အီကီတီကီကို ခေါ်ယူရေး အရေးသာနေပေမယ့် လီဗာပူးအသင်းဟာ အီဆက်ကို ခေါ်ယူခွင့်အတွက် လမ်းမပိတ်ထားဘဲ နယူးကာဆယ်ဘက်က ဆုံးဖြတ်လာမှာကို စောင့်ပေးနေပါတယ်။ ဘိုင်ယန်မြူးနစ်က အရေးသာစပြုလုပ်နေတဲ့ ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း ကြိုးစားနေသေးပေမယ့် ကလပ် နှစ်သင်းလုံးဟာ လီဗာပူးလိုချင်တဲ့ ပမာဏမျိုးကို မပေးနိုင်ကြသေးပါဘူး။ ဘိုင်ယန်မြူးနစ်ဘက်က ဒီယက်ဇ်ကို လီဗာပူးမှာရနေတဲ့ တစ်ပတ်လုပ်ခ […]
ဝက်စ်ဟမ်းအသင်းဟာ လီဗာပူးကွင်းလယ်အတွဲဖြစ်တဲ့ ဟာဗေးနဲ့ မော်တန်တို့ နှစ်ဦးလုံးကို ခေါ်ယူဖို့ ချိတ်ဆက်မှု လုပ်ဆောင်နေပါတယ်။ ဝုဗ်အသင်းဟာ တိုက်စစ်မှူး ဂျိုတာကို သူတို့အသင်းရဲ့ Hall of Fame စာရင်းထဲ ထည့်သွင်းသွားမယ့်အကြောင်း တရားဝင် ကြေညာပါတယ်။ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတီကီရဲ့ အေးဂျင့်ကတော့ သူ့ကစားသမားဟာ လီဗာပူးအသင်းကိုပဲ ဦးစားပေး […]
အီကီတီကီကို ခေါ်ယူခြင်းဟာ အီဆက်ကို ရောင်းမယ်လို့ ဆိုလိုခြင်း မဟုတ်ဘဲ လီဗာပူးဘက်က ဆွီဒင်တိုက်စစ်မှူးအတွက် စကားပြောလိုကြောင်း အချက်ပေးမှုကို နယူးကာဆယ်ဘက်က ငြင်းဆန်နေဆဲဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကြီးကျယ်တဲ့ ရည်မှန်းချက်တွေအတွက် သူ့ကို ချိတ်ဆက်လာတာလို့ အီဆက်ဘက်က နားလည်ထားပြီး သူကိုယ်တိုင်ကတော့ အသင်းပြောင်းလိုကြောင်း ဆန္ဒထုတ်ဖော်ခြင်းမျိုးထက်စာရင် လက်ရှိမှာ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ […]
တိုက်စစ်သမား ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်ကို ပြောင်းဖို့အတွက် ခေါင်းညိတ်ထားပြီဖြစ်တယ်လို့ ဂျာမာန်သတင်းတွေက ဆိုပါတယ်။ လီဗာပူးဘက်ကတော့ အခုချိန်ထိ ချိတ်ဆက်မှုတွေကို လက်ခံမယ့် သဘောထား မပြသေးပါဘူး။ လီဗာပူးအသင်းဟာ အီဆက်အတွက်ကော အီကီတီကီအတွက်ပါ ပလန်နှစ်ခုလုံး ပြင်ဆင်ထားပါတယ်။ တချိန်တည်းမှာ နယူးကာဆယ်ဘက်က လက်ခံမယ်ဆိုတာနဲ့ ပေါင် သန်း ၁၂၀ ဝန်းကျင် […]
လီဗာပူးအသင်းဟာ ဂိုးသမားသစ် မာမာဒီရှီဗီလီကို ခေါ်ယူနိုင်ကြောင်း တရားဝင် ကြေညာခဲ့ပါပြီ။ ဂျိုတာကွယ်လွန်မှုကြောင့် ဂျော်ဂျီယာသားရဲ့ အပြောင်းအရွှေ့ ကိစ္စ တရားဝင်ကြေညာခြင်းကို နောက်ဆုတ်ခဲ့တာဖြစ်ပါတယ်။ ဖာနန်ဒက်စ်၊ ဒါလော့နဲ့ ယူနိုက်တက်နည်းပြ အမ်မိုရင်းတို့ဟာ မန်ချက်စတာယူနိုက်တက်ကို ကိုယ်စားပြုပြီး ဂျိုတာနဲ့ အန်ဒရီတို့အတွက် အန်ဖီးမှာ လွှမ်းသူပန်းခွေ လာချခဲ့ပါတယ်။ အားကစားဆိုင်ရာ လှုပ်ရှားမှုတွေ […]
