လီဗာပူး ဂိုးသမား အယ်လီဆန်ဟာ ပဲလေစ့်ပွဲမှာ အခွင့်အရေးကြီး ၃ ကြိမ်လောက်ကို ကာကွယ်ပေးခဲ့ကာ အသင်း ဂိုးမပေးရဖို့ အားထုတ်ခဲ့ပေမယ့် တံကောက်ကြောလို့ ယူဆရတဲ့ ဒဏ်ရာ ရသွားပါတယ်။ ပွဲချိန် မိနစ် ၇၀ ကျော်မှာ ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ ချက်စ် လူငယ်ဂိုးသမား ဂျာရိုစ့်နဲ့ လူစားလဲခဲ့ရပါတယ်။ ကလယ်ဟာ […]
ပဲလေစ့်အိမ်ကွင်းမှာ သွားကစားတဲ့ ပရီးမီးယားလိဂ်ပွဲကို ၁-၀ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ နိုင်ငံတကာသီတင်းပတ်မှာ လိဂ်ဦးဆောင်သူအဖြစ် ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ အသင်းဟာ ပွဲထွက်လူစာရင်း အပြောင်းအလဲ ၄ ခု လုပ်လာခဲ့ကာ ပထမပိုင်း ခြေစွမ်းအရ ကစားပုံကောင်းခဲ့ပါတယ်။ ကွင်းလယ်က သွက်သွက်ကြီး အလုပ်လုပ်နိုင်ခဲ့ကာ ပဲလေစ့်တို့ ဘောလုံးတောင် […]
ပြီးခဲ့တဲ့နှစ်နဲ့ လက်ရှိရာသီ ဘာကွာလဲဆိုရင် နည်းပြကလော့ပ်က တိုက်ရိုက် ကစားစေပြီး နည်းပြဆလော့က ဘောလုံးနဲ့အတူ ပိုကစားစေတယ်လို့ ဆိုဘိုစလိုင်က ပြောပါတယ်။ နည်းပြဆလော့က သူ့ကို နံပါတ် ၈ သမားထက် နံပါတ် ၆ သမားနေရာမှာပဲ ပိုသုံးလိုကြောင်း ပြောခဲ့သလို သူ့အတွက် အဲ့ဒါက ပြဿနာလို့ မဟုတ်ခဲ့ပါကြောင်း […]
နည်းပြ အာနယ်ဆလော့က ကလော့ပ် လက်ထက်မှာ ကျင့်သုံးနေတဲ့ စည်းမျဉ်းတွေထဲက သူ သဘောမကျတဲ့ အချက်တွေကို ပြောင်းလဲလိုက်ပြီဖြစ်ကြောင်း ထုတ်ပြောလာပါတယ်။ ဆလော့ ပြင်ဆင်လိုက်တာက ကစားပွဲ မတိုင်ခင် တစ်ရက်မှာ အသင်းသားတွေ ဟိုတယ်မှာ အတူတကွ စုဝေးကြတာမျိုး မလုပ်တော့ဖို့ပါ။ ဒီလိုမျိုး စုဝေးတာထက် ကိုယ့်အိမ်မှာ ကိုယ့်ဘာသာ […]
လီဗာပူးအသင်း ခံစစ်မှူး ဗန်ဒိုက်ဟာ အာဆင်နယ်မှာဆိုရင် ဆာလီဘာနဲ့ ဂါဘရီရယ်တို့ရဲ့ အရန်အဖြစ်ပဲ ရှိနေမယ့်သူဖြစ်ကြောင်း အာဆင်နယ် ကစားသမားဟောင်း ပေါမာဆန်က ပြောဆိုလာပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်မှာ အာဆင်နယ်အသင်းရဲ့ ခံစစ်ပိတ်ကစားနိုင်စွမ်းဟာ အတော်လေး လူပြောများနေတာပါ။ အထူးသဖြင့် မန်စီးတီးကို တစ်ယောက်လျော့ ၄၅ မိနစ် ကစားခဲ့ချိန်မှာ ဘက်စ်ကားကွက်လို […]
