တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း၊ ပြိုင်ဘက်ရဲ့ ကျော်ဖြတ်ခြင်း ခံခဲ့ရတဲ့ အသင်းသား၊ ဒါဝင် အံ့ဝင်လာခြင်းနဲ့ အာဆင်နယ်ပွဲအပြီး စကားစမြည်း ပြောစရာများ

October 28, 2024 LFC2 0

တနင်္ဂနွေနေ့တုန်းက အမ်းမရိတ်ပွဲမှာ လီဗာပူးအသင်းဟာ အာဆင်နယ်ကို ၂ ကြိမ်တိုင် နောက်ကနေ လိုက်ကစားပြီး ၂-၂ ရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒီအပတ် ပွဲတွေများပေမယ့် အင်တာနက် အခက်အခဲကြောင့် ပွဲပြီး စကားစမြည်းလေးတွေ သိပ်မလုပ်နိုင်ပါဘူး။ အာဆင်နယ်ပွဲအတွက်တော့ အကျဉ်းသဘော ဖော်ပြသွားပါမယ်။ တုန့်ပြန်တိုက်ခိုက်နိုင်စွမ်း ယာဂင်ကလော့ပ် လက်ထက် လီဗာပူးအသင်းဟာ […]

အာနယ် ဆလော့ ရွေးထုတ်ပြတဲ့ အာဆင်နယ် ၂-၂ လီဗာပူးပွဲမှ သူ သဘောကျရတဲ့ ကိစ္စ ၂ ချက်

October 28, 2024 LFC2 0

အမ်းမရိတ်ကွင်းမှာ အာဆင်နယ်ကို ဗန်ဒိုက်၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၂-၂ သရေကျအပြီး သူမြင်တဲ့ ကောင်းတဲ့အချက် ၂ ခုကို အာနယ် ဆလော့က ရွေးထုတ်သွားပါတယ်။ လီဗာပူးအသင်းဟာ ကြားရက် ချန်ပီယံလိဂ်မှာ အာဆင်နယ်ထံ ၁ ရက်နောက်ကျ ကစားခဲ့ရပြီး အဝေးကွင်းအဖြစ် လိုက်ဇစ် ကွင်းထံ သွားကစားထားတာပါ။ […]

ဒိုင်တွေ မှားပြီး အဝါကတ်ပြကြောင်း ရှင်းပြ၊ ဒါဝင်ကို ချီးကျူးနေကြခြင်း၊ ဒုတိယနေရာ ဆင်းပေးရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

October 28, 2024 LFC2 0

လီဗာပူးအသင်းဟာ အဝေးကွင်းမှာ အာဆင်နယ်ကို ၂-၂ ရလဒ် ကစားခဲ့အပြီး မန်စီးတီးနဲ့ ၁ မှတ်အကွာ အမှတ်ပေးဇယား ဒုတိယနေရာကို ဆင်းပေးလိုက်ရပါတယ်။ လီဗာပူးအသင်းအနေနဲ့ လာမယ့် ပွဲတွေမှာ လက်ရှိ ပုံစံကို ထိန်းသိမ်းသွားပြီး ရလဒ် ဆက်ယူမယ်ဆိုရင် မန်စီးတီးနဲ့အပြိုင် ဖလားစိန်ခေါ်မယ့်အသင်း ဖြစ်လိမ့်မယ်လို့ သုံးသပ်ခံလာရပါတယ်။ ပရီးမီးယားလိဂ် […]

အာဆင်နယ်ပွဲမှာ ၁ နေရာကလွဲလို့ ပုံမှန် ရွေးချယ်မှုကိုပဲ ပြုလုပ်ဖွယ်ရှိတဲ့ အာနယ် ဆလော့

October 27, 2024 LFC2 0

ဆလော့နဲ့အတူ ပြန်လည် စတင်နေတဲ့ လီဗာပူးအသင်းဟာ ဖလားစိန်ခေါ်နိုင်မယ့် အသင်းအဖြစ် ရေပန်းစားတဲ့ အာဆင်နယ်ကို အဝေးကွင်း သွားရောက် ရင်ဆိုင်ရပါမယ်။ Team news ခီယေဆာ လေ့ကျင့်ရေး ဝင်နေပေမယ့် အာဆင်နယ်ပွဲ ပါနိုင်မှာ မဟုတ်ပါဘူး။ ဒဏ်ရာရထားတဲ့ ဂျိုတာ လေ့ကျင့်ရေးတောင် မဝင်နိုင်သေးပါဘူး။ ဘရတ်ဒလေ ဒဏ်ရာ […]

ထရန့်ကို သတိပေးနေကြခြင်း၊ ဝှက်ဖဲတွေ ထုတ်သုံးမယ့် အာဆင်နယ်၊ ဘရာဇီး တိုက်စစ်သမားနဲ့ အသံထွက်နေခြင်းတို့နဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

October 27, 2024 LFC2 0

ဒီကနေ့ညပွဲကြို အာဆင်နယ်အသင်းသားတွေ ဟိုတယ် စုဝေးမှုမှာ ဒဏ်ရာရနေတဲ့ ဆာကာကော တင်ဘာပါ ပါဝင်လာပါတယ်။ လီဗာပူးအသင်းဟာ အညှာအတာကင်းမှုတွေကို ပြသလို့ မန်စီးတီးကို ယှဉ်ပြိုင်ကာ ဖလားယူဖူးတဲ့အသင်းဖြစ်ပြီး နည်းပြအာနယ် ဆလော့ကလည်း အသင်းကောင်းတစ်သင်းကို အမွေဆက်ခံခွင့်ရခဲ့သူဖြစ်ကြောင်း အာတီတာက ပြောပါတယ်။ အာဆင်နယ်အသင်းဟာ ဒဏ်ရာတွေအကြောင်းပြလို့ သူတို့ကို အောက်အသင်းအဖြစ် ရှုမြင်ကြပြီး […]

