လီဗာပူးအသင်းဟာ ဂျာမနီကြယ်ပွင့် ကစားသမား ဘရာဂျန် ဂရူဒါကို ချိန်ရွယ်နေတဲ့ ကလပ် ၃ သင်းထဲက ၁ သင်းဖြစ်ကြောင်း ဂျာမနီသတင်းဌာနက ဖော်ပြပါတယ်။ ကလော့ပ် မရှိတော့တဲ့နောက် နည်းပြသစ်နဲ့အတူ စိန်ခေါ်မှုအသစ်တွေကို ရင်ဆို်င်မယ့် လီဗာပူးဟာ ကလပ်လူစာရင်းကို ပြန်လည် တည်ဆောက်မှု ပြုလုပ်လာမှာပါ။ လက်တလောမှာ ဆာလာ၊ […]
နယ်သာလန်ပြည်တွင်းမှာ အာနယ် ဆလော့ကို ပြိုင်ဘက်အဖြစ် ရင်ဆိုင်ခဲ့ဖူးတဲ့ တနိုင်ငံတည်းသား နည်းပြဖြစ်သူ ယူနိုက်တက်နည်းပြတန်ဟက်ကတော့ ပရီးမီးယားလိဂ်ကို ပြောင်းလာတဲ့ ဆလော့ကို ကြိုဆိုလိုက်ပါတယ်။ တန်ဟက်ကတော့ အာနယ်ဟာ သူ့တုန်းကထက် ပိုကောင်းတဲ့ ဖွဲ့စည်ပုံ အခြေခံတွေရှိတဲ့ အသင်းကောင်းတစ်သင်းကို ဆက်ခံရမှာလို့ ယုံကြည်နေပါတယ်။ နယ်သာလန် နည်းပြနှစ်ဦးဟာ ပြည်တွင်းလိဂ်မှာ အပြိုင်ဖြစ်ခဲ့ကြဖူးပြီး […]
လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ဗဟိုခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးအဖြစ် သတ်မှတ်ထားကာ မကြာခင်မှာ ခြေလှမ်းသစ် စတင်လာတော့မယ်လို့ သိရပါတယ်။ LFCThaDin ဖတ်ရှုသူတွေအတွက် သတင်းထောက် Di Marzio ရဲ့ ဖော်ပြချက်ကို ကိုးကားရမယ်ဆိုရင် လီဗာပူးအသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းမှ ဗဟိုခံစစ်မှူး ယိုရိုကို ခေါ်ယူရေး အားကောင်းကောင်း […]
ဆော်ဒီပရိုလိဂ်ကတော့ ဒီနွေမှာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်းနဲ့ ဆာလာတို့ကို ခေါ်ယူဖို့ မတတ်နိုင်ရင် နောက်နှစ်နွေမှ အလွတ်ဖြင့် ခေါ်ယူဖို့ ကြိုးစားတော့မှာပါ။ နှစ်ဦးလုံးကို ဆော်ဒီပရိုလိဂ်က အလိုရှိနေကာ မနှစ်က စက်တင်ဘာမှာတော့ ဆာလာအတွက် ပေါင် သန်း ၁၅၀ တန် ကမ်းလှမ်းမှုမျိုး Al-Ittihad […]
ကမ္ဘာအကောင်းဆုံး (သို့) လူကြည့်အများဆုံး ဘောလုံးပြိုင်ပွဲဖြစ်တဲ့ ပရီးမီးယားလိဂ်ကတော့ ဥရောပ ပြိုင်ဘက်လိဂ်တွေရဲ့ ကျော်တက်ခြင်းကို ရင်ဆိုင်နေရပါပြီ။ ဒီရာသီ အင်္ဂလန်လိဂ် တစ်သင်းမှ ဥရောပမှာ အောင်မြင်ခြင်း မရှိတဲ့ နောက်ဆက်တွဲအဖြစ် စီးရီးအေနဲ့ ဘွန်ဒက်လီဂါတို့ဟာ နောက်ရာသီ ကလပ် ၅ သင်းထိ ချန်ပီယံလိဂ်ဝင်ခွင့်ရသွားတော့မှာပါ။ ဒါတင် မကသေးပါဘူး […]
