့် အမေရိကန် ရာသီကြိုပြီးရင် ဩဂုတ်လ ၁၁ ရက်နေ့မှာ ဆီးဗီးလာအသင်းနဲ့ ချစ်ကြည်ရေးပွဲကို အန်ဖီးမှာ ယှဉ်ပြိုင်ပါမယ်။ နယ်သာလန်နဲ့ ပြင်သစ်တို့ရဲ့ ယူရိုပွဲမှာ ဗန်ဒိုက်နဲ့ ဂက်ပိုတို့ ပွဲထွက်ခဲ့ကာ ၀-၀ ရလဒ်နဲ့ ပွဲအပြီးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဘီဘာအို […]
ဒီအပတ်တွေအတွင်း မာဆေးဆိုဒ်သတင်းထောက်တွေရဲ့ ဖော်ပြချက်ဟာ လီဗာပူးပရိသတ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။ အရင်အပတ်ကပဲ အသင်းဟာ ကွင်းလယ် နံပါတ် ၆ သမား ခေါ်ယူရေးကို ဦးစားပေးအဖြစ် မသတ်မှတ်ထားဘဲ ဗဟိုခံစစ်မှူးနဲ့ တောင်ပံမှာ ကစားနိုင်သူတွေကိုပဲ အဓိက ခေါ်ယူသွားမယ်လို့ မာဆေးဆိုဒ်သတင်းထောက် Ian Doyle က ဖော်ပြခဲ့တာပါ။ ဒီအပတ်မှာတော့ […]
လီဗာပူးသတင်းထောက် Ian Doyle ဟာ အရင်အပတ်ကပဲ အသင်းရဲ့ ဦးစားပေးက ကွင်းလယ်ခံစစ် မဟုတ်တော့ဘဲ ခံစစ်မှူးလို့ ပြောဆိုခဲ့ပါတယ်။ ယိုရိုကို ခေါ်ယူရေး အရေးမသာဖြစ်နေတဲ့နောက် ဗဟိုခံစစ်ကလည်း ဦးစားပေး မဟုတ်တော့ဘဲ အခြားနေရာတွေကို အားဖြည့်မှာပါလို့ ဒီအပတ်မှာ Ian Doyle က သတင်း ထုတ်ပြန်လာတာကြောင့် […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!