NEWS: ဂိုးသွင်းနှုန်း ရှယ်ကောင်းတဲ့ တိုက်စစ်မှူးကို လီဗာပူးအသင်း စကားပြောမှု စတင်ကြောင်း အသံထွက်

October 26, 2024 LFC2 0

လီဗာပူးအသင်းဟာ ဂျာမာန် ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်အသင်းမှ အီဂျစ်သား တိုက်စစ်သမား အိုမာ မာမိုစ့်ကို စိတ်ဝင်စားမှုက အလေးအနက် ဖြစ်လာနေဟန်ရှိပါတယ်။ ဥရောပရဲ့ အလားအလာရှိ တိုက်စစ်သမားတွေထဲက တစ်ဦးအဖြစ် ချီးကျူးမှုတွေရနေတဲ့ မာမိုစ့်ဟာ သူ့ကစားသမားဘဝ တစ်ခုလုံးနီးပါး ဂျာမာန်မြေမှာပဲ ကျင်လည်ခဲ့တာပါ။ မနှစ်ကရာသီမှာ ဖရန့်ဖတ်ကို ကူးပြောင်းခဲ့တဲ့နောက် ပြိုင်ပွဲစုံ […]

ပရီးမီးယားလိဂ်ဖလား အောင်မြင်လိုရင် လီဗာပူးအသင်း ဒီ ၂ နေရာ အားဖြည့်ဖို့လိုမယ်လို့ ကာရေဂါ ထောက်ပြ

October 26, 2024 LFC2 0

လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ဖလားကို ဦးဆောင်နေပေမယ့် အာဆင်နယ်၊ မန်စီးတီးတို့ထက် စာရင် လူစာရင်း အင်အားက နည်းပါးနေတယ်လို့ ကာရေဂါက ဆိုပါတယ်။ အဓိက အားဖြင့် သွင်းဂိုးတွေအတွက် မျှဝေပေးနိုင်မယ့် ကွင်းလယ်တိုက်စစ်သမား မရှိခြင်းနဲ့ ခံစစ်ပိုင်း တစ်နေရာ အားနည်းခြင်းတွေဟာ ပြိုင်ဘက်အသင်းတွေနဲ့ နှိုင်းယှဉ်ရင် သိသသာတဲ့ လူစာရင်း လိုအပ်ချက်အဖြစ် […]

ဘောလုံးသမိုင်းမှာ ပထမဆုံးအရာကို ဖန်တီးလိုတဲ့ ထရန့်၊ ဂန်းနား ၃ ဦး လွဲချော်ခြင်း၊ တိုက်စစ်မှူးသစ် အသံထွက်နေခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

October 26, 2024 LFC2 0

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်လိုတယ်ဆိုရင် ကြီး ၆ ကြီးနဲ့ နယူးကာဆယ်လို အသင်းတွေကို ရင်ဆိုင်ရတဲ့ အဝေးကွင်းမှာ အနိုင်ရလဒ်မျိုးထိ ယူနိုင်မယ့် ပွဲတွေ ရှိရပါမယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။ ထရန့်ကတော့ သူဟာ ဘလွန်းဒီအောသမိုင်းမှာ ဆုအနိုင်ရတဲ့ ပထမဆုံးသော အစွန်လူဖြစ်ချင်တယ်လို့ ထုတ်ပြောလာပါတယ်။ လီဗာပူးဘက်က အီဂျစ် […]

NEWS: ဂျိုတာ၊ ခီယေဆာ၊ ဘရတ်ဒလေတို့နဲ့ အာဆင်နယ်ပွဲကြို ဒဏ်ရာရ အသင်းသားတွေအကြောင်း ဆလော့ရဲ့ ပြောဆိုမှု

October 25, 2024 LFC2 0

အာနယ် ဆလော့ကပဲ အသင်းရဲ့ တိုက်စစ်သမားတွေဖြစ်တဲ့ ဂျိုတာ၊ ခီယေဆာနဲ့ ဘရတ်ဒလေတို့ ဒဏ်ရာကြောင့် အာဆင်နယ်ပွဲလွဲမယ်လို့ အတည်ပြုပါတယ်။ တနင်္ဂနွေနေ့ အမ်းမရိတ်မှာ ယှဉ်ပြိုင်ရမယ့်ပွဲကို ဂိုးသမား အယ်လီဆန်နဲ့ ကွင်းလယ်လူ ဟာဗေးတို့ ဆက်လက် လွဲချော်ကြဦးမှာပါ။ သူတို့နှစ်ဦးထဲမှာ ဟာဗေးကတော့ သိပ်မကြာခင် ပြန်ကစားနိုင်လောက်ပေမယ့် ခပ်မြန်မြန်တော့ ဖြစ်လာဦးမှာ […]

ဆာလာကို ဖယ်ရှားခဲ့ကြခြင်း၊ သူ့သားက အန်ဖီးကို ပြောင်းနိုင်တယ်ဆိုလာသူ၊ ဆိုဘိုစလိုင်ကို ဦးတည်လာကြခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

October 25, 2024 LFC2 0

အာဖရိက တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆု ဆန်ကာတင် ၁၀ ဦး စာရင်းထဲတောင် မိုဆာလာ မပါနိုင်ခဲ့ပါဘူး။ တနင်္ဂနွေနေ့ အာဆင်နယ် vs လီဗာပူး ပွဲမှာ နှစ်သင်းပေါင်း ကစားသမား ၁၂ ဦး ဝန်းကျင်လောက် ပွဲကို လွဲချော်သွားဖွယ် ရှိနေပါတယ်။ လီဗာပူးဘက်က ဂျိုတာ၊ […]