ဒီကနေ့ Preston အသင်းနဲ့ ယှဉ်ပြိုင်ခြင်းဖြင့် စတင်မယ့် ရာသီကြိုပွဲမှာ လီဗာပူးအသင်းဟာ မနှစ်က Nike ဂျာစီကိုပဲ ဝတ်ဆင်ကစားပါမယ်။ နယူးကာဆယ်အသင်းဟာ လီဗာပူးရဲ့ တိုက်စစ်ပစ်မှတ် ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အီကီတီကီကို ခေါ်ယူပြီး အီဆက်နဲ့တွဲဘက်ကစားစေဖို့ ပလန်လာတာလို့ တယ်လီဂရပ်က ဖော်ပြပါတယ်။ လီဗာပူးအသင်းဟာ နယူးကာဆယ် […]
ဇူလိုင်လ ၁၁ ရက်နေ့ ည ၂၀ နာရီ ၂၀ မိနစ်အချိန်မှာ လီဗာပူးအသင်းဟာ Forever our no 20 ဆိုတဲ့ ဗီဒီယိုကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒါဟာ ဂျိုတာအတွက် အသင်းရဲ့ အသေးစိတ်ကျတဲ့ ဂရုစိုက်မှုအဖြစ် ပရိသတ်တွေကြားမှာ သဘောကျစရာဖြစ်လာပါတယ်။ အဆိုပါဗီဒီယိုကို ထုတ်လွှင့်ရခြင်းကတော့ […]
လီဗာပူးအသင်းဟာ လူးဝစ် ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ ချဉ်းကပ်မှုကို ပယ်ချလိုက်ပြီး ကိုလံဘီယာ တိုက်စစ်သမားအတွက် မည့်သည့် ချိတ်ဆက်မှုမှ လက်ခံမှာ မဟုတ်ကြောင်း တုန့်ပြန်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဘက်က ဒီယက်ဇ်ကို ခေါ်ယူနိုင်ရေး ယူရို ၅၂ သန်း ဝန်းကျင်ဖြင့် စကားပြောခဲ့ခြင်းဖြစ်ကာ လီဗာပူးဘက်ကတော့ ယူရို ၈၅ သန်းထက် […]
လီဗာပူးအသင်းဟာ ကွယ်လွန်သွားတဲ့ တိုက်စစ်မှူး ဒီယေဂို ဂျိုတာကို အောက်မေ့သောအားဖြင့် အထူးဗီဒီယို တစ်ခုကို ဒီမနက်မှာပဲ လူမှုကွန်ယက်တွေက တဆင့် ထုတ်လွှင့်ခဲ့ပါတယ်။ Our lad from Portugal. Forever ❤️ pic.twitter.com/opXUCmJqKq — Liverpool FC (@LFC) July 3, […]
ဒီရာသီ ခေါ်ယူမှုအသစ်ထဲ ပါဝင်လာမယ့် ဂိုးသမား မာမာဒီရှီဗီလာဟာ လီဗာပူးအသင်းထံ လာရောက်နေပြီဖြစ်ပါတယ်။ ပဲလေစ့်အနေနဲ့ ခံစစ်မှူး ဂူဟီအတွက် ပြောင်းရွှေ့ကြေးကို ပေါင် သန်း ၄၀ တဝိုက်ထံ မလျော့ချပေးရင် လီဗာပူးဘက်က ကမ်းလှမ်းမှု ပြုလုပ်မှာ မဟုတ်ပါဘူး။ မနှစ်ကရာသီ ဘယ်တောင်ပံမှာ ဂက်ပို ဂိုးတွေသွင်းယူပြီး ဆာလာနောက် […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!