လီဗာပူးမှာ ဆက်နေဖို့ထက် ထွက်သွားဖို့များပါတယ် ဆိုတဲ့ ဆာလာရဲ့ မှတ်ချက်ဟာ ဂယက်တွေ ထနေပေမယ့် အာနယ် ဆလော့ကတော့ သိပ်စိတ်မဝင်စားပါဘူး။ အာနယ် ဆလော့အတွက်ကတော့ ရောက်လာနေတဲ့ ပွဲတွေမှာ အကောင်းဆုံးရလဒ် ထွက်ပေါ်ရေး အကောင်းဆုံး လူစာရင်းနဲ့ စွမ်းဆောင်ရည်က အဓိကဖြစ်ဟန် တူပါတယ်။ ဆာလာနဲ့ပတ်သက်တဲ့ မေးခွန်းအတွက် “ […]
ဒီအပတ် အန်ဖီးကွင်းမှာ လီဗာပူးကို ရင်ဆိုင်ရမယ့် ပွဲမတိုင်ခင် မန်စီးတီးဟာ ၅ ပွဲဆက် ရှုံးနိမ့်နေမှုကို အောင်မြင်စွာ ရပ်တန့်သွားနိုင်ပါပြီ။ မနက်က ချန်ပီယံလိဂ်ပွဲမှာ မန်စီးတီးအသင်းဟာ ဖီယင်နုကို ၃-၃ သရေကျသွားပါတယ်။ လီဗာပူးကို ရှုံးသွားရင် ၁၁ မှတ်ပြတ်သွားပြီနော် ချန်ပီယံစိန်ခေါ်မှု အစောကြီး အဆုံးသွားတော့မလား မေးခံရချိန် […]
ဗုဒ္ဓဟူးနေ့ည လီဗာပူးပွဲကြိုမှာ စပိန်မီဒီယာတွေကတော့ အန်ဖီးကလပ်ကို လေးစား အထင်ကြီးတဲ့ သတင်းဆောင်းပါးတွေ ဝေဝေဆာဆာ ဖော်ပြနေပါတယ်။ ဒီနှစ်တွေအတွင်း လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ရေစက်တွေများခဲ့ပြီး မာဆေးဆိုဒ်ကလပ်က အမြဲတမ်း အနိုင်ယူခံနေခဲ့ရတာပါ။ ဒါပေမယ့် ဥရောပသမိုင်းကြောင်းကြီးတဲ့ ဒီနှစ်သင်းဟာ အတိတ်မှာတော့ အပြန်အလှန် အနိုင်ယူမှုတွေ ရှိခဲ့ဖူးပါတယ်။ ၂၀၀၉ ခုနှစ်တုန်းက […]
လီဗာပူးအသင်းရဲ့ အရေးကြီးပွဲစဉ်တွေလာမယ့် အခိုက်အတန့်ကြီးရောက်မှ စာချုပ်ကိစ္စဖြင့် အသင်းတွင်း မငြိမ်မသက်ဖြစ်စေတဲ့ ဆာလာကို တစ်ကိုယ်ကောင်းမဆန်ဖို့ ကာရေဂါက စကိုင်းစပေါ့ကနေ သတိပေးပါတယ်။ နွေမှာ သက်တမ်းကုန်မယ့် ထရန့်၊ ဗန်ဒိုက်၊ ဆာလာတို့ကို စာချုပ်သစ် သက်တမ်း တိုးနိုင်ခြင်း မရှိကတည်းက တစ်ရက်မှာ ဒီလိုကိစ္စတွေဖြစ်လာနိုင်မယ် ကြိုတွက်ခဲ့ကြကာ အချိန်အခါကောင်းမှ ထဖြစ်လာခဲ့ပါတယ်။ […]
မိုဆာလာရဲ့ စာချုပ်ကိစ္စ စိတ်ပျက်ကြောင်း ထုတ်ပြောမှုဟာ ဂယက်ကြီးတွေ ထနေခဲ့ပြီဖြစ်ကာ တကယ့်ပွဲကြီးတွေ လာနေချိန်မှာ ထပြောခြင်းကြောင့် အီဂျစ်သားက တစ်ကိုယ်ကောင်းဆန်လွန်းတယ်လို့ ကာရေဂါတို့ စတင် ဝေဖန်နေပါပြီ။ မာဆေးဆိုဒ်သတင်းထောက် အချို့ကတော့ ဆာလာဟာ ရီးရဲလ်နဲ့ မန်စီးတီးတို့လို ပွဲကြီးတွေ အနီးမှာ ဘောလုံးလောကကြီးက သူ့ကို အာရုံစိုက်လာအောင် စာချုပ်ကိစ္စ […]
