ဒီကနေ့ညမှာ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲအဖြစ် ဆောက်သမ်တန်အသင်းကွင်းထံ သွားပြီး အဝေးကွင်း ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ Team news ဗန်ဒိုက် ပွဲထွက်နိုင်မှာဖြစ်ပါတယ်။ အယ်လီဆန်၊ ဂျိုတာတို့ စိန့်ပွဲကော မက်ဒရစ်ပွဲပါ လွဲပါမယ်။ ထရန့်လည်း ၂ ပွဲလုံး လွဲဖွယ်ရှိပါတယ်။ ဟာဗေးကတော့ စိန့်ပွဲ ပွဲနေ့လူစာရင်းထဲ ပါလာပါမယ်။ […]
အာနယ် ဆလော့ကတော့ ပရီးမီးယားလိဂ် ရာသီအစောပိုင်းမှာတင် လီဗာပူးအသင်းက ဇယားထိပ်ရောက်နေခြင်းအတွက် ပိုင်ရှင်တွေထံက ထူးပြီး ဂုဏ်ပြုပေးတာမျိုး မရှိပါဘူးလို့ တုန့်ပြန်လာပါတယ်။ နည်းပြအပြောင်းအလဲမှာ ဘယ်သူမှ မထင်ထားကြပေမယ့် အာနယ် ဆလော့ရဲ့ အသင်းက ဇယားထိပ်ကို ၅ မှတ်ထိ ဖြတ်ထားနိုင်တာပါ။ ဒီအနေအထားအပေါ် အထက်က ပုဂ္ဂိုလ်တွေရဲ့ တုန့်ပြန်ချက် […]
ဒီကနေ့ည ဆောက်သမ်တန်ကို အဝေးကွင်းမှာ အနိုင်ရမယ်ဆိုရင် လီဗာပူးအသင်းဟာ ဒုတိယနေရာက မန်စီးတီးကို ၈ မှတ်ထိ ဖြတ်ထားနိုင်မှာဖြစ်ပါတယ်။ စနေနေ့ညကပွဲမှာ မန်စီးတီးတို့ စပါးကို ၄-၀ ဖြင့် အရေးနိမ့်ခဲ့တာကြောင့် ဖလားပြိုင်ဆိုင်မှုထဲ အာဆင်နယ်အသင်း ပြန်ဝင်လာဖို့ အခွင့်အရေးဖြစ်သလို ဒီနှစ်က အာဆင်နယ်နှစ်လို့ ဂယ်ရီနဗီးက စကိုင်းစပေါ့ကနေ ခန့်မှန်းချက် […]
ကလော့ပ် လက်ထက် နာမည်ကြီးခဲ့တဲ့ အပြောင်းအရွှေ့ ကိစ္စတစ်ခုကတော့ ဂျာမာန်သား ဂေါ့ဇီရဲ့ လီဗာပူးထံ ပြောင်းလာဖို့ ငြင်းပယ်ခဲ့တဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ၂၀၁၆ နွေစျေးကွက်မတိုင်ခင်မှာ ကလော့ပ်ဟာ သူ့ရဲ့ တပည့်ကျော် ဂေါ့ဇီကို အင်္ဂလန်ကို ပြောင်းလာဖို့အား နေအိမ်ထိဖိတ်ကာ စည်းရုံးခဲ့ပါတယ်။ ဒါပေမယ့် ဆုဖလားကြီးတွေ အောင်မြင်လိုစိတ်နဲ့ […]
ပရီးမီးယားလိဂ်ဖလား အကြောင်း စကားပြောမှာ မဟုတ်ဘဲ လာမယ့်ပွဲအကြောင်းပဲ စကားပြောမယ်လို့ အာနယ် ဆလော့က ဆိုပါတယ်။ ပရီးမီးယားလိဂ်မှာက ရမှတ်ဆိုတာဟာ အချိန်မရွေး အပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ သူက မှတ်ချက်ပေးပါတယ်။ ရေတိုကို အဓိက အာရုံစိုက်မယ်လို့ ကြွေးကြော်ထားတဲ့ နည်းပြဆလော့ကတော့ မန်စီးတီး၊ ရီးရဲလ်တို့ကို ဆက်တိုက်ရင်ဆိုင်ရမှာမို့ ဆိုပြီး ဆောက်သမ်တန်ပွဲ […]