လီဗာပူးအသင်းဟာ ဘယ်တောင်ပံ တိုက်စစ်မှူး လူးဝစ် ဒီယက်ဇ်ကို ဆက်ထိန်းမယ့်အကြောင်းပဲ ခိုင်ခိုင်မာမာ ရပ်တည်ပြထားပေမယ့် အခြေအနေက ၅၀-၅၀ ဖြစ်လာနေပါတယ်။ ဧပရယ်လအစမှာ အေးဂျင့် Raul Costa ဟာ လီဗာပူးကို ရောက်လာခဲ့ပါတယ်။ Raul Costa ဟာ စပို့တင်းနည်းပြ အမ်မိုရင်းရဲ့ ကိုယ်စားလှယ်ဖြစ်သလို လူးဝစ်ဒီယက်ဇ်ရဲ့ […]
လီဗာပူးအသင်းဟာ ဒီနွေမှာ ဂိုးသမားဌာနကို ပြုပြင်ရဖို့ရှိနေပြီး ဂိုးနည်းပြသစ် အပြင် ဂိုးသမားသစ်တွေကိုလည်း အင်အားဖြည့်ရဖွယ် ရှိနေပါတယ်။ အထူးသဖြင့် ကြံ့ခိုင်မှုပိုင်း မကြာခဏ ရုန်းကန်ရလေ့ရှိတဲ့ အယ်လီဆန်နေရာ အရန် အဖြစ် ပါဝင်နေရသူ ကလယ်ဟာက ပုံမှန်ပွဲကစားခွင့် ရလိုတာနေတာပါ။ ဒီနွေမှာ ကလယ်ဟာ ထွက်ခွာသွားနိုင်ကြောင်း သတင်းကလည်း လူတိုင်းသိနေကြပါပြီ။ […]
လီဗာပူးအသင်းဟာ ဒီနွေမှာပဲ စာချုပ်ပါ ပြောင်းရွှေ့ကြေးနဲ့ ခံစစ်မှူး ဗန်ဒန်ဘတ်ကို လက်လွတ်ရဖွယ် ရှိနေပါတယ်။ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူးဟာ ဘွန်ဒက်လီဂါကလပ် မိန့်ဇ်အသင်း တန်းမဆင်းရရေးမှာ အဓိကကျတဲ့ ကစားသမားအဖြစ် ပါဝင်ခဲ့သူပါ။ သူ့ကို အငှားချစဉ် စာချုပ်ထဲမှာတော့ ရာသီကုန်ရင် ယူရို ၅ သန်းထက် […]
လီဗာပူးအသင်း ပိုင်ရှင်တွေဟာ အမေရိကန်အားကစားလောကကနေ လာကြသူတွေဖြစ်တာနဲ့အညီ သူတို့ရဲ့ အုပ်ချုပ်မှုစနစ်ဟာ ခေတ်ရှေ့ပြေးပါတယ်။ တချိန်တည်းမှာပဲ အမေရိကန်ပိုင်ရှင်တွေဟာ ဘောလုံးကို ဦးနှောက်နဲ့ အုပ်ချုပ်သူတွေဖြစ်လို့ ရေရှည်အတွက် ပိုကြည့်ပြီး ကာလတို ဆုံးဖြတ်ချက်တွေကိုလည်း ရှောင်ရှားလိုကြပါတယ်။ ဒီအချက်မှာ သူတို့နဲ့ ပရိသတ်တွေကြား မကြာခဏ သဘောထား မတိုက်ဆိုင်မှု ရှိထားပါတယ်။ ဥပမာအားဖြင့် […]
လီဗာပူးနည်းပြသစ် အာနယ် စလော့ကတော့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ရာသီကြို ပြင်ဆင်မှု ရက်စွဲကို ပြောင်းလဲလိုက်ပါပြီ။ ဒီရာသီမှာ လီဗာပူးအသင်းဟာ ပြိုင်ပွဲစုံ ၅၈ ပွဲ ယှဉ်ပြိုင်ကစားခဲ့ပြီး နည်းပြကလော့ပ် လက်အောက် တတိယမြောက် ပွဲစဉ်အများဆုံး ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ နောက်ရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ပုံစံသစ်အရ ပွဲတွေ များပြားဦးမှာပါ။ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!