အပျိုးတွေ ရေးမနေတော့ပါဘူး။ လိုရင်းပဲ ပြောပါမယ်။ ဆောက်သမ်တန်ပွဲအပြီးမှာ ဆာလာက စာချုပ်ကိစ္စ ကြာနေတာ သူ့အတွက် အဆင်မပြေဘူးလို့ အင်္ဂလန်သတင်းထောက်တွေထံ ထုတ်ပြောပါတယ်။ သူ ဘာပြောလဲ အရင်ဖတ်ကြည့်ပါ။ ဆာလာက “ ဒီဇင်ဘာတောင် ရောက်လုနေပါပြီ။ အခုချိန်ထိ အသင်းဘက်က ကမ်းလှမ်းလာတာမျိုး ကျနော် မရသေးပါဘူး။ ကျနော် […]
ဆောက်သမ်တန်ကို ဆာလာရဲ့ ကောင်းမွန်တဲ့ ခြေစွမ်းတွေဖြင့် အနိုင်ရအပြီး LFCThaDin ဖတ်ရှုသူတွေနဲ့အတူ စကားစမြည်း ပြောစရာလေးတွေ လုပ်ချင်ပါတယ်။ ကံကောင်းခဲ့တဲ့ ဆောက်သမ်တန် ဒီပွဲမှာ ဆောက်သမ်တန် ဂိုးသမား အတော်လေး ကောင်းခဲ့သလို စိန့်ဘက်က နောက်ထပ် ကံကောင်းတဲ့အခိုက်အတန့်တွေလည်း ရှိခဲ့ပါတယ်။ တစ်ခုက လယ်လာနာဟာ ပြင်းထန်စွာနာကျင်စေမှုကြောင့် အနီကဒ် […]
ဆောက်သမ်တန်ကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ၈ မှတ်ထိ ဖြတ်ထားနိုင်ခြင်းဟာ သာယာပျော်ရွှင်နေရမယ့် အနေအထား မဟုတ်ဘူးလို့ အာနယ် ဆလော့က ပြောပါတယ်။ အခုမှ ပရီးမီးယားလိဂ်ပွဲ ၁၂ ပွဲပဲ ကစားရသေးကာ လီဗာပူးအသင်းဟာ မန်စီးတီး၊ စပါးတို့လို ပြိုင်ဘက်တွေကို ရင်ဆို်င်ရဦးမှာပါ။ ပြိုင်ဘက်တွေထက် နိုင်ပွဲနည်းနည်း […]
ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အပြီးမှာ လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ဖြတ်ပြီး လိဂ်အား ပြတ်ပြတ်သားသား စတင် ဦးဆောင်နေပြီဖြစ်ပါတယ်။ ဆောက်သမ်တန်ပွဲမှာ ပွဲချိန် မိနစ် ၇၀ ကစလို့ လီဗာပူးအသင်း ခြေပဂိုးသွင်းတဲ့ ၈၂ မိနစ်အထိ စိန့်အသင်းကစားသမားတွေဟာ ဘောလုံး တစ်ချက်တောင် […]
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂ အဖြစ် ဆောက်သမ်တန်ကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ ၃-၂ ဖြင့် အနိုင်ရခဲ့ကာ အမှတ်ပေးဇယားကို ၈ မှတ်ဖြတ်သွားပြီဖြစ်ပါတယ်။ လီဗာပူးအသင်းကို နှစ်ရှည်လများ အားပေးခဲ့သူတစ်ဦးအနေနဲ့ ဒီပွဲအတွက် ခံစားချက်ကို ပြောရမယ်ဆိုရင် အသင်းဟာ လိုအပ်ချက် သိပ်များပါတယ်။ သေချာပေါက် […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!