ဆောက်သမ်တန်ပွဲကြို လီဗာပူးအသင်းရဲ့ ဒဏ်ရာရ ကစားသမားများ အခြေအနေအတွက် အာနယ် ဆလော့ရဲ့ သတင်းပေးမှုတွေပဲ ဖြစ်ပါတယ်။ ဗန်ဒိုက် – ဗန်ဒိုက်အခြေအနေ အားလုံးကောင်းတယ်။ ဒီနေ့ သူ အသင်းနဲ့အတူပဲ လေ့ကျင့်ရေးဆင်းပါမယ်။ ထရန့် – ထရန့် အခုချိန်ထိ အသင်းနဲ့လေ့ကျင့်ရေး မဆင်းနိုင်သေးဘူး။ ဒါပေမယ့် သူ […]
နိုင်ငံတကာသီတင်းပတ်အတွင်း လီဗာပူးအသင်းရဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေထဲမှာတော့ မြင်ရခဲ့တဲ့ ပစ်မှတ်မျိုးတွေ ပါဝင်လာကြောင်း သတင်းထောက်အချို့က ထုတ်ပြောလာပါတယ်။ လီဗာပူးအသင်းဟာ FSG လက်ထက် အအောင်မြင်ဆုံးနည်းပြဖြစ်သူ ယာဂင်ကလော့ပ် လက်ထက်မှာတုန်းက ရေရှည်စီမံချက်တွေကိုပဲ ဦးစားပေးလေ့ရှိတာပါ။ အသင်းဟာ အနာဂတ်အတွက် ရည်ရွယ်တဲ့ တက်သစ်စ လူငယ်ကြယ်ပွင့်တွေကိုပဲ ဦးစားပေး ခေါ်ယူလေ့ ရှိခဲ့ပါတယ်။ […]
၂၀၂၅ ခုနှစ် ဘလွန်းဒီအောဆုအတွက် ရေပန်းစားစာရင်းမှာ လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ကို ကျော်ပြီး မိုဆာလာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ မိုဆာလာ၊ ဗန်ဒိုက်၊ ထရန့်တို့ကို စာချုပ်သစ်ပေးနိုင်ရေး လီဗာပူးဘက်က အပြင်းအထန် အားထုတ်နေတယ်လို့ စီအီးအိုဟောင်း ပီတာမိုးက ထုတ်ပြောသွားပါတယ်။ သူတို့ ၃ ဦးထဲက ဗန်ဒိုက်ဟာ လီဗာပူးအသင်းနဲ့ […]
လီဗာပူးအသင်းဟာ ထရန့်၊ ဆာလာ၊ ဗန်ဒိုက်တို့ ၃ ဦးကို သက်တမ်းတိုးနိုင်ရေး ကြိုးစားနေပြီး မီဒီယာတွေမှာ ပွက်လောရိုက်နေပေမယ့် အတွင်းကျကျ ကိစ္စတွေကို ဘယ်သူကမှ ဖော်ထုတ်လာနိုင်ခြင်း မရှိသေးပါဘူး။ သူတို့ ၃ ဦးထဲမှာ ဗန်ဒိုက်ကတော့ ဆက်နေမယ်လို့ ယူဆရပြီး စာချုပ်ကိစ္စ စကားပြောနေကြောင်း ခံစစ်မှူး ကိုယ်တိုင်က […]
လီဗာပူးအသင်းဟာ ဒီတလော ပြင်သစ်တိုက်စစ်သမား ယိုင်ရန် ရှာကီဖြင့် အပြောင်းအရွှေ့ သတင်းတွေ ထွက်ပေါ်လို့နေပါတယ်။ အသက် ၂၁ နှစ်အရွယ် ပြင်သစ်သား တိုက်စစ်သမားဟာ တောင်ပံတွေမှာ အားသန်သူဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်အရကော လိုင်ယွန်အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေအရပါ လီဗာပူးဘက်က အလေးအနက် စိတ်ဝင်စားလာတာလို့ RMC Sport […]
Copyright © 2025 | WordPress Theme by MH Themes
error: Content is protected !!