နံပါတ် ၆ ဝယ်ဖို့ တောင်းဆိုခြင်း၊ ဖလားအတွက် သတိပေးလာတဲ့ ဂျေးဆု၊ ဒီဇာဘီကို ချိတ်ဆက်မှု မရှိသေးခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

April 2, 2024 LFC2 0

ပရီးမီးယားလိဂ် လက်ကျန် ၉ ပွဲပဲ ကစားရတော့မယ့် အချိန်မှာ လီဗာပူးအသင်းက ချန်ပီယံဖြစ်ဖို့ ရေပန်းအစားဆုံးဖြစ်လာနေပါတယ်။ ဒါဟာ ဒီရာသီ ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းရဲ့ ရေပန်းစားမှုက မန်စီးတီး၊ အာဆင်နယ် နှစ်သင်းလုံးကို ကျော်တက်သွားတာပါ။ လီဗာပူးဘက်က ကမ်းလှမ်းရင် စပို့တင်းနည်းပြ အမ်မိုရင်းဟာ လက်ခံစကားပြောလိမ့်မယ်လို့ ပေါ်တူဂီဘက်က ဖော်ပြလာပါတယ်။ […]

နည်းပြကလော့ပ် ထောက်ခံပေးနေလို့ လီဗာပူးကို ဒီဇာဘီ ရောက်လာနိုင်ကြောင်း သတင်းတွေအတွက် ရိုမန်နို မှတ်ချက်ပေး

April 1, 2024 LFC2 0

ဒီနွေမှာ လီဗာပူးအသင်းကို နည်းပြသစ် ဘယ်သူရောက်လာမယ်ဆိုတာ စိတ်ဝင်စားနေကြကာ အမ်မိုရင်းနဲ့ ဒီဇာဘီတို့ကတော့ ရေပန်းအစားဆုံး နာမည်တွေပဲ ဖြစ်ပါတယ်။ ဘရိုက်တန်ကို ၂-၁ ဖြင့် အနိုင်ရအပြီးမှာ နည်းပြကလော့ပ်က ” ဒီဇာဘီကို ဘောလုံးလောကအား လှုပ်ခါနေအောင် ဆက်လက် သွားပါလို့ ကျနော် ပြောခဲ့ပါတယ်။ သူ့ကို ကျနော် […]

အသင်း လူပြန်စုံလာဖွယ် ရှိခြင်း၊ ဝုဗ်ခံစစ်သမား နိုရီ အသံထွက်လာခြင်း၊ အလွန်ဆို မြင်တဲ့ ရေပန်းစားအသင်းနဲ့ နံနက်ခင်း လီဗာပူးသတင်းတိုများ

March 16, 2024 LFC2 0

မိုဆာလာဟာ ၂၁ ရာစု ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း သွင်းဂိုး ၂၀ နဲ့ ဂိုးထောက်ပံ့မှု ၁၀ ကြိမ် အထက်ကို ၇ ရာသီ ဆက်တိုက် လုပ်နိုင်တဲ့ ထိပ်တန်း အကျော်အမော်တွေထဲက တစ်ဦးဖြစ်လာခဲ့ပါတယ်။ ဆာလာထက် ပိုလုပ်ပြထားနိုင်တာဆိုလို မက်ဆီ (၁၃ ရာသီ)၊ ဆွာရက်စ် […]

အပြောင်းအရွှေ့ စိတ်ဝင်စားမှုများ၊ ကလော့ပ်ရဲ့ နည်းစနစ် အပြောင်းအလဲ ချီးကျူးခံရခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းများ

March 12, 2024 LFC2 0

ထရန့်ဟာ ပြန်လည် ထူထောင်ရေး လေ့ကျင့်ရေးတွေကို စတင်နေပြီဖြစ်ကာ ဘရိုက်တန်နဲ့ ရင်ဆိုင်ရမယ့် အိမ်ကွင်းပွဲမှာ ပြန်လည် ပွဲထွက်လာနိုင်မယ်လို့ သိရပါတယ်။ လီဗာပူးနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ အီဒါဆန်ဟာ ၄ ပတ်ကြာ အနားယူရမယ်လို့ သိရပါတယ်။ သူဟာ မန်စီးတီး vs အာဆင်နယ်ပွဲအပြင် အက်စတွန်ဗီလာပွဲကိုပါ လွဲချော်မှာမို့ ဖလားပြိုင်ဆိုင်မှုမှာ […]

လီဗာပူးအသင်းနဲ့ အနာဂတ်ကို သူဘယ်လို စဉ်းစားထားလဲ ပြောပြလာတဲ့ မိုဆာလာ

March 10, 2024 LFC2 0

ဒီနွေမှာ ယာဂင်ကလောပ့် ထွက်ခွာခြင်းဟာ သူ့ရဲ့ အနာဂတ်အပေါ် သက်ရောက်မှု မရှိပါဘူးလို့ တိုက်စစ်မှူး ဆာလာက ထုတ်ပြောလာပါတယ်။ ဆာလာ၊ ဗန်ဒိုက်တို့ဟာ လီဗာပူးအသင်းမှာ ၂၀၂၅ ခုနှစ်ထိပဲ စာချုပ်ရှိတာမို့ ဒီနွေမှာ သူတို့ နှစ်ဦးရဲ့ အနာဂတ်ကို အသင်းဘက်က ဆုံးဖြတ်ရတော့မှာပါ။ သက်တမ်းမတိုးခဲ့ဘူးဆိုရင် ဒီနွေဟာ ရောင်းထုတ်ဖို့ […]