ပရီးမီးယားလိဂ် နောက်ဆုံးပွဲတွေမှာ ခြေစွမ်းမကောင်းခြင်းကြောင့် ဝေဖန်ခံနေရတဲ့ ဆိုဘိုစလိုင်ဟာ ဘိုလော့ညာ ပွဲအပြီးမှာတော့ နှစ်ကိုယ်ခွဲ ကစားပေးနေသူအဖြစ် ပရိသတ်တွေထံက ချီးကျူးမှု ရနေပါတယ်။ အာနယ် ဆလော့ လက်ထက် ပွဲထွက်လူစာရင်းမှာ ပါခွင့်အရဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဆိုဘိုဟာ နည်းပြသစ်ရဲ့ ပထမဆုံး ၉ ပွဲမှာ ၈ […]
ပဲလေစ့်ပွဲကို ကိုင်မယ့် ဒိုင်က ကွင်းလယ်ဒိုင်အဖြစ် ဆိုင်မွန် ဟူပါဖြစ်ပြီး VAR ဒိုင်က ဒေးဗစ်ကိုတီ ဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ လီဗာပူးနဲ့ ဇာတ်လမ်းဆိုးတွေ ရှိခဲ့ပြီး အသင်းကစားသမားတွေကို အနီကတ်တွေ ပြလေ့ရှိသလို ပြိုင်ဘက်အသင်းကို ပင်နယ်တီ ပေးလေ့ရှိသူတွေပါ။ အောက်တိုဘာ နိုင်ငံတကာသီတင်းပတ်အပြီး ပွဲကြပ်တွေ လာတော့မှာမို့ ပဲလေစ့်ပွဲမှာ […]
ဒီရာသီ လီဗာပူးအသင်း ပရီးမီးယားလိဂ် ဇယားထိပ်ထိ တက်ရောက်သွားပေမယ့် အဓိက ဒေါက်တိုင်တွေနေရာ အစားထိုးဖို့ လိုအပ်လာခြင်းကို ထောက်ပြခံလာရပါတယ်။ လီဗာပူး ဂန္တဝင်ကြီး စတိဗ် နီကိုးကတော့ ကလပ်ရဲ့ ဖယ်ထုတ်မရတဲ့ တိုက်စစ်သမား ဆာလာ အသက်ရလာကာ ကလပ်မှာ စာချုပ်ရှည် မရှိတော့ခြင်းကြောင့် အနာဂတ်အတွက် စိတ်ပူမှု ရှိနေပါတယ်။ […]
ဒီကြားရက် အန်ဖီးမှာ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ်ပွဲကြို လေ့ကျင့်ရေးမှာတော့ ဒါဝင် နူးညက်စ်နဲ့ ရော်ဘတ်ဆန်တို့ ပါဝင်လာခဲ့ပါတယ်။ ဒါဝင်ဟာ အဖျားကြောင့် ဝုဗ်ပွဲကို လွဲချော်ခဲ့သလို အဆိုပါပွဲမှာ ရော်ဘတ်ဆန်ကလည်း ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတာပါ။ နှစ်ဦးလုံးဟာ ဘိုလော့ညာပွဲမတိုင်ခင် အသင်းလိုက် လေ့ကျင့်ရေးမှာ ပါဝင်လာခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့်လို့ အခြားသော […]
ဒီရာသီမှာ တာထွက်ကောင်းနေပေမယ့် လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်မှာ မဟုတ်ဘူးလို့ ဂယ်ရီနဗီးက ထုတ်ပြောလာပါတယ်။ နည်းပြသစ် ပြောင်းထားတဲ့ လီဗာပူးအသင်းဟာ အိုးထရတ်ဖိုဒ့်မှာ တန်ဟက်ရဲ့ အသင်းကို အနိုင်ယူခြင်း အပါအဝင် ပရီးမီးယားလိဂ် ပွဲစဉ် ၆ အပြီးမှာ ယူနိုက်တက်နဲ့ ၈ မှတ်အကွာ ဇယားထိပ်မှာ ရောက်နေတာပါ။ […]
Copyright © 2026 | WordPress Theme by MH Themes
error: Content is protected !!