လီဗာပူးအသင်းဟာ ဗလန်စီယာ ဂိုးသမား မာမာဒါရှီဗီလီရဲ့ ယူရို သန်း ၄၀ တန် အပြောင်းအရွှေ့ကို အပြီးသတ်နေပြီဖြစ်ကာ ၂၀၂၅ နွေမှာ အသင်းထံ ရောက်လာပါလိမ့်မယ်။ ခံစစ်မှူး ဗန်ဒိုက်ဟာ မနှစ်ကရာသီ PFA အကောင်းဆုံး အသင်းထဲမှာ ပါဝင်ခဲ့ပါတယ်။ လက်တလော အခြေအနေအရ လာမယ့် နွေမှာ […]
လီဗာပူးအသင်းဟာ ဗလန်စီယာကနေ မာမာဒါရှီဗီလီကို ပေါင် ၂၅ သန်းဖြင့် ခေါ်ယူမှု ရရှိသွားကြောင်း အပြောင်းအရွှေ့ သတင်းထောက် ရိုမန်နိုက ဖော်ပြလာပါတယ်။ အသက် ၂၃ နှစ်အရွယ် ဂျော်ဂျီယာ ဂိုးသမားကို အယ်လီဆန် နေရာ အစားထိုးဖို့ လီဗာပူးဘက်က အာရုံစိုက် ကြိုးစားနေတာပါ။ ယူရိုမှာ လက်စွမ်းပြခဲ့တဲ့ […]
လီဗာပူးအသင်းက အစ်ဝစ်ချ်ကို ၂-၀ ဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်သီတင်းပတ်မှာ ပွဲနေ့ လူစာရင်းအတွင်း မပါခဲ့တဲ့ ဂိုးမက်စ်ရဲ့ အနာဂတ်ဟာ စကားပြောစရာတွေဖြစ်လာနိုင်သလို အသင်းဘက်က ဂူဟီကို ပြန်ချိတ်ဆက်နိုင်ကြောင်း သတင်းထောက် David Ornstein က ဆိုပါတယ်။ အသက် ၂၇ နှစ်အရွယ် ခံစစ်မှူး […]
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အထူးခြားဆုံးဖြစ်မယ့် တိုက်စစ်အတွဲကို တည်ဆောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ လီဗာပူးအသင်းမှာ ၁၁ နှစ်ကြာအောင် ဒေတာသမားအဖြစ် အလုပ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ အသင်းက ထွက်ခွာသွားတဲ့ အိုင်ရန် ဂရေဟမ်က ဒီအကြောင်းကို ပြောပြခဲ့တာပါ။ မိုဆာလာ၊ ဖာမင်နိုနဲ့ မာတစ်တို့ကို ခေါ်ယူရေးမှာ မိုက်ကယ်အတ်ဝပ်ကို […]
အက်စတွန်ဗီလာ၊ ဘိုင်ယန်မြူးနစ်၊ ဖူလ်ဟမ်၊ ပဲလေစ့်အပြင် ချယ်ဆီးကပါ ဂိုးမက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လီဗာပူးဘက်က ခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်း တောင်းဆိုနိုင်ဦးမလား စောင့်ကြည့်ရမယ်လို့ မာဆေးဆိုဒ် သတင်းထောက်တွေက ဆိုပါတယ်။ ပရီးမီးယားလိဂ် ပထမအပတ်ရဲ့ ဖိအားပေးခြင်းပိုင်းလို လှုပ်အားနှုန် အများကြီးအတွက် အချက်အလက်ပြဇယားမှာ […]
မန်စီးတီးနည်းပြ ဂွာဒီယိုလာက ဒီရာသီ ပရီးမီးယားလိဂ်ရာသီသစ်မှာ ဖလားအကြောင်းထက် ထိပ်ဆုံး ၄ သင်း ဝင်ဖို့ကို အရင်ဆုံး အာရုံစိုက်မယ်လို့ ဆိုပါတယ်။ မန်စီးတီးရဲ့ တောင့်တင်းတဲ့ပြိုင်ဘက်ဟာ လီဗာပူးနဲ့ အာဆင်နယ်တို့ ဖြစ်လာဦးမှာ သံသယမရှိတဲ့ စပိန်သားကြီးက ယူနိုက်တက်၊ စပါး၊ ချယ်ဆီးကလည်း ကစားသမားကောင်းတွေရထားကြောင်းနဲ့ နယူးကာဆယ်ဆို ဥရောပပွဲ […]
အစ်ဝစ်ချ် ၀-၂ လီဗာပူးပွဲမှာ နည်းပြအာနယ်ဆလော့ရဲ့ လုပ်ရပ်ဟာ လီဗာပူးပရိသတ်တွေတင် မကဘဲ ဘောလုံးဝေဖန်ရေးသမားတွေကိုပါ အနည်းငယ် တုန်လှုပ်စေဟန် ရှိပါတယ်။ အာနယ် ဆလော့ဟာ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတင် ကစားသမား တစ်ယောက်ကို စိတ်ရှည်ရှည် အခွင့်အရေး ပေးဖို့ထက် အသင်းနိုင်ပွဲရဖို့ လုပ်ရဲကိုင်ရဲကြောင်း သူ့ရဲ့ အကျင့်စရိုက်ကို ပြသသွားတာဖြစ်ပါတယ်။ […]
အပြင်ဘက်က အသံတွေ အရမ်း ကျယ်လောင်နေလို့ဆိုပြီး ဂရူးမူးထိုး လူသစ်ခေါ်ယူခြင်းမျိုး လီဗာပူးအသင်း ပြုလုပ်မှာ မဟုတ်ကြောင်း David Ornstein က ပြောပါတယ်။ ဘော်ဘီကလက်ဟာ ဆဲလ်ဘတ်ကို ပြောင်းဖို့ ပုဂ္ဂိုလ်ရေးပိုင်း သဘောတူညီခဲ့ပြီဖြစ်ပါတယ်။ ကလပ်နှစ်သင်းကြားမှာ ယူရို ၁၁.၆၅ သန်းအပြင် အနာဂတ် အပြောင်းအရွှေ့ အကျိုးခံစားခွင့်တွေဖြင့် […]
ဂျိုတာ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှ ပြောစရာလေးတွေကို LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်ရအောင်ပါ။ အစ်ဝစ်ချ်ပွဲမှ စကားပြောစရာ နှစ်ဦး ဒီပွဲဟာ ဆီးဗီးလာပွဲတုန်းက လူစာရင်းကို အခြေခံခဲ့ထားပြီး ကိုစတက် အစား ရော်ဘတ်ဆန် ပါဝင်တာလောက်ပဲ အပြောင်းအလဲ ရှိခဲ့ပါတယ်။ ရိုဘိုရဲ့ ခြေစွမ်းဟာ […]
ပရီးမီးယားလိဂ်အဖွင့်ပွဲအတွက် LFCTV ကနေ သုံးသပ်စကားပြောရာမှာ လီဗာပူးကစားသမားဟောင်း Gary Gillespie ရဲ့ ထင်မြင်ချက်တွေဟာ အသင်းပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။ တကယ်တော့ Gary Gillespie ဟာ နည်းနည်းရရ မဟုတ်ပါဘူး။ ၈၀ နဲ့ ၉၀ ခုနှစ်တွေအတွင်း လီဗာပူးအတွက် ၉ နှစ်ဝန်းကျင်ကစားခဲ့ရာမှာ အမှတ်ပေးဖလား […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!