ဆာလာ၊ ဒါဝင်၊ ဆိုဘိုစလိုင်တို့နဲ့အတူ မန်စီးတီးပွဲမှာ ကလော့ပ် ထုတ်သုံးနိုင်တဲ့ ပွဲထွက် (၁၁) ဦး

March 9, 2024 LFC2 0

မနက်ဖြန်ညမှာတော့ လီဗာပူးအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုမှာ အဓိကကျတဲ့ ပွဲစဉ်အဖြစ် မန်စီးတီးကို အန်ဖီးကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ နည်းပြကလော့ပ်ဟာ အယ်လီဆန်၊ ထရန့်၊ ဂျုံး၊ ဂရာဗင်ဘက်ချ်၊ ဂျိုတာတို့ရဲ့ ဒဏ်ရာ ပြဿနာတွေကြောင့် ခေါင်းခဲစရာ အနည်းငယ် ရှိနေဆဲဆိုပေမယ့် သူ့ရဲ့ အကောင်းဆုံး လူစာရင်းကို […]

NEWS: လီဗာပူး ပိုင်ရှင်အဖွဲ့ FSG နဲ့ မိုက်ကယ်အတ်ဝပ်တို့ ဆွေးနွေးမှု စတင်။

March 8, 2024 LFC2 0

လီဗာပူးအသင်း အားကစားဒါရိုက်တာဟောင်း မိုက်ကယ်အတ်ဝပ်ဟာ FSG အဖွဲ့နဲ့ စကားပြောမှု စတင်နေပြီဖြစ်ကာ ရာထူးကြီး တစ်ခုအတွက် ညိနှိုင်းမှု ပြုလုပ်လာခြင်းလည်း ဖြစ်ပါတယ်။ မိုက်ကယ်အတ်ဝပ်ဟာ လီဗာပူးအသင်းရဲ့ ဘောလုံးဆိုင်ရာ အော်ပရေးရှင်းတွေကို အပြည့်အဝ ထိန်းချုပ်ခွင့်ရမယ့် အကြီးတန်း ရာထူး တစ်ခုကို အလိုရှိနေတာဖြစ်ပါတယ်။ ၂၀၁၆ ကနေ ၂၀၂၂ […]

သမိုင်းတွင်တဲ့ ဒါဝင် သွင်းဂိုး၊ ဒိုင်လူကြီးဟောင်းရဲ့ စွပ်စွဲချက်၊ အကောင်းဆုံးဆုရှင်နဲ့ နံနက်ခင်း လီဗာပူး သတင်းများ

March 3, 2024 LFC2 0

နော်တင်ဟမ်ဖောရက်စ်ပွဲမှာ လီဗာပူးပရိသတ်တွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ဒါဝင် နူးညက်စ်က ရရှိပါတယ်။ ဖောရက်စ်ပွဲအပြီးမှာ မာကာက ” ပွဲမပြီးသေးသ၍ မပြီးသေးပါဘူး။ ငါတို့က လီဗာပူးဘောလုံးအသင်းပါ။ ငါတို့ရဲ့ နံပါတ် ၉ ပြန်လာပါပြီ ” လို့ ကြွေးကြော်လိုက်ပါတယ်။ ကလော့ပ် လက်ထက်မှာ လီဗာပူးအသင်းဟာ မိနစ် […]

ဒီရာသီ လီဗာပူးအသင်း ဖလား ၄ လုံး ယူနိုင်မလား မေးခံရချိန် ဂျွန်စတုန်း ခါးခါးသီးသီး တုန့်ပြန်

March 2, 2024 LFC2 0

ဒီရာသီမှာ လီဗာပူးအသင်းဟာ ဖလား ၄ လုံး လမ်းကြောင်းထဲမှာ ရှိနေသေးပြီး အင်္ဂလန်သမိုင်းမှာ ဒါမျိုး ပထမဆုံး လုပ်နိုင်မယ့် ကလပ်ဖြစ်လာနိုင်ဖို့ အခွင့်အရေး ရှိနေပါတယ်။ မာဆေးဆိုဒ်ဒေသဖွား လီဗာပူးအသင်းသား ထရန့်က ရနိုင်သမျှ ဖလားအားလုံး အနိုင်ယူကာ ဒီရာသီ ဖလား ၄ လုံး အောင်မြင်နိုင်အောင် […]

NEWS: နွေစျေးကွက်မှာ အင်္ဂလန်သား ခံစစ်မှူးကို ခေါ်ယူဖို့ ကြိုးစားသွားမယ့် လီဗာပူး

February 21, 2024 LFC2 0

လီဗာပူးအသင်းဟာ ဒီနွေစျေးကွက်မှာ ခံစစ်ပိုင်းကို အာရုံစိုက်မှာဖြစ်ကာ ခံစစ်မှူးနဲ့တကွ ဂိုးသမား တစ်ဦးတို့ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ခံစစ်မှူးနေရာအတွက်တော့ လက်ရှိ ပဲလေစ့်အသင်းမှာ ကစားနေတဲ့ အင်္ဂလန်သား ခံစစ်မှူး ဂူဟီကို ဦးစားပေး ပစ်မှတ်အဖြစ် ရွေးချယ်လာတယ်လို့ လန်ဒန်သတင်းထောက် Matt Law က ဖော်ထုတ်လာပါတယ်။ အားကစားဒါရိုက်တာသစ် […]