ဘာစီလိုနာအသင်းဟာ လီဗာပူးကနေ မိုဆာလာကို ခေါ်ထုတ်ဖို့ စိတ်ဝင်စားခဲ့ပါတယ်လို့ ကက်တလန်သတင်းရင်းမြစ်ကို ကိုးကားပြီး စပိန်သတင်းဌာန Mundo Deportivo က ဖော်ပြပါတယ်။ ဒါပေမယ့်လို့ ဆာလာကို ခေါ်ယူနိုင်ဖို့ဟာ ဘာစီလိုနာအတွက် မဖြစ်နိုင်တဲ့ အိပ်မက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဘဏ္ဍာရေး အခက်အခဲကြောင့် ဆာလာအတွက် ပြောင်းရွှေ့ကြေးကို ဘာစီလိုနာဘက်က မတတ်နိုင်ခဲ့တာပါ။ မနှစ်ကနွေမှာ […]
လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ဂျော့ရှမတ်ကီနဲ့ ရာသီကုန်ရင် လမ်းခွဲမှာဖြစ်ကာ အကြီးအကဲသစ် တစ်ဦးကို ကလပ်ပြင်ပကနေ ရှာဖွေသွားတော့မှာဖြစ်ပါတယ်။ ဒီနှစ် အစောပိုင်းမှာတင် လီဗာပူးအသင်းက ဝက်စ်ဟမ်းအသင်း အားကစားဒါရိုက်တာ Tim Steidten နဲ့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဂျာမာန်သားကတော့ တရားဝင် ကမ်းလှမ်းမှု မရသေးကြောင်း အခုလို […]
ဒီရာသီကုန်ရင် လီဗာပူးနည်းပြရာထူးက နှုတ်ထွက်တော့မယ့် နည်းပြကလော့ပ်ဟာ မတ်လ ၁၀ ရက်နေ့ အန်ဖီးကွင်းမှာ မန်စီးတီးနည်းပြ ဂွာဒီယိုလာနဲ့ ထိပ်တိုက် ယှဉ်ပြိုင်ရပါဦးမယ်။ ကုန်ခဲ့တဲ့ ဆယ်စုနှစ်မှာ ဒီနှစ်သင်းဟာ အင်္ဂလန်ဘောလုံးလောကကို လွှမ်းမိုးခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်ကို ၂ သင်းပေါင်း ၅ ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အင်္ဂလန် ဘောလုံးလောကကနေ […]
ကွင်းလယ်လူဟောင်း ဒီဒီဟာမန်းကတော့ ကလော့ပ်ရဲ့နေရာ ဆက်ဆံသူဟာ အလွန်ဆိုပဲ ဖြစ်လာသင့်တယ်လို့ ထောက်ခံမှု လုပ်လိုက်ပြီ ဖြစ်ပါတယ်။ ကစားသမားဟောင်းကြီးတွေကတော့ ကလော့ပ် ခေတ်လွန်မှာ ဖြစ်ပေါ်လာမယ့် ဖိအားကြီးတွေကို နားလည်နေကြပါတယ်။ ပရိသတ်တွေဟာ အောင်မြင်မှုကို အလျင်စလို တောင်းဆိုမှာဖြစ်ပြီး အလွန်ဆိုလို အသင်းနဲ့ ဆက်ဆံရေး တည်ဆောက်ခဲ့ဖူးသူမှပဲ ဒီဖိအားကို ကိုင်တွယ်နိုင်ဖွယ် […]
အာဆင်နယ်အသင်းဟာ နော်တင်ဟမ် ဖောရက်စ်ကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ လီဗာပူးအသင်းနဲ့ ၂ မှတ်အကွာကနေ ပြန်လည် ဖိအားပေးလာပါတယ်။ သူ ထွက်မယ်လို့ ကြေညာပြီးပြီးချင်း ကစားသမားတွေကို စာချုပ်ကိစ္စ လိုက်မေးနေကြတဲ့ လုပ်ရပ်ဟာ မမှန်ကန်ပါဘူးလို့ ကလော့ပ်က ထုတ်ပြောသွားပါတယ်။ ကလော့ပ် ထွက်တော့မယ်လို့ ကြားသိလိုက်ရချိန် […]
ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝ နောက်ဆုံး အန်ဖီးကွင်း ပွဲစဉ်ထဲက ပေါင် ၆၀ တန် လက်မှတ်ဟာ မယုံနိုင်စရာ ပမာဏနဲ့ အရောင်းအဝယ် လုပ်နေကြပြီ ဖြစ်ပါတယ်။ သောကြာနေ့မှာပဲ ကလော့ပ်ဟာ ရာသီကုန်ရင် လီဗာပူးကနေ ထွက်ခွာမယ်လို့ ကြေညာခဲ့တာပါ။ လီဗာပူးအသင်းကို ကိုင်တွယ်မယ့် သူ့ရဲ့ နောက်ဆုံး ပွဲစဉ်ကတော့ […]
လီဗာပူးနည်းပြရာထူးကနေ ကလော့ပ် နှုတ်ထွက်မယ်ဆိုတဲ့ သတင်းကို ဂွာဒီယိုလာကတော့ နှမြောစိတ်ဖြင့် တုန့်ပြန်ပေမယ့် အကောင်းမြင်စွာ မှတ်ချက်ပေးပါတယ်။ စပိန်သားနည်းပြကတော့ သူ့နည်းပြဘဝ အကောင်းဆုံး ပြိုင်ဘက်လို့ ကလော့ပ်ကို ညွှန်းဆိုခဲ့ကာ တချိန်မှာ နည်းပြလောကထဲ ကလော့ပ် ပြန်ဝင်လာမယ်လို့ ယုံကြည်နေပါတယ်။ ဂွာဒီယိုလာက ” ဟုတ်ပါတယ် သတင်းကြားတော့ အခြားသူတွေလိုပဲ […]
ယာဂင်ကလော့ပ်ကတော့ သူ့ရဲ့ နောက်ဆုံးနေ့ရက်တွေဖြစ်လာမယ့် လက်ရှိ ဘောလုံးရာသီမှာ အသင်းထံက အစွမ်းကုန် ကြိုးစားအားထုတ်မှုကို မြင်လိုကြောင်းနဲ့ ပရိသတ်တွေကိုလည်း အရေးကြီး သတင်းပေးမှု လုပ်လာခဲ့ပါတယ်။ နည်းပြကလော့ပ်က ရာသီကုန်ရင် အသင်းကနေ ထွက်ခွာမယ် ကြေညာခဲ့ကာ လက်ရှိ ဖလား ၄ လုံး အောင်မြင်မှုပေါ်မှာ ရှိနေသေးတဲ့ အသင်းကိုတော့ […]
မန်စီးတီးနည်းပြ ဂွာဒီယိုလာကတော့ ကလော့ပ် မရှိရင် သူ လွမ်းနေတော့မှာပါလို့ ထုတ်ပြောခဲ့သလို လီဗာပူးနဲ့ ရင်ဆိုင်ရမယ့်ပွဲ မတိုင်ခင် အရင်ကလောက် အိပ်ရေးပျက်တော့မှာ မဟုတ်ဘူးလို့ ပြိုင်ဘက်ကြီးကို လေးစားစွာဖြင့် မှတ်ချက်ပေးခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ကလော့ပ် နေရာ အစားထိုးဖို့ နည်းပြရှာဖွေမှုကို စတင် ပြုလုပ်နေပြီဖြစ်ကာ အလွန်ဆို၊ ဒီဇာဘီ၊ […]
အီဂျစ်ဘောလုံးအဖွဲ့ချုပ်က ဆာလာကို လီဗာပူးထံ ပြန်လွှတ်ပေးရမှာ သဘောမကျပေမယ့် ဒါက အကောင်းဆုံး ရွေးချယ်စရာပါလို့ အီဂျစ်အသင်းရဲ့ ဆရာဝန်က ထုတ်ပြောလာပါတယ်။ ချယ်ဆီးအသင်းဟာ မယ်ဒယ်ဘရော့ကို ဒုတိယအကျော့မှာ ၆-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် ကာရာဘောင်း ဖိုင်နယ်ထံ တက်ရောက်သွားပါပြီ။ ဒီကနေ့ည ဖူလ်ဟမ်နဲ့ အဝေးကွင်းပွဲစဉ်ကို ကျော်ဖြတ်နိုင်ခဲ့ရင် လီဗာပူးအသင်းဟာ […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!